Wednesday 24 July 2013

“အင်္ဂလိပ်ဘာသာ..မေးမြန်းစရာ” နှင့် အခြား သိမှတ်ဖွယ်ရာများ



“အင်္ဂလိပ်ဘာသာ..မေးမြန်းစရာ”

ဗြဟ္မစိုရ်တရား (၄)ပါးကို Four Immeasurables လို့ ခေါ်ပါတယ်။

အဲဒီ လေးပါးကတော့...
(1) Loving-kindness (or) benevolence.......မေတ္တာ(metta)
(2) Compassion........ကရုဏာ(karuna)
(3) Empathetic joy.....မုဒိတာ(mudita)
(4) Equanimity.........ဥပေက္ခာ (upekkha)..တို့ပါပဲ။ 
 
four immeasurables ကို..four divine abodes, four divine emotions, four sublime attitudes.လို့လဲခေါ်ပါတယ်။

Question(2)
----------------
အမေး။ ။“အင်္ဂလိပ်ဘာသာ..လေ့လာစရာ”မှ ဦးခင်ဗျား..။သား..နဲနဲလောက် သိချင်လို့ပါ။မှိန်း၊ နတ်ကွန်း ၊ နတ်မျက်စိ ၊နတ်နား၊ ဓနိ ၊ကောက်လှိုင်း ၊ နှမ်းဖတ် ၊ စပါးနယ်ခြင်း ၊တစ်ကျပ် သား ၊ ရုက္ခစိုးနတ်မင်း ၊ ဘုရားတန်ဆောင်း ၊ အချိုပွဲ ၊ ပွဲဦးထွက် ၊ ဖူးစာရေးနတ် ၊ မျက်နှာသေ ၊ ချစ်သံယောဇဉ် ၊ ရင်ထိုး ၊ ဗိန်းဓောဆရာ ၊ အင်္ဂလိပ်ကို အထင်ကြီးသူ ၊ အင်္ဂလိပ်ကို မုန်းသူ ၊ပြိတ္တာ ၊ ကပွိယ ၊ နုန်းမြေ ၊ ပုတ်ပြတ် ၊ ကတိစာချုပ် ၊ အသေးသုံးငွေ၊ ရာဖြတ်...တို့ကို..အင်္ဂလိပ်လို ဘယ်လိုခေါ်သလဲ ရှင်းပြပေးစေလိုပါတယ်။

ကျွန်တော်က.. အင်္ဂလိပ် စကား လုံးလေးတွေ ဆိုရင် အရမ်းချစ်လို့ပါ။ ဘယ်လောက်ချစ်သလဲ. .ဆိုရင်. ..ကျွန်တော် .. မသိသေးတဲ့ အင်္ဂလိပ်စကားလုံးလေးတွေဆိုရင် (၃)ခါတိတိ.... နမ်းပြီးမှ အဘိဓာန် လှန်ကြည့် လေ့ရှိပါတယ်။

အဖေကတောင်. .ပြောသေး တယ်။ ဒီလောက် အနမ်းသန်တဲ့ကောင်.. မင်းနဲ့ရတဲ့ ရည်းစား မလွယ်ဘူးတဲ့..။ ဟဲဟဲ..။ ကိုယ်က.. ဒီလို မြတ်နိုးတော့လည်း.... စကားလုံးလေးတွေက အတော်နဲ့ ကျွန်တော့်ဆီက ပြန်မသွားကြဘူးလေ..။ ကြာရှည် မှတ်မိတာပေါ့။ အခု...ဦးဖြေမယ့် စကားလုံးလေးတွေ ကိုလည်း သားက နမ်းပြီးမှ ဖတ်မှာပါ. ...။ အမြန်.. .အဖြေပေးပါနော်...ဦး.။
.................................................................မောင်ထင်အောင်ဂျော်

အဖြေ။ ။နဲနဲလောက်..သိချင်တာမို့ တော်တော့တယ်။ မေးထားတာများ နဲနဲနောနော မဟုတ်ဘူး။ စကားလုံးလေးတွေကို ချစ်တဲ့သူဆိုတော့..လဲ.. ဟုတ်မှာပဲလေ။ ဒါပဲနော်..နမ်းပြီးမှ..ဖတ်..ကြားလား..။ 

မှိန်း(harpoon)၊ နတ်ကွန်း(Oracle) ၊ နတ်မျက်စိ(clairvoyance) ၊နတ်နား(Clairaudience)၊ ဓနိ( Nipa) ၊ကောက်လှိုင်း(Paddy sheaves) ၊ နှမ်းဖတ်(Sesamum oil cake) ၊ စပါးနယ်ခြင်း( Trashing) ၊တစ်ကျပ်သား(One tical) ၊ ရုက္ခစိုးနတ်မင်း(Dryad) ၊ ဘုရားတန်ဆောင်း(Fane) ၊ အချိုပွဲ( Dessert) ၊ ပွဲဦးထွက်( Debut ဒေးဗြူး) ၊ ဖူးစာရေးနတ်( Cupid) ၊မျက်နှာသေ (Deadpam)၊

ချစ်သံယောဇဉ်(Cords of love)၊ ရင်ထိုး (Brooch)၊ ဗိန်းဓောဆရာ(Apothecary) ၊ အင်္ဂလိပ်ကို အထင်ကြီးသူ( Anglophile) ၊ အင်္ဂလိပ်ကို မုန်းသူ(Anglophobe) ၊ပြိတ္တာ( Hungry miserable being) ၊ ကပွိယ( Attendant) ၊ နုန်းမြေ(Loam)၊ပုတ်ပြတ်( Piecework) ၊ ကတိစာချုပ်(Promissory Note) ၊ အသေးသုံးငွေ (Petty cash)၊ ရာဖြတ်( Appraisal)ကဲဒီလောက်ဆို...ငါ့ညီလဲ သဘောပေါက်လောက်ပါပြီ။

ငါ့ညီက.. အင်္ဂလိပ်စကားလုံးလေးတွေကို တအားချစ်တာပဲနော်။ နမ်းပြီးမှ.. အဘိဓာန် ကြည့်တာဆိုတော့.. ဦးအရမ်းလေးစားပါတယ်။ ဒါနဲ့.. စကားမစပ်.. Vagina, Asshole,Penis , Clitoris ဆိုတဲ့ စကားလုံးလေးတွေကို ကြားဖူးလား. .ဟင်..။ ။

ငါးရက်ခန့် ကြာသော်... မောင်ထင်အောင်ဂျော့်ဆီမှ အီးမေး တစ်စောင် .ရောက်လာပါ၏။ ဖွင့်ကြည့်..လိုက်..သော..အခါ...
“အင်္ဂလိပ်ဘာသာ လေ့လာစရာ”မှ လူယုတ်မာကြီး။ ဒီက..Vagina, Asshole,Penis , Clitoris ဆိုတဲ့ စကားလုံးတွေကို အားရပါးရနမ်းပြီး.. အဘိဓာန်မှာ ရှာကြည့်လိုက်တော့... အားပါးပါး.. .တော်တော်ချိုးတယ်.. . အယုတ်တမာကြီး.. တေချင်းချိုးကြီး။ လူကို.. စိတ်ဆင်းရဲအောင်. တော်တော်လုပ်တယ်။” ဟူသတတ်။

သြော်..ကိုယ်က နမ်းခိုင်းတာမှ မဟုတ်ဘဲ...နော်။ သူ့ဘာသာသူ.. ကညင်းဂျောထပြီး နမ်းတာ.... ကြားချောင်.. အဆဲခံလိုက်ရတေးတယ်..။ ဟွန်း. တော်တော်ချိုးတဲ့. ကောင်လေး...။ ။

=   =   =   =   =


ယနေ့ လေ့လာစရာ ဘာသာရေး အင်္ဂလိပ်စာ

(၁) နက်နဲသော သမာဓိကို ရရှိခြင်း the attainment of deep concentration

(၂) ဥပစာရသမာဓိ access concentration

(၃) အပ္ပနာသမာဓိ absorption concentration

(၄) နီဝရဏတရား hindrance

(၅) သမထကမ္မဋ္ဌာန်းလေးဆယ် forty subjects of samatha meditation

(၆) သမထအားထုတ်သူ a samatha meditator

(၇) သမထကမ္မဋ္ဌာန်းအားထုတ်နည်း the way of samatha meditation

(၈) သမာဓိရဲ့အဆင့် some degree of concentration

(၉) ခန္ဓာကိုယ်ရဲ့ တောင့်တင်းခြင်း stiffness of the body

(၁၀) ခြေထောက်ရဲ့ ထုံကျင်ခြင်း numbness of the legs

=   =  =   =   =


အင်္ဂလိပ်စကားပြောရာမှာ.. အသုံးတည့်နိုင်လောက်တဲ့........ကားအတိုလေးတွေကို ထပ်မံဖော်ပြပေးလိုက်ပါတယ်။

(1) Hands up!
လက်မြှောက်လိုက်စမ်း။

(2) Gotcha!
မိပြီကွ။

(3) Hang about!
ခဏလောက် စောင့်ဦး။

(4) I'm sick of thiis.
စိတ်ကုန်လာပြီ။

(6) Jump in the lake!
ငါ့ရှေ့က..ထွက်သွားစမ်း။

(7) Don't jockey!
အကြံအဖန် မလုပ်နဲ့။

(8) What yours?
ဘာသောက်မလဲ..။

(9) Use your head!
သေချာ စဉ်းစားစမ်းပါ။

(10) That's serve you right!
ဒါ..ကိုယ်လုပ်လို့ ကိုယ်ခံရတာ..ပဲ။

(11) Where have you been hiding?
ပျောက်ချက်သား..ကောင်းလှချည်လား။

(12) Carry on.
ဆက်လုပ်ပါ။

(13) Come again?
ထပ်ပြောပါဦး။

(14) Shame on me!
ရှက်လိုက်တာကွာ..။

(15) Must fly.
ကဲ...သွားတော့မယ်။

=   =   =   =  =

ဒီနေ့ လေ့လာစရာ ဘာသာရေးအင်္ဂလိပ်စာ

(၁) ရုပ်တရားနာမ်တရားတို့၏ သဘာဝဖြစ်စဉ် the natural processes of mentality and physicality

(၂) ကြောင်းကျိုးဆက်နိယာမ the law of cause and effect

(၃) ဒုက္ခအမျိုးအစားအားလုံး all kinds of suffering

(၄) ရုပ်နာမ်ဖြစ်စဉ်ကို မသိခြင်း ignorance of the mind-body processes

(၅) သက်ရှိသက်မဲ့အရာများ living and non-living things

(၆) စိတ်ဆင်းရဲ mental suffering

(၇) ကိုယ်ဆင်းရဲ physical suffering

(၈) ရုပ်နာမ်ဖြစ်စဉ်ကို မှားမှားယွင်းယွင်း ယူဆခြင်း the false conception of bodily and mental processes

(၉) ယုတ္တိတန်သော ကြောင်းကျိုးဆင်ခြင်ခြင်း logical reasoning

(၁၀) သဘာဝအမှန်တရား true nature

=   =   =   =   =


"မှတ်သားမိသောစကားလုံးလေးများ"

Our good-will produces good returns
မိမိ စေတနာ စိတ်ရင်း အတိုင်း အကျိုးပေးမည်။

As our good nature.
စိတ်ကောင်းရှိပါ။

Keep a good nature.
စိတ်ထားမှန်ပါ။

Straight in an attitude.Know mistake, sin and evil deed
And stay away from these.
အမှား၊ အပြစ်၊ အကုသိုလ် သိပါ၊ ရှေုာင်ပါ။

Have a donation every day.
နေ့စဉ် အလှူရှိပါ။

Desire others effects.
သူတစ်ပါး အကျိုး လိုလားပါ။

Please try to make a practice to talk about others from good side.
သူများ အကြောင်း ကောင်းသောဘက်မှ အကျင့်လုပ်ပြီး ပြောကြည့်ပါ။

(You’ll come to fulfill the happiness)
(စိတ်ချမ်းသာမှူပြည့်ဝလာပါလိမ့်မည်)

=  =  =   =   =


Acacia - ကင်မွန်းချဉ်ရွက်
Sour green/Roselle/Sorrel/Kenaf - ချဉ်ပေါင်ရွက်
Marrow / chayote / chaico - ဂေါ်ရခါးသီး
Cabbage - ဂေါ်ဖီထုပ်ဖြူ
Asparagus - ကညွတ်
Spinach - ဟင်းနုနွယ်
Egg plant / Aubergine - ခရမ်းသီး
Bamboo shoot - မျှစ်
Bean curds - ပဲပြား
Bean spouts - ပဲပင်ပေါက်
tomato - ခရမ်းချဉ်သီး
Gourd - ဗူးခါးသီး ( အသေးစား )
Calabash - ဘူးသီး

Calabash shoot - ဘူးညွှန့်
Bitter gourd/ karilla fruit - ကြက်ဟင်းခါးသီး
carrot - မုန်လာဥနီ ( ရှည် မျောမျော ပုံ )
beet root - မုန်လာဥနီ ( အလုံး ပုံ )
White radish / turnip - မုန်လာဥဖြူ အကြီး။
Red radish - မုန်လာဥ နီ အလုံးသေး
Cauliflower - ပန်းဂေါ်ဖီ
Chinese cabbage - မုန်ညင်းဖြူ ( တရုပ် )
White mustard - မုန်ညင်းဖြူ ( ကြံမဆိုင် )
cucumber - သခွားသီး
Gherkin - သခွားငယ် ( ချဉ် )
Musk melon - သခွားသီးမွှေး
White pumpkin - ကျောက်ဖရုံသီး
yellw pumpkin - ရွှေဖရုံသီး
Okra / lady's fingure - ရုံးပတေသီး

capsicum - bell pepper
spring onion - ကြက်သွန်မြိတ်
garlic - ကြက်သွန်ဖြူ
cardamon - ဖာလာစေ့
star of aniseed - နာနတ်ပွင့်
ginger - ဂျင်း
chives - ဂျူးဖူး
clove - လေးညှင်းပွင့်
cumin - ဇီယာ။
basil - ပင်စိမ်းရွက်
bay leave - ကရဝေးရွက်။
lemon grass - စပါးလင်
nut meg - ဇာဒိပိုသီး။
Cinnamon bark - သစ်ဂျပိုးခေါက်။
licorice or sweet wood - နွယ်ချို
shallot or small onion - ကြက်သွန်နီအသေးစား။

salt - ဆား
chilli powder - ငရုပ်သီးမူန့်
green chilli - ငရုပ်သီးစိမ်း
pepper/hot pepper/ cayenne pepper - ငရုပ်ကောင်း
curry leaf -ပျဉ်းတော်သိမ်းရွက်
pepper corn/ black pepper - ငရုပ်ကောင်း။
leek ( shallot, scallion ) - ကြက်သွန်မြိတ်
seasoning powder ( monosodium glutamate powder ) - အချိုမူန့်
celery or chinese persley- တရုပ်နံနံ
coriander leaf/ seeds - နံနံရွက်။ နံနံပင်။
mustard seeds - မုန့်ညင်းစေ့။
mustard leaf - မုန့်ညင်းရွက်။
mint - ပူစီနံ။
tamarind - မန်ကျည်းသီး။
turmeric powder - နနွင်းမှုန့်။
saffron - ဂုန်မာန်။

Aung Myo Tun တင်သွင်းသွားတဲ့ post ပါ
အလုပ်တွေများနေလို့ ခုမ မျှဝေဖြစ်ပါတယ်
ကျေးဇူးတင်ပါတယ်

ပျော်ရွှင်ပါစေ
မျှဝေသူ> shweparami at 8:33 PM

No comments:

Post a Comment