သြော် ယောက်ျား - မိန်းမ ....

(၁) သြော်… ယောက်ျား
တွေ့ စ
ဟာ.. ချစ်စရာလေး… ဖြူလွှလွှလေး… နတ်သမီးလေးကျနေတာပဲ။
ချစ် စ
ကမ္ဘာပေါ်မှာ အလှဆုံး၊ အကောင်းဆုံး မိန်းကလေး…. ငါ့ သူ့ကိုပဲ
လက်ထပ်မယ်။
လက်ထပ်ပြီး(၁)နှစ်
ငါ့မိန်းမ မဆိုးဘူး။ တော်တယ်လို့ ပြောလို့ရတယ်။
တစ်ခါတလေ စိတ်ကောက်တတ်တာလေး တစ်ခုပဲ။
လက်ထပ်ပြီး(၅)နှစ်
ဒီမိန်းမ ပစိပစပ်နဲ့ ကြာလေဆိုးလေပဲ ငါသည်းခံလို့
မရတော့ဘူး။
လက်ထပ်ပြီး(၁၀)နှစ်
ကမ္ဘာပေါ်မှာ ရုပ်အဆိုးဆုံး မိန်း။ အကျိုးသင့်
အကြောင်းသင့် မစဉ်းစားတတ်တဲ့ မိန်းမ။ ငါဘာလို့ သူ့ကို လက်ထပ်မိပါလိမ့်…
လက်ထပ်ပြီး အနှစ်(၂၀)
သူရဲ့ ဆိုးပြစ်တွေ၊ မကောင်းတဲ့ အကျင့်တွေကို
ဖယ်လိုက်တော့ နည်းနည်းခံသာပါသေးတယ်။
လက်ထပ်ပြီး အနှစ်(၃၀)
တစ်ခါတလေမှာ သူသဘောထား ပြည့်ဝရှာပါတယ်။ အိမ်ထောင်လည်း
ထိန်းနိုင်တယ်။
ငါ့ကိုလည်း နားလည် ပေးတတ်တယ်။
လက်ထပ်ပြီး အနှစ်(၄၀)
ငါ့မိန်းမ မဆိုးဘူး။ အိမ်မှာနေ အိမ်တာဝန်ကျေသလို..
လူမူရေးမှာလည်း
သူလုပ်နိုင်တယ်။ နောင်ဘ၀ရှိရင် သူ့ကိုပဲ ငါလက်ထပ်မယ်။
မိန်းမသေဆုံးပြီးနောက်
ဘယ်လောက်ထိ ၀မ်းနည်းတယ်ဆိုတာ ပြောပြလို့
မတတ်အောင်ပါပဲ။ ငါဟာ ကမ္ဘာပေါ်မှာရှိတဲ့ အကောင်းဆုံး မိန်းမတစ်ဦးကို
ဆုံးရှုံးလိုက်ရပြီ….
(၂) သြော်….. မိန်းမ
တွေ့ စ
ဟင်း..မအူမလည်လေး… တုံးအအ ပုံစံလေးနဲ့… ချစ်ဖို့ကောင်းတယ်။
ချစ် စ
သူ အရမ်းရိုးသားတာပဲ။ စကားလည်း နားထောင်တယ်။
သနားကမားလေး.. ငါ့ သူနဲ့ပဲ လက်ထပ်မယ်။
လက်ထပ်ပြီး (၁)နှစ်
သူ မဆိုးဘူး။ ဗဟုသုတလည်းရှိတယ်။ ငါ့ကိုလဲ ကြင်နာတယ်။
ယောက်ျားပီသတယ်။
လက်ထပ်ပြီး (၅)နှစ်
သူတော်မှန်း အခုမှ သိတော့တယ်။ တစ်ခြားယောက်ျားတွေနဲ့
မတူဘူး။ ကြိုးစားတယ်။
လက်ထပ်ပြီး (၁၀)နှစ်
သူဟာ ဒီကမ္ဘာမှာ အကောင်းဆုံး ယောက်ျားပဲ။ သူသာမရှိရင်
ငါဘယ်လို အသက်ရှင်ရမလဲတောင် မသိဘူး။
လက်ထပ်ပြီး အနှစ်(၂၀)
သူ့ရဲ့ ကောင်းကွက်တွေ တစ်ဖြည်းဖြည်း နည်းလာပါလား…
လက်ထပ်ပြီး အနှစ်(၃၀)
မကောင်းတာတွေ ပိုပိုများလာပါလား။ ပျင်းလည်း ပျင်းသေး၊
တုံးလည်း တုံးသေး၊ ခေါင်းက မာသေး…
လက်ထပ်ပြီး အနှစ်(၄၀)
တုံးတုံးအအ ဒီအဘိုးကြီးကို နောင်ဘ၀မှာ ဘာပဲလာပြောပြော
မယူဘူး…
ယောက်ျားသေဆုံးပြီးနောက်
ငါ့ကို တစ်ယောက်တည်း ရက်ရက်စက်စက် ထားသွားပြန်ပြီ….
Credit-> Original up-loader
ပုဂံအွန်လိုင်းမီဒီယာ
No comments:
Post a Comment