Friday 26 July 2013

၁။ " မေးရဲ မေးကြည့်"။ ၂။ "ဖွေရှာသူ မောလို့ ငိုရလိမ့်မယ်" ၃။"ကံသီပေလို့"


Myanmar Online News 
Friday, July 26, 2013
 
"မေးရဲ မေးကြည့်"
တရားခွင်တခုမှာဖြစ်ပါတယ်။ နှစ်ဘက်ရှေ့နေများက သက်သေအဒေါ်ကြီး တယောက်ကို အပြန်အလှန် မေးခွန်းများ မေးနေကြတယ်။

တရားလိုရှေ့နေဦးမောင်မောင်က စ, မေးတယ်… …

“အန်တီကြီးခင်ဗျား၊ တဘက်က တရားပြိုင်ရဲ့ရှေ့နေကြီး ဦးကျော်ကျော်ကို သိပါသလား”

“သိတာပေါ့၊ ဒီ ကျော်ကျော် ဆိုတဲ့ကောင်ကို သူ ငယ်ငယ်လေးထဲက သိတာ၊
သောက်ပျင်းလေးပါ၊ ငယ်ငယ်က ကျောင်းပြေးတယ်၊ အိမ်စာမလုပ်ဘူး၊ ရပ်ကွက်ထဲရန်ဖြစ်တယ်၊ လိမ်ပြောတယ်၊ လူကြီးတွေ ဆိုဆုံးမလို့လဲ နားမထောင်ဘူး၊ လူဆိုးမှ တကယ်လူဆိုး”


ဒီတခါတော့ တရားပြိုင်ရဲ့ရှေ့နေ ဦးကျော်ကျော် မေးရမယ့်အလှည့်… …
ဦးကျော်ကျော်က မေးတယ်… …

“အန်တီကြီးခင်ဗျား၊ တဘက်က တရားလိုရဲ့ရှေ့နေကြီး ဦးမောင်မောင်ကိုရော သိပါသလား”

“အင်း…သိတယ်၊ ဒီ မောင်မောင် ဆိုတဲ့ကောင်ကိုလည်း ငယ်ငယ်လေးထဲက သိတာ၊ သူလည်း ဘာထူးလို့လဲ၊ လူဆိုးလူမိုက်လေး၊ အရက်က သောက်သေးတယ်၊ သူများပစ္စည်းငှားပြီး ပြန်မပေးဘူး၊ ပေါင်းမယ့်သင်းမယ့်လူလည်း မရှိ၊ မိန်းကလေးတွေကို လိုက်နှောက်ယှက်လို့ ရုံးရောက်ဂတ်ရောက် ခဏခဏပဲ”

အဲဒီအချိန်မှာပဲ တရားသူကြီးက ခုံကို တူနဲ့ထုရင်း အခုလို လှမ်းအော်ပြောလိုက်ပါတော့တယ်… ….

“နှစ်ဘက်ရှေ့နေတွေ နားထောင်၊ ‘တရားသူကြီးကို သိသလားလို့’ ဒီအဒေါ်ကြီးကို ..မေးရဲ မေးကြည့်၊ ငါးမိနစ်အတွင်း ထောင်ချပစ်မယ်…ဒါပဲ”….တဲ့။

သန်၎ကို
ဟာသဗိမာန်-ဆရာသန်
=   =   =   =   =


Myanmar Online News

Friday, July 26, 2013

"ဖွေရှာသူ မောလို့ ငိုရလိမ့်မယ်"

တနှစ်က မန္တလေးသင်္ကြန်ကို သွားလည်ဖြစ်တယ်။ သင်္ကြန်တွင်း လူအစည်ကားဆုံးဖြစ်တဲ့ကျုံးနဲ့ အနီးဆုံးဟော်တယ်တစ်ခုမှာ တည်းခိုဖို့သွားတော့ အခန်းတိုင်း လူပြည့်နေတယ်တဲ့။ တော်တော် စိတ်ညစ်သွားတယ်။

ကောင်တာစာရေးမက ဆက်ပြောလာတယ်... …
"အခန်းလွတ်တစ်ခုတော့ ကျန်သေးတယ် ဦး၊ ဒါပေမဲ့ အဲဒီအခန်းက အိမ်သာပျက်နေလို့ ပြင်နေတာ မပြီးသေးဘူး၊ အများသုံးအိမ်သာမှာ အသုံးပြုပြီးနေမယ်ဆိုရင်တော့ ဦး နေလို့ရပါတယ်"

ဘယ်မှလည်းထပ်မရှာချင်တော့တာနဲ့ အဲဒီအခန်းကိုဘဲ ယူလိုက်တယ်။

မန္တလေးသင်္ကြန်မှာ ပျော်ပါတယ်။ အခန်းပြန်ရောက်လို့ အပေါ့အလေးသွားတဲ့အခါ နည်းနည်း ကသီ, တာကလွဲလို့ ကျန်တာအားလုံးအိုကေပါတယ်...
အဲ...မအိုကေတာက ပြန်မယ့်နေကျမှဖြစ်တာ၊

ပြန်မယ်ဆိုပြီး ပစ္စည်းတွေထုတ်ပိုးသိမ်းဆည်းပြီးကာမှ ဗိုက်ကရစ်ရစ်ပြီးနာလာတယ်..
ဒါနဲ့ အိမ်သာရှိရာ ကမန်းကတန်းပြေးရတာပေါ့၊ ကံများမကောင်းချင်တော့ အိမ်သာက တခန်းမှ မအားဘူး။
ဟိုတယ်က ၂ထပ်ဆိုတော့ အောက်ထပ်မှာလဲ အများသုံးအိမ်သာရှိတာနဲ့ အောက်ထပ်ကို ဆင်းပြေးရပြန်တယ်..
အား...အောက်ထပ်က အိမ်သာတွေမှာလဲ လူအပြည့်..ခက်ပြီ၊ ဒီမှာလဲထွက်ကျတော့မယ်...

ကြံရာမရတဲ့အဆုံး အခန်းကိုဘဲပြန်လာလိုက်တယ်...
အခန်းအလယ် စာပွဲပေါ်က ပလပ်စတစ်ပန်းတွေ ထိုးထားတဲ့ အလှတင်ပန်းအိုးကို ယူလိုက်တယ်၊
ပန်းတွေကို ဆွဲထုတ်လိုက်ပြီး ပန်းအိုးထဲကို ဗိုက်နာတဲ့ကိစ္စရှင်းချလိုက်တယ်။
ပြီးတော့ ပန်းတွေ ပြန်စိုက်ထဲ့လိုက်တယ်။ အင်း…ခုမှနေသာထိုင်သာရှိတော့တာကိုး...
ပြီးတာနဲ့ အိတ်ဆွဲပြီးခပ်တည်တည်နဲ့ ထွက်လာခဲ့တာပေါ့။

ဒီလိုနဲ့.....
နောက်တစ်ပတ်လောက်ကြာတော့ ဟိုတယ်က ပို့လိုက်တဲ့ ပို့စ်ကဒ် တစ်ခု စာတိုက်က ရောက်လာတယ်..
ပို့စ်ကဒ်မှာရေးထားတာက... ...

"လူကြီးမင်းရှင့်...
အားလုံးကိုခွင့်လွတ်ပါသည်၊
ဘယ်နေရာမှာ ပါခဲ့တယ်ဆိုတာကိုတော့ သိပါရစေရှင်"....တဲ့

သန်၎ကို
ဟာသဗိမာန်-ဆရာသန်

=   =   =   =   =
Myanmar Online News
Friday, July 26, 2013

"ကံသီပေလို့"
ကိုကြီးညိုနဲ့ စည်သူတို့ဟာ ကုမ္မဏီဝန်ထမ်းတွေပေါ့

သူတို့သူဌေးကတော့ အလုပ်ကနေ နေ့ဝက်ဆို ပြန်ပြန်သွားလေ့ရှိတယ်

ဒီနေ့ သောကြာနေ့နေ့ဝက်ရောက်တော့ ထုံးစံအတိုင်း သူဌေးလည်း ပြန်ပြီ

စည်သူက ကိုကြီးညိုကို လာတိုင်ပင်တယ်...
"ကိုကြီးညို ဒီနေ့ ရုံးလစ်ရအောင်ဗျာ"
"ဟာ မလုပ်နဲ့ သူဌေးသိမှာ ကြောက်တယ်"
"မသိပါဘူးဗျ၊ သူကနေ့တိုင်း နေ့ဝက်ပဲ ရုံးတက်တာ သိသားနဲ့၊ လာဗျာ ဒီတရက်ထဲပါ"

အဆွယ်ကောင်းတာနဲ့ ကိုကြီးညိုလည်း ရုံးလစ်တော့တာပေါ့

အိမ်ရောက်တော့ ....
ဧည့်ခန်းထဲမှာ သူမိန်းမကို မတွေ့ဘူး
မီးဖိုထဲလည်းမရှိဘူး
ဒါနဲ့ အိပ်ခန်းထဲရှာဖို့ အခန်းနားလည်းရောက်ရော အထဲက စကားပြောသံကြားတာနဲ့ ချောင်းကြည့်လိုက်တယ်....

ဟာ သူ့သူဌေးပါလား၊ သူ့မိန်းမနဲ့ ကုတင်ပေါ်မှာ ပလူးနေကြတာ

ကိုကြီးညို အသားတွေ တဆတ်ဆတ်တုန်လာတယ်၊ မျက်နှာကြီးနီရဲလာပြီး ဒေါသတွေထွက်လာတယ်

အိပ်ခန်းနားကနေ ခြေဖျားထောက်ထွက်ခဲ့ပြီး ပါးစပ်ကလည်း ကျိန်ဆဲလိုက်တယ်... ...

"တောက်... ယုတ်မာရိုင်းစိုင်း အကြံပက်စက်လိုက်တဲ့ကောင်၊ သူမြောက်ပေးလို့ ရုံးလေးတခါ လစ်မိပါတယ် ကံကောင်းလို့ သူဌေးနဲ့ မိတော့မလို့"... တဲ့

သန်၎ကို
ဟာသဗိမာန်-ဆရာသန်
 

No comments:

Post a Comment