Tuesday 30 July 2013

ဒိုင်ဆက်မလုပ်တော့ဘူး (ဟာသ)


Ko Min Min shared ဟိုးဟိုးကျော်'s status update. ဟိုးဟိုးကျော်
ရပ်ကွက် ဘောလုံးပွဲ တစ်ခုတွင် ဖြစ်သည်။ ဒိုင်လူကြီးမှ ဘောပွဲစရန် ၀ီစီ မှုတ်လိုက်သည်။

" ဖူးးးးးးးးးးးးးးးးးးး ဖူးးးးးးးးးးး"

" ငင် ၀ီစီက ဘာသံကြီးတုန်း"

" --ခွီးးးးးးးးး ၀ီစီက အဆံလဲ မပါပါလား"

ပွဲကတော့ လှပြီ။ ၀ီစီ အဆံ မပါတဲ့ ဒိုင်လူကြီးနဲကတော့။

" ဖူးးးးးးးးးးးးးးး ဖူးးးးးးးးးးးး ဟိုကောင် အဲ့လို ခြေစုံ ပစ်ဝင်လို့မရဘူး အနီကတ်ပြတယ်"

" ဘာ အနီ ကတ်လဲဗျ ခင်ဗျားက ဘာကောင်လဲ ကျုပ်က ရပ်ကွက်လူကြီးသားရဲ့ သူငယ်ချင်း မောင်ဗျ "

" ငင် ဟုတ်လား ဒါဆို ပန်းရောင် ကတ်"

" ငင် အဲ့ဒါက အပြင်ထွက်ရမှာလား ဆက်ကန်ရမှာလားငင်"

" ထွက်လဲ မထွက်နဲ့ ၀င်လဲ မ၀င်နဲ့ ဘေးစည်းပေါ်မှာကန်"

" ငင်"

" ဖူးးးးးးးးးးးးးးး ဖူးးးးးးးးးးးး ဟိုကောင် လက်ထိဘော လက်ထိဘော အ၀ါကတ်"

" ဘာ အ၀ါကတ်လဲဗျ ကျုပ်က ဂေါပက တူရဲ့ရည်းစားရဲ့ မျက်စောင်းထိုး အိမ်ကဗျ"

" ငင် ဟုတ်လား ဒါဆို အ၀ါ တစ်ကတ်ခွဲ"

" ငင် "

" ဖူးးးးးးးးးးးးးးးး ဖူးးးးးးးးးးးးးးး ဖူးးးးးးးးးး ဟိုကောင် လက်သီးနဲ့ ထိုးတယ် အနီကတ်"

" ဘာ အနီကတ်လဲဗျ ကျုပ်က အုပ်ချုပ်ရေးမှူးမှာ ရေထမ်းတဲ့ ကောင်ရဲ့ တပည့်ဗျ"

" ငင် ဟုတ်လား ဒါဆို အနီနု ကတ်"

" ငင် အဲ့ဒါက ရော ထွက်ရမှာလားငင်"

" ထွက်ရခါနီး နဲနဲ အလို"

" ငင်"

ထိုစဉ် စည်းကြပ်ဒိုင်က အလံထောင်လိုက်သည်။

" လူလဲမယ်ဟေ့"

" ဟာ မလဲဘူး ဘာလို့လဲရမှာလဲ ကျုပ်က အဘဘဘဘဘ"

" ငင် ရပြီ ရပြီ ဆက်မပြောနဲကတော့ ဟေ့ ရတယ် နှစ်ယောက်လုံးထည့်ကန် တစ်ယောက်နဲ့ တစ်ယောက် ရှေ့နောက် ဖက် ကန်ပစေ ကွာတော့မကွာစေနဲ့ညော်"

" ငင်"

ဒုက္ခ။ ဟို၂ကောင် ပူးဖက်လျက်ကြီး မပြေးတတ်။ မကြာခဏ မှောက်လျက်လဲကုန်သည်။ ခဏကြာတော့ အဆင်ပြေသွား၏။ ပါးစပ်ကတော့ တစ်စုံတစ်ခုကို ပြိုင်တူ ရွတ်နေကြလေသည်။ ဘာတဲ့

" ဘယ် ညာ ဘယ် ညာ ဘယ်ညာ ဘယ် ညာ ဘယ်"

" ငင် တယ်ဟုတ်ပါလား"

" ဖူးးးးးးးးးးးးး ဖူးးးးးးးးးး စည်းကြပ်ဒိုင် အလံထောင်ထားတယ် လူကျွံဘောဟေ့"

" ဟာဗျာ မကျွံပါဘူး ကျုပ်က ဟိုဟာရဲ့ ဟိုဟာ"

"ငင် ရပြီ ဆက်မပြောနဲ့တော့ ဟေ့ စည်းကြပ်ဒိုင် မကျွံဘူး ဆိုပါလား"

" ဟွတ် ကျွံခါနီး နှစ်လက်မ အလို"

" ခွီးးးးးးးးးးးးးး "

" ဖူးးးးးးးးးးးးးး ဖူးးးးးးးးးး ဂိုးတယ် ဂိုးတယ်"

" ဟာ မဂိုးပါဘူး ကျုပ်က ဟိုဒင်းရဲ့ ဟိုဟာ"

" ငင် ကဲဟယ် အနီကတ် ၆၄ ကတ်"

" ငင် ဘူ့ကို ပြတာတုန်း"

" ကိုယ့်ကိုယ်ကိုယ် ပြတာ တာ့တာ တော်ပြီ ဒိုင်ဆက်မလုပ်တော့ဘူး"

" ငင်"

ကိုပွကြီး ခေါ် ကိုပွ

ဟာသကမ္ဘာ (Funny World) အား ဟိုးဟိုးကျော်မှ အထူးပင် ကျေးဇူးတင်ရှိပါသည်။

No comments:

Post a Comment