Today Myanmar
လှေကားထစ်တက်သကဲ့သို့ အနိမ့်အမြင့်
အားစိုက်လုပ်ရသော ကိစ္စရပ်များသည် ညဘက်ပိုမို အိပ်ပျော်စေသည် ဟုဆိုပါသည်။
ဤကိစ္စမျိုးသည် နှလုံးက ၇၅ ရာခိုင်နှုန်းထိ အမြင့်ဆုံးအား စိုက်ညှစ်ရသောကြောင့်
Isomnia ခေါ်ညအိပ်မပျော်မှု သက်သာစေနိုင်ကြောင်း အီလီနွိုက် Northwestern University
က သုတေသနသစ်တွင် အကြံပြုထားပါသည်။
သုတေသီများ၏ တွေ့ရှိချက်၌
အင်တိုက်အားတိုက် ချွေးထွက်အောင် လုပ်ကိုင်ရသူများသည် အိပ်စက်မှုစမ်းသပ်ရာ၌ ၄ ဒသမ ၈
မှတ်ရ၏။ (ရမှတ်နည်းလေ ကောင်းစွာ အိပ်စက်ရလေ ဖြစ်သည်။) နှိုင်းယှဉ်ပါက
ဖြည်းဖြည်းမှန်မှန်လုပ်ရသူများမှာ ၁ ဒသမ ၈ မှတ်သာသာရ၏။ Sleep Disorders Center
တက္ကသိုလ် ဒါရိုက်တာ Dr.Phyllis Zee က ဆေးဝါး မသုံးစွဲသူများနှင့် နှိုင်း စာလျှင်
Aerobic ကစားခြင်းသည် လူနာများ၏အိပ်ချိန်ကို သိသာစွာ တိုးမြှင့်ပေးသည် ဟုဆိုပါသည်။
သက်လတ်ပိုင်း ၅ဝ ရာခိုင်နှုန်းနှင့်
သက်ကြီးပိုင်း အများစုသည် အိပ်မပျော်လက္ခဏာများ ခံစားနေရပါသည်။ Dr.Zee က
''အိပ်စက်ခြင်းဟာ ကျန်းမာရေးကိုဖော်ပြတဲ့ ကိရိယာတစ်ခု ဖြစ်ပါတယ်။ လူတစ်ယောက်
ကောင်းကောင်း အိပ်မပျော်ရင် ကျန်းမာရေးကို များစွာထိခိုက်ပြီး သွေးတိုး၊
ဆီးချိုဖြစ်တတ်တယ်'' ဟု သူက ဆိုပါသည်။
Swe Son
No comments:
Post a Comment