Monday 29 July 2013

ဘယ်လိုလူတွေကို အဆုတ်ကင်ဆာရှိ၊မရှိ ကြိုတင်စစ်ဆေးသင့်သလဲ



အဆုတ်ကင်ဆာဟာ ဆေးလိပ်သောက်သူတွေမှာ အဖြစ်များတယ်။ အသိ နောက်ကျလေ့ရှိတယ်။ စောစောစီးစီး သိလို့ ခွဲစိတ် ကုသလိုက်နိုင်ရင် လုံးဝပျောက်ကင်း သွားနိုင်တယ် ဆိုတာ အများကြားဖူးနေမှာပါ။ ဒီတော့ ငွေကြေးချမ်းသာတဲ့ နိုင်ငံများမှာ အဆုတ် ကင်ဆာရောဂါကို ကြိုတင် ရှာဖွေစစ်ဆေးဖို့ အကြံပြုလက်ခံထားတဲ့ အချက်တွေ ရှိပါတယ်။
 
ရောဂါကို ကြိုတင်ရှာဖွေ စောင့်ကြည့်နေခြင်အားဖြင့် ကင်ဆာကို စောစောကြိုသိနိုင်မယ်။ ကုသမှုတွေ စောစောပေးနိုင်မယ်။ အသက်ပိုရှည်ဖို့ လမ်းလည်း ပိုများနိုင်တယ်ပေါ့။
အသက် ၅၅နှစ်မှ ၇၄နှစ်အတွင်း ပျမ်းမျှ ဆေးလိပ် အလိပ် ၂၀နဲ့ နှစ် ၃၀လောက် သောက်ခဲ့သူ၊ ဆေးလိပ်ဖြတ်ပြီးသော်လည်း ၁၅ နှစ်မကျော်သေးသူ များကို ကွန်ပြူတာဓာတ်မှန်နဲ့ အဆုတ်ကို သုံးနှစ်တစ်ခါ ရိုက်ကြည့်ခြင်းဟာ ရိုးရိုး ရင်ဘတ်ဓာတ်မှန်ရိုက်တာထက် ကင်ဆာကို စောစောစီးစီး ဖမ်းမိနိုင်တယ်လို့ သုတေသနများအရ တွေ့ရပါတယ်။
 

ရိုက်သင့်ရိုက်ထိုက်တဲ့ သူများကို ရင်ခေါင်းကွန်ပြူတာဓာတ်မှန် သုံးနှစ်တစ်ခါ ရိုက်ကြည့်စေခြင်းဖြင့် အဆုတ်ကင်ဆာကြောင့် သေဆုံးနိုင်မှု အလားအလာကို ၈၈%အထိ လျော့ချနိုင်လိမ့်မယ်ဖြစ်ကြောင်း တွက်ချက်တိုင်းတာမှုများအရ သိရပါကြောင်း။

Ref: Who to screen for lung cancer BMJ.htm

No comments:

Post a Comment