Monday 26 August 2013

မင်းဘယ်တော့မှ မအိုဘူး....။ မအိုဆေးကွ.......။

Today Myanmar
ကျန်းမာရေးအတွက် အကောင်းဆုံးက ဘာလဲ?

“ထမင်း ကို အသားဟင်း နဲ့ စားမယ်.....”
--ကယ်မီကယ် ပါတယ်...၊ နောက်ပြီး ကင်ဆာဖြစ်မယ်.....

“ဒါဆို အသီးအရွက် နဲ့ စားမယ်......”
--ပိုးသတ်ဆေးတွေဖြန်းထားတယ်........

“ငပိ နဲ့ စားမယ်ဗျာ........”
--ယူရီးယား ဓါတ်မြေသြဇာ ထည့်ထားတယ်......

“ဒီလိုဆို.. ထမင်းဖြူ ပဲစားတော့မယ်ဗျာ......”
--တစ်နပ်လျှော့စား..... အကြွေး ဆပ်ဖို့စဉ်းစားထား.........

“ဟ...ဒါဖြင့်...အန္တရာယ်ကင်း ကြီးထွားအောင် နွားနို့ သောက်မယ်ဗျာ....”
--မယ်လမင်းတွေပါတယ်.... သေသွားမယ်........

“ဒါဆိုရင်တော့... ရေသန့်သောက်ပြီး ဗိုက်မှောက်နေတော့မယ်...ဗျာ....
--နင့်အဘ ရေသန့်တွေက သန့်ပါတယ်...၊ ပိုးမပါဘူး..၊ PH7 စစ်ပါတယ်လို့...ဘယ်သူအာမခံလို့လဲ...၊ ပိုက်ဆံပေးရင် PH7 လက်မှတ်ရပြီးသား.....။

“ဒီလိုဆို... ဘာသောက် ရမှာလဲ.... အငတ်ခံပြီး နေရမှာလား....?”

ဟ... မင်းဒီလောက် 'အ'ရသလားကွ....၊ တစ်နိုင်ငံလုံးမှာ အပေါများဆုံး ပြီးတော့.... နိုင်ငံကျော်... ကမ္ဘာကျော်.. ရွှေတံဆိပ်တွေ ရထားတဲ့ အရက်တွေ..၊ ဘီယာတွေ... သောက်ပေါ့ကွ....။
မင်းဘယ်တော့မှ မအိုဘူး....။ မအိုဆေးကွ.......။

“တိန်....”

Ko Nay Myo

No comments:

Post a Comment