Sunday 28 July 2013

၁။ "ယုံပြီ"။ ၂။ နွားအလုပ် နွားလုပ်တာဘဲကောင်းပါတယ်။ ၃။ မမြင်ရက်လို့ပါ



Myanmar Online News
"ယုံပြီ"
Sunday, July 28, 2013

စစ်သင်တန်းတစ်ခုတွင်...

သေနတ်ကို တစစီဖြုတ်ပြီး ပြန်လည်တပ်ဆင်ခြင်း သင်ခန်းစာကို ဗိုလ်ကြီးက ပို့ချနေတယ်။
ပြီးတာနဲ့ ရဲဘော်လေးတစ်ယောက်ကို လက်တွေ့လုပ်ခိုင်းတယ်
ရဲဘော်လေးခမျာ ယောင်နနနဲ့ မလုပ်တတ်ဘူးဖြစ်နေတယ်

ဒါကိုကြည့်ပြီး ဗိုလ်ကြီးက စိတ်မရှည်တော့ဘူး

"ဖယ်စမ်း ရဲဘော်၊ ဒါလေးများ နလဗိန်တုံးတွေတောင် လုပ်တတ်တယ်"

... ဆိုပြီး သူကိုယ်တိုင် ဖြုတ်/တပ် လုပ်ပြလိုက်တယ်။

ပြီးတာနဲ့ ရဲဘော်လေးကို လှည့်ကြည့်ပြီးမေးတယ်... ...
"ဘယ်လိုလဲ ရဲဘော်"

ဒီတော့ ရဲဘော်လေးက ပြန်ဖြေတယ်... ...

"နလဗိန်းတုံးတောင် လုပ်နိုင်တယ်ဆိုတာ ယုံပါပြီ ဗိုလ်ကြီး"... တဲ့

https://www.facebook.com/thanlayko
သန်၎ကို-ပေါက်ကရရေးသည်
=   =   =   =   =
နွားအလုပ် နွားလုပ်တာဘဲကောင်းပါတယ်။

အခုတလော ကျွန်တော် မကြာမကြာ အခက်တော်တော်တွေ့နေရပါတယ်။ အဲဒါကတော့ ပွဲတော်တော်များများက ဖိတ်ကြားခံနေရတာဘဲဖြစ်ပါတယ်။ ရိုးရိုးတန်းတန်း သာမာန်ပရိတ်သတ်တစ်ဦးအနေနဲ့ဖိတ်တာလည်းပါတယ်။ activist တစ်ဦးလို သဘောမျိုးနဲ့ ဖိတ်ကြတာလည်းပါတယ်။ ကဏ္ဍကတော့ အစုံဘဲ။ ပတ်ဝန်းကျင်ရေးရာ၊ လူမှုရေးရာ၊ နိုင်ငံရေး၊ ပညာရေး၊ သဘာဝဘေး၊ ရာသီဥတု အတော် အမယ်စုံတယ်ဗျ။

သေချာတယ်ဗျာ။ ကျွန်တော် အဲဒီလောက် မနှံ့စပ်ဘူး ဗျာ။ အဲဒီလောက်လည်း အမယ်စုံ မတတ်ပါဘူးဗျာ။ ပြောရရင်တော့ ကျွန်တော့်ဘာသာရပ် နဲ့ အလွန်နီးစပ်လှတဲ့ စိုက်ပျိုးရေး ကိစ္စတွေ မေးလာခဲ့ရင်တောင် ကျွန်တော် မကျွမ်းကျင်တဲ့ ဘာသာရပ်ဖြစ်လို့ မဖြေချင်ဘူးဗျ။ ကိုယ်ကျွမ်းကျင်တဲ့ မိုးလေ၀သ အလုပ်ဘဲလုပ်ချင်ပါတယ်။

တစ်ခါက မြို့ငယ်လေးတစ်မြို့မှာ တိရိစ္ဆာန်ကု ဆရာဝန်တစ်ဦးရှိသတဲ့ဗျ။ တစ်နေ့တော့ သူ့ဆေးခန်းကို အနီးနား ရွာတစ်ရွာက တောင်သူဦးကြီးတစ်ယောက် ဟာ နွားငယ်လေးတစ်ကောင်ကို ပွေ့ချီလာပြီး ကသောကမျော နဲ့ မောကြီး ပန်းကြီးနဲ့ ရောက်လာသတဲ့။ ဒီတော့လည်း တိရိစ္ဆာန်ကုဆရာဝန်က အဲဒီ လယ်သမားကြီးကို
"ဘာဖြစ်လို့လည်းဗျ" လို့ မေးလိုက်သတဲ့။
 
ဒီတော့ရောက်လာတဲ့ နွားနာရှင် လယ်သမားကြီးက
"ကျွန်တော့ နွားလေး ခြေထောက်ကျိုးသွားလို့ပါဆရာ"
"ဘယ်လိုလုပ်... ကျိုးသွားရတာလည်းဗျ"
"ဟာမပြောချင်ပါဘူး..ဆရာရယ်။ ဒီကောင်က အိမ်က မီးဖိုချောင်ထဲ ၀င်ဆော့ တယ်လေ။ နောက်ပြီး မီးဖိုချောင်ထဲက ကြပ်ခိုးစင်ပေါ်တက်တော့ ကြပ်ခိုးစင်က မခိုင်တော့ ပြုတ်ကျပြီး ခြေကျိုးသွားတာပါဘဲဆရာရယ်" လို့ပြောလိုက်သတဲ့။
 
ဒီတော့ ဆရာဝန်က
"သြော် နွားက နွားအလုပ်မှ နွားမလုပ်ဘဲကိုး" လို့ပြောလိုက်သတဲ့။
" ကဲကဲ..ကျွန်တော်လည်း လောလောဆယ် အရေးတကြီး အပြင်ကိုသွားရဦးမှာမို့ အနာသက်သာအောင် ဆေးလူးပြီး ကြပ်စီးပေးလိုက်မယ်၊ ညနေမှ တစ်ခေါက် လာပြ ဗျာ ဟုတ်ပြီလား" လို့ပြောတော့ သူ့နွားလေးကို သေသေချာချာ ကုပေးစေချင်နေတဲ့ လယ်သမားနွားနာရှင်က
"ဆရာကလည်း အရေးတကြီးပါလား။ ဘယ်ကိုများ သွားရဦးမှာမို့လည်း"
လို့ မကြေနပ်သံနဲ့မေးလိုက်တော့၊ ဆရာဝန်က ဖြေလိုက်သတဲ့။
 
"ကျွန်တော်ကို ဒီမနက် တံတားဖွင့်ပွဲကို (၉)နာရီအရောက်လာဖို့ မြို့နယ်ဥက္ကဌရုံးက စာပို့ထားတယ်ဗျ"

နွားအလုပ် နွားလုပ်တာဘဲကောင်းပါတယ်ဗျာ။

မောင်ထွန်းလွင်(မိုးလေ၀သ)
ဝန်ခံချက်။ ကိုယ်တိုင်ရေး ကိုယ်ပိုင်ပုံပြင် မဟုတ်ပါ။
ကြပ်ခိုးစင်ဆိုတာ တောမြို့များတွင် မီးဖိုချောင်ထဲတွင် ပစ္စည်းအပါ့စားများတင်ရန် ထိုးထားသော ၀ါးဖြင့်ပြုလုပ်ထားသည့် စင်ငယ်။

Tun Lwin

အေးချမ်းမွန် Credit To >Tun Lwin < Thank
Reposted By ACM 27-7-2013

=   =   =   =   =
 
မမြင်ရက်လို့ပါ
========

ဘတစ်ကားပေါ်မှာ လူတစ်ယောက် မျက်စိကို အတင်းမှိတ်ပြီး ထိုင်နေသဖြင့် ဘေးမှာရှိနေတဲ့သူက...

" မိတ်ဆွေ...ခင်ဗျား ခေါင်းမူးနေလို့လား... အန်ချင်နေတာလား...ကျွန်တော် ဘာများ ကူညီပေးရမလဲ ခင်ဗျ... " ဟု မေးရာ..

ထိုင်နေတဲ့လူက...

" ကျုပ်ကတော့ ဘာမှမဖြစ်ပါဘူးဗျာ... ကျုပ်ရှေ့မှာ သက်ကြီးရွယ်အိုတွေ မတ်တပ်တွေရပ် ဒုက္ခတွေ ရောက်နေတာကို မမြင်ရက်လွန်းလို့ပါဗျာ " တဲ့လေ ။ ။

No comments:

Post a Comment