Monday, 19 August 2013

အစာအိမ်အောင့်ခြင်း နာခြင်း များအတွက် အစွမ်းထက် ဆန်ဆေးရည်



သတင်းချစ်သူ - ဝေဟင်'s photo.
အစာအိမ်ရောဂါခံစားရသူများသည် အစားစာလောင်ခြင်း မဖြစ်စေရန်အတွက် စားစရာများကို ကိုယ့်နှင့်မကွ ဆောင်ထားကြသည်မှာ များကြပါသည်။ သင်သည် ယခုဆန်ဆေးရည်ကို နေ့စဉ်ပုံမှန် သောက်သုံးပါက အစားအစာဆောင်ရခြင်းနှင့် အစာအိမ်အောင့်ခြင်း နာခြင်းများ မရှိတော့ပါ။

ကျောင်းတက်စဉ်က သူငယ်ချင်းများနှင့် မိတ်ဆွေများထဲ့မှ အစာအိမ်ဖြစ်သောသူများကို ပြောပြပြီး သောက်ခိုင်းခဲ့လို့  အစာအိမ်သမား တော်တော်များများ ပျောက်ကင်းသက်သာခဲ့ပြီး ကောင်ညှင်းပေါင်းတောင် မစားရဲသူများတောင် စားလို့ ရလာနိုင်သော ဆန်ဆေးရည်ဖြစ်ပါသည်။

အစာအိမ်သမားများအတွက် ဆန်ဆေးရည်ကို အောက်ပါအတိုင်း လုပ်ဆောင် သောက်သုံးလိုက်ပါ
မနက်အိပ်ယာထထခြင်း မနက်ဆန်ဆေးရည်ကို မက်ခွက်တခွက်လောက်ကို အမြဲသောက်ပေးပါ။ ရောဂါပေါ်မှုတည်ပြီး သောက်ပေးရပါမည် အချိန်ကိုတော့ လပိုင်းထိ မနက်တိုင်းမနက်တိုင်း သောက်ပေးပါ။

လုပ်ဆောင်နည်း ………
မနက်ထမင်းချက်ဖို့ ဆန်ဆေးသည့်အခါ ပထမ ဆန်ဆေးရေကို အလျှင်အမြန်ဆေးပါ ပထမရေသည် ဆန်တွင်ပါဝင်သော သဲအမှုန့် များ ကို ဆေးကြောခြင်းဖြစ်ပါသည်။
 ဒုတိယအကြိမ်တွင် ဆေးသောဆန်ဆေးရေကို လက်ဖြင့် ကျကျနန ပွတ်သက်ဆေးကြောပြီး ရရှိလာသော ဆန်ဆေးရေကို မနက်အိပ်ယာ ထထခြင်း မက်ခွက်ကြီး တခွက်စာ သောက်သုံးပေးပါက အစာအိမ်ဖြစ်သော သူများသည် မိမိဖြစ်နေသော ရောဂါဝေဒနာ ပျောက်ကင်းသွားပါလိမ့်သည် ။

credit: natureenergycare

No comments:

Post a Comment