Thursday 25 July 2013

ရှောင်ရမယ့် စကားအသုံးအနှုန်း ၅၀






 ရှောင်ရမယ့် စကားအသုံးအနှုန်း ၅၀
စကားပြောရာမှာ စကားလုံးတွေ ပွယောင်းနေတာ၊ ပြောပြီးသားကို ထပ်ပြီး ပြောတာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ စာရေးသားရာမှာတော့ ရေးပြီးသားကို ထပ်ရေးတာမျိုး သိပ်လက်မခံနိုင်ဘူး။ သို့သော် ပြင်ရလွယ်ပါတယ်။ အောက်ဖော်ပြပါ မှားတတ်တဲ့ အမှားတွေကို သတိပြုလိုက်ပါ။

၁။ Absolutely certain or sure/essential/guaranteed

Absolutely လုံးဝဥဿုံ ဆိုကတည်းက - certain/sure သေချာတယ်၊ သံသယဖြစ်စရာ မလိုဘူး ဆိုတဲ့ အဓိပ္ပာယ် ဖြစ်နေပြီ။ essential မရှိမဖြစ်လိုအပ်တယ်ဆိုရင် absolutely ခြွင်းချက် မရှိပါဘူး။ guaranteed အာမခံတယ် ဆိုကတည်းက သဘောအားဖြင့် absolutely လုံးဝဖြစ်တယ်၊ ဒါမှမဟုတ် ဖြစ်သင့်တယ်။ ဒါကြောင့် အဲဒီစကားလုံးတွေနဲ့ absolutely ကို တွဲမသုံးပါနဲ့။

၂။ Actual experience/fact

Experience အတွေ့အကြုံ ဆိုတာ actual တကယ်ဖြစ်ပွားခဲ့တယ်လို့ ဆိုလိုတယ်။ (မဖြစ်ပွားခဲ့ဘူးလို့ ဖော်ပြမထားရင်ပေါ့လေ။) fact အမှန်တကယ် အချက်အလက် ဆိုတာလည်း actual အတည်ပြုနိုင်တာကို ဆိုလိုတယ်။ ဒါကြောင့် experience/fact လိုမျိုး စကားလုံးတွေနဲ့ actual ကို တွဲသုံးဖို့ မလိုအပ်ဘူး။
၃။ Add an additional - နောက်ထပ် ပေါင်းထည့်

Add ပေါင်းထည့်တယ်ဆိုကတည်းက နောက်ထပ်ဘဲ ဖြစ်ရမယ်။ ဒါကြောင့် additional နောက်ထပ် ဆိုတဲ့ စကားလုံး မလိုတော့ဘူး။
၎။ Added bonus - ထပ်ပေါင်းအပိုကြေး
Bonus အပိုကြေးဆိုတာ ထပ်ပေါင်းထားတာဖြစ်တယ်။ added ထပ်ပေါင်း ဆိုတဲ့ စကားလုံး ပိုနေတယ်။

၅။ Advance notice/planning/reservations/warning - ကြိုတင် အသိပေးအစီအစဉ်ရေးဆွဲမှာထား သတိပေး
Notice အသိပေးအကြောင်းကြားချက်တွေ၊ planning အစီအစဉ်ရေးဆွဲတာတွေ၊ reservations ကြိုတင်မှာထားတာတွေ၊ warning သတိပေးချက်တွေဟာ သဘောသဘာဝအားဖြင့် ကြိုတင်ပြီး လုပ်ရတာတွေဘဲ။ ဒါကြောင့် ဒီစကားလုံးတွေကို advance ကြိုတင်ဆိုတဲ့ စကားလုံးနဲ့ တွဲသုံးစရာ မလိုဘူး။

၆။ As for example - ဥပမာအနေနဲ့ ဖော်ပြရလျှင်

As တစ်လုံးတည်းနဲ့ ဥပမာအဓိပ္ပာယ် ဖြစ်တဲ့အတွက် for example ဥပမာဆိုတဲ့ စကားစုမလိုတော့ဘူး။


၇။ Ask a question - မေးခွန်းမေးမြန်း


Ask မေးမြန်းတယ်ဆိုရင် မေးခွန်းဘဲဖြစ်ရမယ်။ a question ထည့်ဖို့ မလိုဘူး။


၈။ At the present time - ယခုအချိန်အခါတွင်


“At present” ဒါမှမဟုတ် “at this time” ယခုအခါ ဆိုရင် လုံလောက်နေပြီ၊ စကားလုံးအပိုတွေ မပါရင်ကောင်းတယ်။


၉။ Basic fundamentals/essentials


Fundamentals အခြေခံတွေ၊ essentials မရှိမဖြစ် လိုအပ်တာတွေ ရှေ့မှာ basic အခြေခံ ထည့်သုံးခြင်း။ အဓိပ္ပာယ်တူတွေ ထပ်မနေအောင် fundamentals/essentials လို့ဘဲ basic မပါဘဲ သုံးသင့်တယ်။


၁၀။ Filled to capacity - ဆန့်သလောက်အပြည့်ဖြည့်ပြီး


Filled အပြည့်ဖြည့်တယ်ဆိုရင် ဆန့်သလောက်ဘဲ ဖြစ်ရမှာမို့ to capacity မလိုအပ်ဘူး။

၁၀။ Filled to capacity - ဆန့်သလောက်အပြည့်ဖြည့်ပြီး
Filled အပြည့်ဖြည့်တယ်ဆိုရင် ဆန့်သလောက်ဘဲ ဖြစ်ရမှာမို့ to capacity မလိုအပ်ဘူး။

၁၁။ Came at a time when - သောအခါသယမတွင် လာခဲ့သည်
When တစ်လုံးနဲ့တင် အချိန်ပြဖို့ လုံလောက်နေပြီ၊ at a time မလိုတော့ဘူး၊ Came when လို့ ပြောရင် ရပြီ။

၁၂။       Close proximity/scrutiny - အနီးကပ် အနီးအနားတွင်ရှိခြင်း အနီးကပ် စိစစ်ခြင်း
Proximity အနီးအနားတွင်ရှိခြင်းနဲ့ scrutiny စိစစ်ခြင်း မှာ အနီးကပ် အဓိပ္ပာယ် ပါပြီးသားမို့ close အနီးကပ်ဆိုတဲ့ စကားလုံးနဲ့ တွဲသုံးဖို့ မလိုအပ်ဘူး။

၁၃။       Collaborate/join/meet/merge together - အတူတကွ ပူးပေါင်းဆောင်ရွက်ပါဝင်တွေ့ဆုံ ပေါင်းစည်း
 လူတစ်စုက collaborate ပူးပေါင်းဆောင်ရွက်တယ်၊ အုပ်စုတစ်စုမှာ join ပါဝင်တယ်၊ လူတစ်စု meet တွေ့ဆုံကြတယ်၊ အဖွဲ့တွေ merge ပေါင်းစည်းကြတယ် ဆိုရင် အတူတကွဘဲ လုပ်ရမှာ ဖြစ်တဲ့အတွက် together အတူတကွ ဆိုတဲ့ စကားလုံး မလိုအပ်ပါ။

၁၄။ Completely filled/finished/opposite - လုံးဝပြည့်/ပြီးစီး/ဆန့်ကျင်
လုံးဝ ပြည့်မှ ပြီးစီးမ filled ပြည့်ပြီ၊ finished ပြီးစီးပြီ လို့ ဆိုနိုင်တယ်။ လုံးဝမပြည့်သေး/မပြီးစီးသေးရင် filled/finished ပြည့်ပြီ/ပြီးစီးပြီလို့ မဆိုနိုင်သေးဘူး။ အလားတူ opposite ဆန့်ကျင်ဘက် ဆိုတာက လည်း ဖြောင့်ဖြောင့် ဆန့်ကျင်တာတော့ ဟုတ်ချင်မှဟုတ်မယ်။ ဒါပေမယ့် ဆန့်ကျင်တာနဲ့ မဆန့်ကျင်တာ တစ်ခုခုဘဲဖြစ်ရမှာမို့ completely လုံးဝ ဆိုတဲ့ စကားလုံး မလိုဘူး။

၁၅။ Consensus of opinion - ထင်မြင်ချက်ကို အားလုံးသဘောတူညီခြင်း
အားလုံး သဘောတူညီတယ်ဆိုတာ ထင်မြင်ချက်နဲ့ ပတ်သက်ပြီး သဘောတူညီတာ ဟုတ်ချင်မှ ဟုတ်မယ်။ ဒါကြောင့် consensus of opinion ထင်မြင်ချက်ကို အားလုံးသဘောတူညီခြင်းလို့ သုံးနှုန်းတာဟာ အဓိပ္ပာယ် လုံးဝ ထပ်နေတာ၊ ပိုနေတာတော့ မဟုတ်ဘူး။ သို့သော် နေရာအတော်များများမှာ “of opinion” ထင်မြင်ချက်ကို ဆိုတာ မလိုအပ်ဘူး။

၁၆။ (During the) course (of) -  နေစဉ်အတောအတွင်း
 During ဆိုရင် အတောအတွင်း ၊ စဉ်တွင် ဆိုတဲ့ အဓိပ္ပာယ် ဖြစ်တယ်။ course ဆိုတာကလည်း ဖြစ်ပွားနေစဉ်အချိန်ဘဲ။ ဒါကြောင့် “during the course of”  လို့ သုံးနှုန်းတာဟာ အဓိပ္ပာယ်ထပ်နေတယ်။

၁၇။ Definite decision - ရေရာသော ဆုံးဖြတ်ချက်
 ဆုံးဖြတ်ချက်ဆိုရင် နောက်ဆုံး ဆုံးဖြတ်ချက် မဟုတ်သည့်တိုင် ရေရေရာရာတော့ ဖြစ်ရတယ်၊ ဒါကြောင့် decision ဆုံးဖြတ်ချက်ကို definite ရေရာတယ်လို့ ပြောဖို့ မသင့်ဘူး။

၁၈။ Difficult dilemma - ခက်ခဲသော ရွေးရခက်မှု 
Dilemma ရွေးရခက်တယ်ဆိုရင် ခက်ပြီးဖြစ်နေလို့  difficult ဖြုတ်သင့်တယ်။

၁၉။ Direct confrontation - တိုက်ရိုက်ထိပ်တိုက်ရင်ဆိုင်ခြင်း
Confrontation ထိပ်တိုက်ရင်ဆိုင်တယ်ဆိုရင် တိုက်ရိုက် အဓိပ္ပာယ် ပါပြီးသားဖြစ်တဲ့အတွက် direct ဆိုတဲ့ အထူးပြုစကားလုံး ပါစရာ မလိုပါဘူး။

၂၀။ End result - နောက်ဆုံးရလဒ်
Result ရလဒ်ဆိုတာ နောက်ဆုံးမှ ထွက်ပေါ်တဲ့ သဘော ရှိတဲ့အတွက် end နောက်ဆုံး ဆိုတဲ့ အထူးပြုစကားလုံးကို မသုံးပါနဲ့။

၂၁။ Enter in - အတွင်းသို့ ၀င်ရောက်သည်
 Enter ၀င်ရောက်သည်ဆိုရင် အတွင်းသို့ဘဲ ဖြစ်ရမှာမို့ in ကို ဖြုတ်ပါ။

၂၂။ Estimated at about/roughly - ခန့်ရှိမည်ဟုအကြမ်းဖျဉ်း ခန့်မှန်း
Estimated ခန့်မှန်းဆိုတာ အနီးစပ်ဆုံးဘဲ ရနိုင်ပါတယ်။ about ခန့်တို့ roughly အကြမ်းဖျဉ်းတို့ ပြောစရာ မလိုပါဘူး။

၂၃။ False pretense - မဟုတ်မမှန် ဟန်ဆောင်ခြင်း
Pretense ဟန်ဆောင်တယ်ဆိုတာ လှည့်ဖြားခြင်းဖြစ်ပါတယ်။ False မဟုတ်မမှန်လို့ ထပ်ပြောနေစရာ မလိုဘူး။

၂၄။ Few in number - အရေအတွက်အားဖြင့် မရှိသလောက်ဖြစ်သော
Few ဆိုတာ အနည်းငယ် ဖြစ်ပါတယ်။ အနည်းငယ်ဆိုတာနဲ့ အရေအတွက်ဆိုတာ သိပြီးသားမို့ “in number” မလိုဘူး။

၂၅။ Final outcome - နောက်ဆုံးထွက်ပေါ်ရလဒ်
Outcome ထွက်ပေါ်ရလဒ်ဆိုတာ နောက်ဆုံးမှ ထွက်ပေါ်တယ်လို့ သိပြီးသားဖြစ်ပါတယ်။ final မလိုဘူး။

၂၆။ First began, new beginning - ပထမဆုံး စတင်ခဲ့သည်၊ အသစ်တဖန် စတင်ခြင်း
began/ beginning စတင်တယ်ဆိုတာ ပထမအကြိမ် ဖြစ်ပွားတာပါ။ ဒါကြောင့် first ပထမဆုံးတို့၊ new အသစ်တဖန်တို့ ပြောစရာ မလိုဘူး။ ပိုနေပါတယ်။

၂၇။ For a period/number of days - နေ့ရက်အတော်များများ ကြာမြင့်သော ကာလအတွင်း နေ့ရက် အရေအတွက် ကာလတစ်ခုအတွင်း Days နေ့ရက်အများ ဆိုတာနဲ့ ကာလတစ်ခုဆိုတာ သိပြီးဖြစ်တယ်။ ဒါကြောင့် “a period of” ကာလတစ်ခု၊ “a number of” အရေအတွက်တစ်ခု ဆိုတဲ့ အသုံးအနှုန်းတွေဟာ ပိုနေတယ်။ သာမန်လောက် many  အများလို့ ပြောတာထက် နေ့ရက်ဘယ်နှရက် အတိအကျ ဖော်ပြတာ ပိုကောင်းတယ်။

၂၈။ Foreign imports - နိုင်ငံခြားတွင်ထုတ်လုပ်သော ပြည်ပမှတင်သွင်းကုန်များ
 ပြည်ပမှတင်သွင်း ကုန်တွေဟာ အခြားနိုင်ငံတစ်နိုင်ငံက ထွက်တာတွေ ထုတ်လုပ်တာတွေ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံခြားမှ ထုတ်လုပ်တယ်ဆိုတာ နားလည်သဘောပေါက်ပြီးဖြစ်ပါတယ်။ Foreign ဆိုတဲ့ စကားလုံး ပိုနေပါတယ်။

၂၉။ Forever and ever - ထာဝရအမြဲတမ်း
Forever ထာဝရ ဆိုရင် ရပါပြီ၊ ever အမြဲတမ်း မလိုတော့ဘူး။

၃၀။ Free gift - အခမဲ့လက်ဆောင်
Gift လက်ဆောင်ဆိုတာ အဓိပ္ပာယ်ကိုက အခမဲ့ပါ။ (အဆိုးမြင်သူတွေ ကတော့ ဘယ်ဟာမှ အခမဲ့ မရဘူးလို့ ပြောကြမလားမသိဘူး။) ဒါကြောင့် free အခမဲ့ ဆိုတဲ့ စကားလုံး အပိုဖြစ်နေတယ်။

၃၁။ Invited guests - ဖိတ်ကြားထားသော ဧည့်သည်များ - guest ဧည့်သည်ဆိုတာ အနောက်တိုင်း ယဉ်ကျေးမှုမှာ ဖိတ်မှလာရတဲ့ သဘောရှိပါတယ်။ ဒါကြောင့် invited ဖိတ်ကြားထားသော လို့ ထပ်ပြောနေစရာ မလိုဘူး။

၃၂။ Major breakthrough - ကြီးမားသော အဓိကတိုးတက်အောင်မြင်မှု
Breakthrough တိုးတက်အောင်မြင်မှုဆိုတာ ကြိုးစားအားထုတ်ပြီးမှ ရလာတဲ့ အရေးပါတဲ့ တိုးတက်အောင်မြင်မှုဖြစ်ပါတယ်။ ဒါကြောင့် major ကြီးမားသော ထည့်သုံးခြင်းအားဖြင့် အဓိပ္ပာယ် တိုက်ရိုက် ထပ်မနေပေမယ့် ပိုနေပါတယ်။

၃၃။ [Number] a.m. in the morning/p.m. in the evening - အချိန်နာရီ ဖော်ပြတဲ့ ၁၂နဲ့ ၁၂အောက် ကိန်းဂဏန်းတစ်ခုကို a.m. နံနက် သို့မဟုတ် p.m မွန်းလွဲညနေ နဲ့ တွဲသုံးရင် အဓိပ္ပာယ်ပြည့်စုံနေပြီဖြစ်တဲ့ အတွက် “in the morning” တို့၊ “in the evening” တို့ မလိုအပ်တော့ဘူး။

၃၄။ Past history/record - အတိတ်သမိုင်းပြီးခဲ့သော မှတ်တမ်း
History သမိုင်းဆိုတာ အတိတ်က ဖြစ်စဉ်ကို မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။ record မှတ်တမ်း ဆိုတာ ဖြစ်ပြီးခဲ့တာတွေကို စာနဲ့ပေနဲ့ ရေးမှတ်ထားတာ ဖြစ်ပါတယ်။ အတိတ်ကပြီးခဲ့သော လို့ အဓိပ္ပာယ်ရတဲ့ past ကို ထည့်သုံးဖို့ မလိုတော့ဘူး။

၃၅။ Plan ahead - ကြိုတင်အစီအစဉ်ရေးဆွဲ
 Plan အစီအစဉ်ရေးဆွဲတာဟာ အနာဂတ်အတွက် ပြင်ဆင်တာ ဖြစ်ပါတယ်။ ahead ကြိုတင် ဆိုတာ ပါစရာမလိုဘူး။

၃၆။ Possibly might - ဖြစ်မယ်ဆို ဖြစ်ကောင်းဖြစ်နိုင်
Might ဆိုတာ ဖြစ်နိုင်ခြေကို ဖော်ပြတယ်။ ဒါကြောင့် possibly ဖြစ်မယ်ဆိုရင် ကို ထည့်စရာ မလိုဘူး။

၃၇။ Postpone until later - နောင်အခါအထိ ရွှေ့ဆိုင်း 
Postpone ရွှေ့ဆိုင်းတယ်ဆိုရင် အခုမလုပ်တော့ဘူး နောင်မှ လုပ်မယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တဲ့အတွက် until later ပိုနေပါတယ်။

၃၈။ Protest against - ဆန့်ကျင်ကန့်ကွက်ဆန္ဒပြ
 ကန့်ကွက်ဆန္ဒပြတာ ဆန့်ကျင်ကြောင်း သိအောင် လုပ်တာ ဖြစ်ပါတယ်။ against ဆန့်ကျင် ဆိုတဲ့ စကားလုံး မလိုအပ်ဘူး။

၃၉။ Repeat again - နောက်တစ်ကြိမ် ထပ်လုပ်
 Repeat ဆိုတာ နောက်တစ်ကြိမ် အဓိပ္ပာယ် ပါပြီးသားပါ။ again မလိုအပ်တော့ဘူး။

၄၀။ Revert back - နဂိုအတိုင်း ပြန်ဖြစ်
 စောစောပိုင်းအနေအထားအတိုင်း ပြန်ဖြစ်တာကို Revert လို့ သုံးပါတယ်။ back မလိုအပ်ဘူး။

၄၁။ Same identical - တစ်ခုတည်း ထပ်တူ၊ လုံးဝတူ
Identical သုံးရင် same သုံးစရာ မလိုတော့ဘူး။

၄၂။ Since the time when - သောအချိန်မှစ၍
Since တစ်လုံးတည်းနဲ့ လုံလောက်နေပါပြီ၊ the time when ထည့်ဖို့ မလိုပါ။

၄၃။ Spell out in detail - အသေးစိတ်ဖော်ပြ
Spell out ဆိုတာ အသေးစိတ်ဖော်ပြတာဖြစ်ပါတယ်။ ကလည်း in detail အသေးစိတ်လို့ ဆိုလိုပါတယ်။ ဒါကြောင့် in detail ထည့်စရာ မလိုတော့ဘူး။

၄၄။ Still remains - ရှိနေသေး
ရှိနေသေးတဲ့အဓိပ္ပာယ်က remains နဲ့တင် လုံလောက်ပါတယ်။ still က ပိုနေပါတယ်။

၄၅။ Suddenly exploded - ရုတ်တရက်ပေါက်ကွဲ
ပေါက်ကွဲတယ်ဆိုတာ အကြာကြီးပေါက်ကွဲနေလို့ မရပါဘူး။ ၀ုန်းကနဲ ပြီးသွားတဲ့ ကိစ္စမျိုးမို့ suddenly မလိုပါဘူး။
၄၆။ Therapeutic treatment -  ရောဂါကုသခြင်း
Treatment လည်း ကုတာဘဲ၊ therapeutic လည်း ကုတာဘဲမို့ therapeutic မလိုပါ။

၄၇။ Unexpected surprise - မမျှော်လင့်သော အံ့အားသင့်ခြင်း
မျှော်လင့်ထားမှတော့ အံ့အားသင့်စရာ မဟုတ်တော့ဘူး။ ဒါကြောင့် unexpected ပိုနေတယ်။

၄၈။ Unintended mistake - မရည်ရွယ်သောအမှား
အမှားဆိုတာ အမှုမဲ့အမှတ်မဲ့ လုပ်မိတာပါ။ မရည်ရွယ်ဘူးဆိုတဲ့ အဓိပ္ပာယ်ပါပြီးသားမို့ unintended မလိုအပ်ပါ။

၄၉။ Usual custom - ပုံမှန်ဓလေ့
ဓလေ့ထုံးတမ်းဆိုတာ ပုံမှန် ထပ်ခါတလဲလဲ ပြုလုပ် ကျင်းပ လိုက်နာ တာမျိုးကို ဆိုတယ်၊ usual ပါစရာ မလိုဘူး။

၅၀။ Written down - ချရေးထား
ရေးထားရင် ပြီးတာပါဘဲ၊ ချရေးတယ်လို့down ထည့်စရာ မလိုပါဘူး။


(Mark Nichol ရေးသည်။)

No comments:

Post a Comment