Friday 23 August 2013

တောက်ခေါက်သံ { ၁၀ } ချက်



Today Myanmar
{ ၁ } ငယ်စဉ်ကလျှင် ပညာသင် မသင်နောင်တ တောက်ခေါက်ရ ။

{ ၂ } စီးပွားဥစ္စာ ရှာချိန်မှာ မရှာနောင်တ. တောက်ခေါက်ရ ။

{ ၃ } နှစ်ဦးချစ်ခြင်း. ဖြိုဖျက်ခွင်း မယွင်းနောင်တ. တောက်ခေါက်ရ ။

{ ၄ } သတ်ပုတ်ညှင်းဆဲ. ထိုသူလဲ မလွဲနောင်တ. တောက်ခေါက်ရ ။

{ ၅ } သူ့ကြင်မယား လွန်ပြစ်မှား ကြီးမားနောင်တ. တောက်ခေါက်ရ ။

{ ၆ } ဥစ္စာပေါသူ မပေးလှူ ထိုသူနောင်တ တောက်ခေါက်ရ ။

{ ၇ } မိဘကိုပင် မကြွေးချင် သေလျှင်နောင်တ. တောက်ခေါက်ရ ။

{ ၈ } မိဘစကား ပစ်ပယ်ရှား. ကြီးမားနောင်တ. တောက်ခေါက်ရ ။

{ ၉ } သူကောင်းကျမ်းတတ် မဆည်းကပ် မှတ်လေနောင်တ. တောက်ခေါက်ရ ။

{ ၁၀ } ကုသိုလ်ကောင်းမှု. ဘာတစ်ခု မပြုနောင်တ တောက်ခေါက်ရ ။

** တောက်ခေါက်ခြင်း { ၁၀ } ပါးမှ .. တောက်လျှောက် ကင်းဝေးကြပါစေ ။

- ကြည်လင်သော မေတ္တာဓာတ်ဖြင့် ..


-ဦးကျော်ကျော်စိုး

No comments:

Post a Comment