Tuesday 30 July 2013

Look, See, Watch နေရာမှန် အသုံးပြုခြင်း

Myanmar Online News Tuesday, July 30, 2013
တော်တော်များများ ဒါကို မှားသုံးကြပါတယ်။ သိနေပေမယ့်လည်း သတိလက်လွတ်ပြောဆို ရေးသား အသုံးပြုမှုကြောင့် Look, See, Watch က နေရာမှန်ကို မရောက်နိုင်သေးပါဘူး။ အလွယ်ကူဆုံး ရှင်းပြပါမယ်။

Look - အကြောင်းပြချက် တစ်ခုခုအတွက် ကြည့်ရှုခြင်း ဖြစ်ပါတယ်။

ဥပမာ - Look at that strange man/ Look at the pictures I took on holiday. I am looking for my mother.

See - အကြောင်းပြချက် မရှိသော်လည်း အမြင်ရှေ့ ရောက်လာသည်ကို ကြည့်ရှုခြင်း ဖြစ်ပါတယ်။ သူက နည်းနည်း ရုတ်တရက် ဆန်ပါတယ်။ မျော်လင့်မထားတဲ့ အရာမျိုးကို မြင်တဲ့အခါကျ See ကို သုံးပါတယ်။

ဥပမာ - ‘Did you see that bird? – I wasn’t looking for it, it just appeared.
‘I saw you driving to work today.’

Watch - အာရုံစူးစိုက်စွာ ကြည့်ရှုခြင်း။ (အထူးသဖြင့် ရွှေ့ လျားနေသာ အရာများ) ဖြစ်ပါတယ်။ သူကို ဘယ်မှာသုံးတယ်ဆိုတာ သိကြမှာပါ။

Watch TV မှာဆိုရင် တီဗီက မရွေ့ ပါဘူး။ သို့ပေမယ့် တီဗီထဲက ရွေ့ လျားနေတဲ့ ပုံရိပ်များကို ကြည့်ရှုနေခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ I am seeing TV လို့ သုံးလိုက်ရင် တီဗီကပဲ ရုတ်တရက် ကိုယ့်နားပဲ ဖြတ်ပြန် သွားသလားလို့ အဓိပ္ပါယ် သက်ရောက်ပါလိမ့်မယ်။

အသုံးမှားများ

I watched the bird. (မှားတယ်လို့ မဆိုနိုင်ပါဘူး။ ငှက်ကို စောင့်ကြည့် ပေးတယ်လို့ အဓိပ္ပါယ်သက်ရောက်သွားစေမှာပါ။)

I see the picture. (ပန်းချီကားကို ဖြတ်ကနဲ မြင်တဲ့ အဓိပ္ပါယ်မျိုး သက်ရောက်ပါတယ်။

I am looking for the movie. (ပျောက်နေသော ရုပ်ရှင်ကို ရှာသလို အဓိပ္ပါယ်သက်ရောက် သွားစေပါတယ်)


-
အောင်ခမ်း (ရိုးရာလေး)

http://www.yoyarlay.com/book/article/36862-look-see-watch

No comments:

Post a Comment