Today Myanmar
အမှည့်လွန်နေတဲ့ငှက်ပျောသီး တွေကို လွှတ်ပစ်တော့မလို့လား။ နေပါဦး ဒီမှာ အဲဒီအမှည့်လွန် ငှက်ပျောသီးတွေကို အကျိုးရှိစွာ သုံးနိုင်မယ့်နည်းတစ်ခုကို ပြောပြမလို့။
ငှက်ပျောသီးဟာ ရေဓာတ်
ပြည့်ဝစွာပါဝင်တဲ့အတွက် မျက်နှာအသားအရေခြောက်တတ်တဲ့သူတွေ အတွက်
အလွန့်အလွန်ကောင်းတဲ့ moisturizer တစ်မျိုးပါ။
ငှက်ပျော သီးအမှည့်လွန်တွေဟာ
အရေပြားခြောက်သွေ့မှုကို လျော့နည်းစေရုံသာမက အရေပြားထဲမှာ ရေဓာတ်ကို ကြာရှည်စွာ
ထိန်းသိမ်းထားနိုင်ရန်လည်း ကူညီပေးပါတယ်။
အဲဒီတော့ အမှည့်လွန်ငှက်ပျောသီးတွေနဲ့
မျက် နှာပေါင်းတင်ကြရအောင်။ လုပ်တဲ့ နည်းကတော့ လွယ် လွယ်လေးပါ။ သန့်စင်တဲ့
ပန်းကန်လုံးတစ်ခုရှာပါ။ အမှည့်လွန်နေတဲ့ ငှက်ပျောသီးအချို့ ကို ချေလိုက်ပါ။
ပြီးနောက် ပျားရည် အနည်းငယ် ထည့်ပါ။ ဒိန်ချဉ် လက်ဖက်ရည်နှစ်ဇွန်းခန့် ထည့်
ပါ။ ပြီးရင် အားလုံး ကြေညက်သွားသည်အထိ ချေပေးပါ။
အဲဒီနောက်မှာ မျက်စိတစ်ဝိုက်ကို
ချန်ထားပြီး မျက်နှာနဲ့ လည်ပင်းတစ်ဝိုက်ကို လိမ်းပါ။ ၁၅မိနစ်၊ မိနစ် ၂၀ ခန့်ထားပါ။
ပြီးတဲ့နောက်ရေဆေးချပါ။ တကယ်လို့ ရေဓာတ်ဖြည့်တင်းစေရုံသာ မဟုတ်ဘဲ ဆဲလ်အသေ တွေပါ
ဖယ်ရှားပစ်လိုတယ် ဆိုရင်တော့ ယင်းအ နှစ်ထဲကို oats အုပ်စပါးနည်းနည်း ထည့်လိုက်ပါ။
၎င်းက သင့်မျက်နှာ ရဲ့ဆဲလ်အသေတွေကို
ဖယ်ရှားပစ် နိုင်ရုံသာမက သင့်မျက်နှာရဲ့ဖြူစင် ဝင်းပမှုကို ကြာမြင့်စွာထိန်းပေးထား
ပါလိမ့်မယ်။
မိုင်ကိ
No comments:
Post a Comment