"ဆုံးဖြတ်လိုက်"
တရားရုံးတစ်ခုမှာ....
လင်မယားကွာရှင်းလိုမှု တစ်ခုကို ကြားနာစစ်ဆေးနေပါတယ်
ကလေးတွေကို ဘယ်သူက ထိမ်းသိမ်းစောင့်ရှောက်ရမလဲ ဆိုတာက
ပြဿနာ။
မိခင်ဖြစ်သူက တရားသူကြီးထံ လျှောက်လဲတယ်... ...
"တရားသူကြီးမင်းရှင့်၊ ဒီကလေးတွေကို
လူ့လောကထဲရောက်အောင် ကျမက ဆောင်ကျဉ်း မွေးဖွားခဲ့တာပါ၊ ဒါ့ကြောင့် ကျမသာလျှင်
ထိမ်းသိမ်းစောင့်ရှောက်ခွင့် ရသင့်ပါတယ်"
ဒီတော့ တရားသူကြီးက ဖခင်ဖြစ်သူကို မေးတယ်... ...
"ဖခင်ဖြစ်သူဖက်ကရော ဘာများ ပြောချင်ပါသလဲ"
သူ မျက်နှာငယ်လေးနဲ့ တရားသူကြီးကို ပြန်ကြည့်နေတယ်။ ဘာပြောရမှန်းမသိပဲ
တွေတွေဝေဝေကြီးပေါ့။ ခဏနေတော့မှ ထိုင်နေရာကနေ မတ်တတ်ရပ်ပြီး ပြောတယ်... ....
"တရားသူကြီးမင်းခင်ဗျား၊ အအေးဗူးရောင်းတဲ့
စက်ထဲကို ကျနော်က တစ်ဒေါ်လာထည့်လိုက်တယ်၊ စက်ထဲကနေ ကိုကာကိုလာတစ်ဗူး ထွက်လာတယ်၊
အဲဒီ ကိုကာကိုလာဗူးကို စက်ကပိုင်တာလား၊ ကျနော်က ပိုင်တာလား"... တဲ့
https://www.facebook.com/thanlayko
သန်၎ကို-ဘာသာပြန်သည်
ဟာသဗိမာန်-ဆရာသန်
No comments:
Post a Comment