Myanmar Online News
မကုန်မချင်းဆော့ပါတယ်
ဆေးခန်းလာပြတဲ လူနာကို ဆရာဝန်က ယခုလို မေးပါတယ်။
ဆရာဝန် - အားကစားရောပုံမှန်လုပ်ဖြစ်ရဲ့ လား။
လူနာ - ဟုတ်ကဲ့ဆရာ၊ ဘောလုံးကန်တယ်။ ပြေးတယ်။ ခုန်တယ်။
ခရစ်ကတ် ဆော့တယ်။ တင်းနစ် ကစား တယ်။ နေ့တိုင်းနီးပါးပါပဲ။
ဆရာဝန် - ဟုတ်လား။ တစ်ရက်ကို ဘယ်နှစ်နာရီ ဆော့ဖြစ်လဲ။
လူနာ - ဖုန်းဘက်ထရီမကုန်မချင်း ဆော့ပါတယ် ဆရာ...။
International news for myanmar
= = = = =
Myanmar Online News
''မင်းကြီးလာရင် ဘာလုပ် မလဲ ဂျွန်နီ ''
လို့ ဆရာမက မေးလိုက်တယ် ဂျွန်နီလေးက စိတ် အားထက် သန်မှုအပြည့် နဲ့ ဆရာမ မေးခွန်းကို
ဒီ လို ဖြေ လိုက် တယ် ။
''ကျွန်တော် ကြီးလာ ရင် တကယ့် ချမ်းသာတဲ့ ဘီလျံနာကြီးဖြစ်ချင် ပါတယ်
။ဈေးအကြီးဆုံး ကလပ် တွေကို သွားမယ် ။အလန်းဆုံးစော် နဲ့ တွေ့ မယ် အဲ့စော် အတွက်
သန်းချီတန်တဲ့ အ ကောင်းဆုံး ကား ဝယ် ပေး မယ် အ ကောင်း ဆုံး နိုင် ငံမှာ အ ကောင်း
ဆုံးတိုက်နဲ့ ခြံဝယ် ထား ပေး မယ် ။နိုင် ငံတကာ လှည့် ပီး ဈေးဝယ် ထွက် ဖို့ ဂျက်
လေ ယာဉ် တစ် စီး ဝယ် ထား ပေး မယ် ။သူ့ ငွေစာ ရင်း မှာ အမြဲ လို သ လောက် ဖြည့် ထား
ပေးမယ်။ တစ် နေ့ ကို သုံး ကြိမ် ချစ် မယ် ''
ဂျွန်နီ့ အ ဖြေကို ကြား လိုက် တော့ ဆရာမ ရှော့ ဖြစ်
သွား တယ် ။
ဒီ က လေး ရဲ့ အရွယ် နဲ့ မလိုက် တဲ့ အ ပြော အဆို တွေ အ ပေါ် ဘယ် လို
တုံ့ပြန် ရ မှန်းမသိဖြစ်သွားပေမဲ့ သူပြော နေတာ ဘယ်ကို ရောက် နေမှန်းသိချင် မှ
သိမှာ ။ ဒါ ကြောင့် အ ရေး မပါ သလို မသိ ချင် ယောင် ဆောင် လိုက်မယ် ဆို တဲ့ အ တွေး
ဝင် လာတယ်။ ဒါနဲ့ သင် ခန်းစာကို ဆက် ဖို့ လုပ်တယ်။
''ကဲ ဒါ ဆို မာရီယာက ကော ကွယ် ကြီးလာ ရင် ဘာလုပ် မလဲ
ပြော ပါအုံး '' လို့ မာ ရီယာ ဘက် လှည့် လိုက် တယ် ။ အဲဒီ မှာ မာ ရီယာ ဖြေ လိုက်
တာက တော့
့
'' သမီး ဂျွန်နီရဲ့ စော်ဖြစ်ချင် ပါ တယ် တီချယ် ''
တဲ့
ခိခိ
Credit To Original Writer
Jay Ki
ဟာသဓါတ်ပုံများ
= = = = =
Myanmar Online News
ဘဲကြိုက်မောင်
Saturday, Augest 03, 2013
တခါက... ...
ဘဲသားတခုတည်းကိုပဲ ဟင်းလျာအဖြစ် ချက်ပြုတ်ရောင်းချတဲ့ ဆိုင်တစ်ဆိုင် ရှိတယ်။
အဲဒီဆိုင်က ဘဲသားကလွဲလို့ တခြားအသားငါး၊ လုံးဝရောင်းချခြင်းမရှိဘူးလို့
နာမည်ကြီးသတဲ့။
တစ်ရက်တော့ ဘဲသားအလွန်ကြိုက်တဲ့ လူတစ်ယောက် အဲဒီ
စားသောက်ဆိုင်ကို ရောက်လာပါတယ်။
“ဘဲနဲ့ပတ်သက်တာ အကုန်ပေးကွာ”
စားပွဲထိုးလေးဟာ ဟင်းတစ်ပွဲချလိုက်၊
အဲဒီဟင်းပွဲအမည်ကိုရွတ်ပြလိုက်နဲ့ အလုပ်ရှုပ်နေပါတယ်။
“ဒါက ဘဲရင်ပုံသားပေါင်း”
“ဒါက ဘဲခြေထောက်သုပ်”
“ဒါက ဘဲကောင်လုံးကင်”
“ဒါက ဘဲတောင်ပံအစာသွပ်”
“ဒါက ဘဲပေါင်အကြွပ်ကြော်”
… …အဲ ဖြစ်ချင်တော့ အလုပ်သမားတွေစားဖို့ ချက်ထားတဲ့
ကြက်သားဟင်းတစ်ခွက် မှားပါလာတယ်။
ပြန်ယူသွားလို့လဲမကောင်း ဘဲနဲ့လည်းမလွတ်အောင်
အဲဒီဟင်းကိုချပေးလိုက်ရင်း စာပွဲထိုးလေး ပြောလိုက်တာကတော့…. …
“ဒါက ဘဲသူငယ်ချင်းဆီပြန်”... တဲ့။
ပိုင်ဘူးလား
https://www.facebook.com/thanlayko
သန်၎ကို-ဘာသာပြန်သည်
ဟာသဗိမာန်-ဆရာသန်
= = = = =
Myanmar Online News
"စီးပွားရေးသမား"
Thursday, August 1, 2013
မြို့သားတစ်ယောက် တောဘက်သို့ပြောင်းလာပြီးနောက် မြည်းတစ်ကောင်ကို တစ်သိန်းနှင့်
လယ်သမားအဖိုးကြီးဆီက ဝယ်ခဲ့သည်။
နောက်နေ့မနက် အဖိုးကြီး ကားဖြင့်ရောက်လာပြီးပြောသည်။
"ဝမ်းနည်းပါတယ်မောင်ရင်၊ မောင်ရင်ဝယ်တဲ့ မြည်းက
မနေ့ညကပဲ သေသွားလို့ အခု အလောင်းပဲ ပါလာတယ်။"
"ဒါဆို ပိုက်ဆံပြန်အမ်းလေ"
"ပိုက်ဆံကလည်း မနေ့ကသုံးလိုက်တာ
ကုန်သွားပြီ"
"ကောင်းပြီလေ၊ ဒါဆိုလည်း မြည်းအလောင်းပဲ
ချခဲ့ပါ"
"မောင်ရင် ဘာလုပ်မလို့လဲ"
"မဲဖောက်လိုက်မယ်"
"မြည်းသေကို မဲဖောက်လို့မှ မရတာ"
"စောင့်ကြည့်ပါလေ။ မြည်းက အသေဆိုတဲ့အကြောင်း
ကျွန်တော်မပြောဘူး"
တစ်လကြာသော် အဖိုးကြီးပြန်ရောက်လာပြီးမေးသည်။
"မြည်းသေကိစ္စ ဘယ်လိုဖြစ်သွားလဲ"
"မဲဖောက်လိုက်တယ်လေ။ လက်မှတ်တစ်စောင် ၂၀၀၀ နဲ့
ရောင်းတော့ အစောင် ၅၀၀ ရောင်းရတယ်။ အဲဒီတော့ ကျွန်တော် ၉၉၈၀၀၀ မြတ်သွားတယ်"
"ဟေ ဘယ်သူမှ မင်းကို ပြသနာ မရှာဘူးလား"
"တစ်ယောက်ပဲ ရှာတယ်၊ မဲပေါက်သွားတဲ့လူလေ။
အဲဒီတော့ သူ့ကို ကျွန်တော် ငွေနှစ်ထောင် ပြန်အမ်းလိုက်တာပေါ့"..
- Chilly Chan
Chilly's Joke Corner
= = =
= =
No comments:
Post a Comment