Sunday 28 July 2013

အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်း



 
အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်း

ငွေရောင်ဆံပင်၊ ရွှေအိုရောင်ဆံပင်၊ နက်မှောင်တောက်ပြောင်တဲ့ဆံပင် စသည်ဖြင့် အမျိုးမျိုးခေါ်ဆိုကြပေမယ့် အားလုံးဟာ တချိန်ချိန်မှာတော့ မီးခိုးရောင်ဆံပင်တွေကို ပိုင်ဆိုင်ရမှာပါပဲ။ တချို့တွေဟာ အသက်၂ဝ လောက်ကတည်းက ဆံပင်ဖြူကြပေမယ့် တချို့ကတော့ အသက် ၅ဝ ကျော်တဲ့တိုင်အောင် ဆံပင်ဖြူတဲ့ လက္ခဏာတွေကို မတွေရပြန်ပါဘူး။ တကယ်လို့ အစောကြီးဆံပင်ဖြူခဲ့မယ်ဆိုရင် ဘာလုပ်သင့်သလဲ။ သုတေသီပညာရှင်တွေကတော့ အရွယ်မတိုင်ခင် ဆံပင်ဖြူတာဟာ ကျန်းမာရေးနဲ့ဆက်စပ်နေတယ်လို့ ဆိုထားပြီး ဘယ်လိုမျိုးနေထိုင်သင့်တယ် ဆိုတာကိုပါ အကြံပေးထားကြ ပါတယ်။


”ဆံပင်ဖြူတယ်ဆိုတာ…”
ဆံပင်ကိုအရောင်လှစေတဲ့ရောင်ခြယ်ပစ္စည်းတွေထုတ်လုပ်မှုနည်းသွားတဲ့အခါမှာ ဆံပင်တွေဟာ မီးခိုးရောင်ပြောင်း သွားပါတယ်။ သဘာဝအတိုင်း တွေ့ရတဲ့ Hydrogen Peroxide ဓါတ်ငွေ့တွေဟာ ဆံပင်မှာလာစုတဲ့အခါမှာ ဆံပင် အရောင်တွေ ကျွတ်သွားပေးပါတယ်။ အာဆီယံနိုင်ငံတွေ ထဲကလူတွေဟာ အသက် ၃ဝ နောက်ပိုင်းမှာ ဆံပင်ဖြူ တတ်ပေမယ့် လူမည်းနိုင်ငံတွေမှာတော့ အသက် ၄ဝ ကျော်မှသာ ဆံပင်ဖြူတာကို တွေ့ရပါတယ်။ ယေဘူယျအားဖြင့်တော့ လူဖြူတွေဟာ အသက် ၃ဝ ပတ်ဝန်းကျင်ရောက်ရင် ဆံပင်တွေစပြီးတော့ ဖြူလာတတ်တယ်လို့ ဆိုကြပါတယ်။ တကယ်တော့ အသားအရောင်မရွေး၊ လူတိုင်းဟာ အသက် ၅ဝ နောက်ပိုင်းရောက်ရင်တော့ ဆံပင်ဖြူတာပါပဲ။

ဆံပင်ဖြူတာဟာ ကျန်းမာရေး ပြဿနာတစ်ခုလား?
လူတိုင်းလိုလိုဟာ စိတ်ဖိစီးမှုတွေများရင် ဆံပင်ဖြူတယ်ဆိုပြီး အခိုင်အမာပြောဆိုနေကြပေမယ့် သုတေသီတွေက တော့ ဒီအချက်ကို လုံးဝကြီးထောက်ခံထားတာမရှိသေးပါဘူး။ စိတ်ဖိစီးမှုနဲ့ ဆံပင်ဖြူရတဲ့ကြားက ဆက်စပ်မှုကို တိတိကျကျ မသိရသေးပါဘူး။ ကိုယ်ခံစွမ်းအားနှင့် ပတ်သက်တဲ့ရောဂါ၊ မျိုးရိုးဗီဇတို့ကြောင့်လည်း ငယ်ငယ်လေးနဲ့ဆံပင်ဖြူတတ်ပါတယ်။ ခရုသင်း၊ အရွယ်ရောက်ခါစတည်းက တဖြည်းဖြည်းနှင့် အိုမင်းတတ်တဲ့ Werner Syndrome ဆိုတဲ့ ရောဂါတို့ကြောင့်လည်း ဆံပင်အရောင်က ပြောင်းသွားတတ်ပါတယ်။ ဗီတာမင် ဘီ ၁၂ ချို့တဲ့မှု၊ ပစ်ကျူထရီအကျိတ် Pictuitary Gland? ၊ သိုင်းရွိုက်အကျိတ် Thyorid Gland တို့နဲ့ ပတ်သက်တဲ့ ရောဂါတွေကြောင့်လည်း ဆံပင်ဖြူတတ်ကြပါတယ်။

ဒါပေမယ့် တချို့ လူတွေမှာတော့ ငယ်ငယ်လေးနဲ့ ဘာကြောင့် ဆံပင်ဖြူတာလဲ ဆိုတာကို တိတိကျကျ မပြောနိုင်သေးပါဘူး။ တချို့သုတေသီတွေကတော့ အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းနဲ့ အရိုးတွေရဲ့ သိပ်သည်းဆနည်းလာမှုကို ထောက်ပြခဲ့ကြပါတယ်။ အရိုးတွေရဲ့ သိပ်သည်းဆတွေဟာ လူတစ်ယောက်ရဲ့ သွက်လက်လှုပ်ရှားမှု၊ ကိုယ်အလေးချိန်၊ အရပ်၊ ကျင့်ဝတ်တွေအထိ ဆက်စပ်နေပေမယ့် ဆံပင်အရောင် ပြောင်းလဲတာနဲ့ပတ် သက်ပြီးဆက်စပ်မှုမရှိဘူးလို့ တချို့က ဆိုကြပါတယ်။


မီးခိုးရောင်ဆံပင်တွေကို ဘယ်လိုဖုံးကွယ်မလဲ၊

၁။ မိမိအသားရောင်နဲ့ လိုက်ဖတ်မှုရှိတဲ့ ဆံပင်အရောင်မှုတ်ပေးပါ။ အဲဒီအရောင်တွေဟာ ရက်အနည်းငယ်ခံပြီး ဆံပင် အဖြူရောင်တွေကို ချက်ခြင်းမတွေ့နိုင်ပါဘူး။
၂။ Highlights ဖောက်ပါ။ လိုင်းဖော်ထားတဲ့ အရောင်တွေကြားထဲမှာ မီးခိုးရောင်ဆံပင်က ရောနှောသွားလို့ ဆံပင်အဖြူကို ရုတ်တရက် မတွေ့နိုင်ပါဘူး။
၃။ ဆံပင်တစ်ဝက်လောက်က ဖြူနေတယ်ဆိုရင်တော့ ဆံပင်ကို အရောင်ဆိုးဖို့လိုပါတယ်။ လူတစ်ယောက်ရဲ့ မျက်နှာအနေအထားကို လိုက်ပြီး သူနဲ့လိုက်ဖတ်တဲ့အရောင်ကို ဆိုးပေးသင့်ပါတယ်။
၎။ တကယ်လို့ ဆံပင်ဆိုးရတာကို မနှစ်သက်ဘူး၊ ဆံပင်ဖြူတွေကိုလည်း ဖုံးကွယ်ချင်တယ် ဆိုရင်တော့ ဆံပင်တွေကို ဆေးဖျန်းပေးနိုင်ပါတယ်။ သူတို့ဟာ ခေါင်းလျှော်လိုက်တာနဲ့ အရောင်ကျွတ်သွားပါတယ်။

‘ဆံပင်ဖြူတဲ့အချိန်မှာ”
ငယ်ရွယ်သူမိန်းမသား တော်တော်များများက ဆံပင်ဖြူတာနဲ့ သူတို့အရွယ်ကျသွားတယ်လို့ ထင်မြင်နေကြပါတယ်။ ငယ်ရွယ်ပြီး တက်ကြွတဲ့ အမျိုးသမီးတစ်ယောက်အတွက် ဆံပင်အရောင်ဟာ ဘာမှ သိသိသာသာပြောင်းလဲမှု မဖြစ်စေပါဘူး။ ဆံပင်အဖြူတွေဟာ ဆွဲဆောင်မှုမရှိဘူး၊ စိတ်ဝင်စားဖို့မကောင်းဘူး၊ ဆံပင်အတွက် ပူပန်မှုဖြစ်ရတယ် ဆိုရင်တော့ ..

၁။ ဆံပင်အရောင်ဆိုးပြီးရင် ဘယ်လို ဆံပင်ပုံသွင်းမလဲ ဆိုတာကို ခေါင်းအေးအေးနဲ့ စဉ်းစားကြည့်ပါ။
၂။ Highlights ဖောက်မယ်ဆိုရင်လည်း မိမိရဲ့သဘာဝအရောင်နဲ့ အဆင်ပြေဆုံးကို သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။
၃။ ဆံပင်ကို အတိပုံစံ ထားတာထက် အချွန်ပုံစံက ပိုပြီး သင့်တော်ပါတယ်။
၎။ ဆံပင်ကို ဂရုစိုက်ပါ။ နူးညံ့ပျော့ပြောင်းပြီး အစိုဓါတ်ရှိနေတဲ့ ဆံပင်ဟာ ဆံပင်ဖြူတွေကို ဖုံးအုပ်ထား ပေးနိုင်ပါတယ်။
၅။ မိမိကိုယ်ကို ပျော်အောင်နေပါ။ ဆံပင်အရောင်တစ်ခုတည်းနဲ့ အလှပအဟာ ပြည့်စုံသွားမှာ မဟုတ်ပါဘူး။ မိမိဘဝကို ကျေနပ်နှစ်သက်ပြီး ပျော်ရွှင်စွာဖြတ်သန်းတာကသာ အမျိုးသမီး တစ်ယောက်အတွက် တကယ့်အလှစစ်ကို ဖြစ်စေပါတယ်။

နှင်းနုလွင် (ဆေးဝါး)
Living life

No comments:

Post a Comment