Saturday 27 July 2013

“အဝေးဆုံး” မောင်စိန်ဝင်း(ပုတီးကုန်း)



“အဝေးဆုံး”

*အနော်မာ ကမ်းမှာတော့

ယသော်ဓရာ လွမ်းကျန်ခဲ့မယ်။


*ပြန်လှည့်ကာ အသွားမဖျက်ပါရစေနဲ့

ကဏ္ဍက ဖွားဖက်တော်ရယ်။


*ချစ်တာသိပေမယ့်

“သစ္စာ” ရှိရာ ရှေ့လမ်းပေမို့

မေ့စတမ်းကွယ် တာရှည်ကြည့်

ပါရမီဖြည့် ကျန်ပါကွယ်

သံသရာနယ်က ရုန်းလို့အထွက်။


*ကြာချည်လှပ် လွမ်းတုန်းမှာပဲ

ယာယီဇာတ် တစ်ခန်းဆုံးပြီပေါ့

ပန်းကုံးနှယ် သစ္စာဆင်ဖို့ ခရီးသွားမှာမို့

စည်းခြားကျန် မျှော်..မျှော်..ကာနဲ့

ယသော်ဓရာ တစ်သက်လွမ်းစေမယ့်

အနော်မာ တစ်ဖက်ကမ်းကို

(ကဏ္ဍကရယ်)

လှမ်းတော့ သွက်သွက်။

မောင်စိန်ဝင်း(ပုတီးကုန်း)

No comments:

Post a Comment