Tuesday 23 July 2013

နန်းမတော် မယ်နု

နန်းမတော် မယ်နု
သားကြီး-မင်း face-book မှ share ယူလာသော Khin Aye Nge face-book ကူးယူဖော်ပြပါသည်။

ဟိုးလွန်ခဲ့သော နှစ်ပေါင်း ၁၈၀ ကျော် အတိတ် တစ်ချိန်က အင်းဝပြည့်ရှင် ရှင်ဘုရင့် အချစ်တော် မိဖုရားဖြစ်ခဲ့စဉ် အင်းဝတစ်နိုင်ငံလုံး နု ဆိုတဲ့ စကားလုံးကိုတောင် ပြည်သူများ သုံးစွဲခွင့် မရှိခဲ့ပါဘူး ။၊ နုနု ထွဋ်ထွဋ် ဆိုတဲ့ စကားလုံး အစား အိအိ ထွဋ်ထွဋ် လို့သာ သုံးနှုံးရမယ် လို့ ကြားသိ မှတ်သားဖူးခဲ့တယ်။
မကျည်းရွက်နု ဆိုတာတွေက အစပေါ့ ။

အဲဒီလောက်အထိ အတ္တကြီး မာန် မာန ခက်ထန်ကာ သြဇာအာဏာ ကြီးမားခဲ့တဲ့ မိဖုရားဟာ တစ်နေ့မှာတော့ မိမိရဲ့အတ္တ မာန် မာနတွေကြောင့်ပဲ ရှင်ဘုရင်ရဲ့ အမျက်တော်ရှကာ သေဒဏ်ပေးခြင်း ခံခဲ့ရပါတယ် ။ တကယ်တော့ အတ္တ မာန် မာနဆိုတာ လက်ရှိ ဘ၀ကို သာမက နောင်သံသရာ ဘ၀များကိုပါလိုက်ပြီး လောင်းကျွမ်း ပျက်ဆီးစေတယ် ဆိုတာကို သတိပြုမိ စေချင်တာပါပဲ ။

မှန်ကင်း ဆိုတာတွေကလည်း တစ်နေ့မှာ ထင်း ဖြစ်သွားကြရတာပါပဲ ။
လူ့ ဘ၀တွေ အတွက် သံဝေဂ ယူစရာ ၊ အတု့ ယူစရာ သင်္ခန်းစာတွေပါ ။
နန်းမတော် မယ်နုက သက်သေပြခဲ့ပြီပဲ မဟုတ်ပါလား ။

နန်းမတော် မယ်နု ခြေရာများ
- - - - - - - - - - - - - - - -
မယ်နု အုတ်ကျောင်းဟု ထင်ရှားသော မဟာအောင်မြေဘုံစံ ကျောင်းတော်ကြီးကို ၁၈၂၂ ခုနှစ်တွင် ဘကြီးတော်မင်းတရားကြီး၏ မိဖုရားခေါင်ကြီးဖြစ်သော မယ်နုက ညောင်ကန်ဆရာတော် ဦးပို အား တင်လှူပူဇော်ခဲ့သည်။ ဆရာတော် ဦးပို ပျံလွန်တော်မူသောအခါ ဆရာတော် ဦးဗုဓ် အား ထပ်မံ လှူဒါန်းခဲ့သည်။

၁၈၃၈ ခုနှစ်တွင် ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသော်လည်း နန်းမတော် မယ်နု၏ သမီးဖြစ်သော မင်းတုန်းမင်းကြီး၏ မိဖုရားလည်းဖြစ်သော ဆင်ဖြူမရှင် မိဖုရားက ပြန်လည်ပြင်ဆင်ခဲ့ပါသည်။

မဟာအောင်ပြေဘုံစံကျောင်း ( မယ်နုအုတ်ကျောင်း )
- - - - - - - - - - - - - - - - - - - - - - - - - - - - -
နန်းမတော် မယ်နု ဆောက်လုပ် လှူဒါန်းခဲ့သော မဟာအောင်ပြေဘုံစံကျောင်းခေါ် မယ်နုအုတ်ကျောင်း သည် ဇေတ၀န်ဆောင်နှင့် ပြသာဒ်ဆောင်ပါဝင်သော သစ်သား ဘုန်းတော်ကြီးကျောင်းနှင့် သဏ္ဍာန်တူအောင် တည်ဆောက်ထားပြီး လက်ရာမြောက်သော ကုန်းဘောင် ခေတ်နှောင်းပိုင်း ပန်းရံ ပန်းပု ပန်းတမော့ စသော မြန်မာ့ ဗိသုကာ လက်ရာများဖြင့် ယနေ့ ထက်ထိတိုင် ထင်ရှားကျော်ကြား နေပါတော့သည်။ ။

Photo by - NyanLayThain ( ShweDarMyay)

No comments:

Post a Comment