Saturday, 3 August 2013

မှတ်ဖွယ်စုံရာ သုတပဒေသာ


Myanmar Online News
မှတ်ဖွယ်စုံရာ သုတပဒေသာ
Saturday, Augest 03, 2013

၁။ ဇီးကွက် (owl) ၏မျက်လုံးဟာ သူတို့ ရဲ့ ဦးနှောက်ထက် ပိုကြီးပါတယ်။

၂။ အေးစက်နေတဲ့ အိပ်ခန်းထဲမှာ အိပ်ရင် အိမ်မက်ဆိုးတွေပို မက်နိုင်ပါတယ်။

၃။ အမေရိကန် သမ္မတ တွေထဲမှာ အေဘရာဟင်လင်ကွန်း(Abraham Lincoin)ဟာ အရပ်အရှည်ဆုံးပါ။ သူ့ အရပ်က ၆ ပေ ၄ လက်မ(1.9 m)ရှည်ပါတယ်။

၎။ အသံဟာ လေထဲမှာထက် ရေထဲမှာ ၄ ဆ လောက်ပိုပြီးမြန်စွာ သွားနိုင်ပါတယ်။

၅။ နို့ တိုက်သတ္တဝါတိုင်းမှာ လျှာတွေရှိကြပါတယ်။

၆။ အင်္ဂလန်နိုင်ငံ ၏မျိုးသားအားကစားဟာ ဘောလုံးကစားခြင်းမဟုတ်ပါဘူး။
ခရစ်ကက်(Cricket) ကစားခြင်းသာဖြစ်ပါတယ်။

၇။ ပင်ဂွင်းငှက်တွေဟာ လေထဲမှာ ၆ ပေလောက်အ ထိ မြင့်အောင် ခုန်နိုင်ပါတယ်။

၈။ ကုလားအုတ် (Camel)တွေဟာ ရေ ၂၅ ဂါလံလောက်ကို တစ်ခါတည်းသောက် နိုင်ပါတယ်။

၉။ ပစိဖိတ် သမုဒ္ဒရာ ထဲမှာ ကျွန်းပေါင်း ၂၅၀၀၀ လောက်ရှိပါတယ်။

၁၀။ ရေဘဝဲ (Octopus) တွေရဲ့ မျိုးပွားအင်္ဂါ (ဝှေးစေ့)တွေသည် သူတို့ ၏ ခေါင်းမှာ ရှိကြပါတယ်။

သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ပါစေ............
နေခရမ်း

No comments:

Post a Comment