"ပြောဆိုရာမှာ ယဉ်ကျေးပါ"
Monday, August 05, 2013
အသစ်ခန့်လိုက်တဲ့ အတွင်းရေးမှူးမလေးဟာ ရုပ်ရည်ချောမောလှပသလောက် စကားပြောရာမှာလည်း
လိမ္မာပါးနပ်လှတယ်။
တရက်တော့... ...
အိမ်သာကထွက်လာတဲ့ သူဌေးဟာ မေ့ပြီး ဘောင်းဘီဇစ်ကို
ပြန်ဆွဲမပိတ်မိဘူး ဒါကို အတွင်းရေးမှူးမလေးက မြင်တော့ သူဌေးကို သတိပေးလိုက်တယ်...
...
"ဆရာရှင့်၊ ဆရာ့ရဲ့ စစ်တန်းလျား တံခါး
ပွင့်နေပါတယ်ရှင်"
ဒါကို သူဌေးက ဘာပြောမှန်းမသိဘူး။ ဇဝေဇဝါဖြစ်ပြီး
ဘာမှပြန်မပြောဘဲ သူ့ရုံးခန်းထဲဝင်သွားတယ်။
ခဏနေတော့မှ သူ့ဘောင်းဘီဇစ် မပိတ်မိတာကို
သတိထားမိသွားပြီး အတွင်းရေးမှူးလေးရဲ့ စကားကို သဘောပေါက်တော့တယ်။
ဒါနဲ့ သူ့အတွင်းရေးမှူးလေးကို နောက်ချင်လာလို့
အင်တာကွန်းကနေ လှမ်းခေါ်လိုက်တယ်... ...
"တွီ တွီ..."
"ပြောပါဆရာ"
"သမီးရေ... ခုနက စစ်တန်းလျားထဲမှာ
စစ်သားတစ်ယောက် တောင့်တောင့်ကြီးရပ်နေတာ မတွေ့မိဘူးလားကွဲ့"
ဒီတော့ အတွင်းရေးမှူးမလေးက ပြန်ပြောတယ်... ...
"ဟင့်အင်းဆရာ၊ ဒုက္ခိတဖြစ်နေတဲ့ စစ်သားတစ်ယောက်တော့
တွေ့တယ်၊ သဲအိတ်အစုတ်ကြီး နှစ်လုံးပေါ်မှာ ပုံ့ပုံ့ကြီး ထိုင်လို့... "
"ဟေ...အေ..."
https://www.facebook.com/thanlayko
သန်၎ကို-ဘာသာပြန်သည်
No comments:
Post a Comment