Friday 26 July 2013

ဆေးလောကဟာသများ







တစ်နေ့သော် ဆေးခန်းသို့ အသက် ၂၀ ခန့်ရှိ သားသားနားနား လူငယ်တစ်ဦး ဆေးခန်းလာပြသည်။ ချောင်းတွေလဲ တဟွတ်ဟွတ်ဆိုးနေသည်။ နေမကောင်းဖြစ်တာ အတော်ကြာပြီ ဆို၏။

“ နာမည် ပြောပါ”

“ မောင်ပြေသိမ်း ပါဆရာ”

“ အေးဗျ ခင်ဗျား အဆုတ်မှာချွဲသံ တွေနဲ့ ဘာမှ ပီပီပြင်ပြင် မကြားရဘူး ပြတ်တိပြတ်တောင်းနဲ့ ပြီးတော့ အသံတွေက တက်လိုက် ကျလိုက်နဲ့ မမှန်ဘူး ခင်ဗျားယူလာတဲ့ ဓါတ်မှန်ကို ကြည့်ရတာလဲ အပေါ်ပိုင်းက ၀ါးတားတား အလယ်က ပြတ်တိပြတ်တောင်း အောက်ပိုင်းက ဆိုးဆိုးရွားရွားပဲဗျ အဆုတ်တွေက ပုံမှန် အလုပ်မလုပ်ကြဘူး ထင်တယ်”

“ ပုံမှန် အလုပ်မလုပ်တာက မွေးကတည်းက လို့ ပြောကြတာပါပဲ ဆရာရယ်”

“ သြော် ဒီလိုလား ကဲကဲ ရှိစေတော့ နောက်ကို အလုပ် ပင်ပင်ပန်းပန်းတွေ မလုပ်ဘဲ သက်တောင့်သက်သာ နားနေဖို့လိုမယ်ဗျ”

“ နားဆို ကျွန်တော်က မွေးကတည်းက ဘာအလုပ်မှ မလုပ်တာ ဆရာရဲ့ေိေိ”

“ တိန်”

“ ကဲကဲ လိုအပ်တာတွေ အကုန်လုပ်ပေးလိုက်မယ် ဆေးဝယ်သောက် ဒါနဲ့ စာရင်းသွင်းချင်လို့ နာမည်လေး တဆိတ်ပြန်ပြောပါအုံး”

“ မောင်ပြေသိမ်းလေ ဆရာ မမှတ်မိရင်လဲ အတိုကောက် MPT လို့ပဲ မှတ်လိုက်ပါတော့”

သြော် မောင်ပြေသိမ်း မောင်ပြေသိမ်း မွေးကတည်းက ဘာအလုပ်မှ မလုပ်ဘဲနဲ့ သူ့ခမျာ အတော်ချူချာတာပဲကွယ်ရို့ လို့တွေးရင်းသာ ကျန်ခဲ့လေတော့သည်

Written By ကိုပွ

No comments:

Post a Comment