Wednesday, 21 August 2013

အကျိုးရှိစွာလှူဒါန်းပါ



ထေရဝါဒ ရနံ့'s photo.

တစ်ခါက ဒကာတစ်ဦးက ဆရာတော်ဘုရားကြီးအား -
'ဆရာတော်ကြီး၏ ကျောင်းအဝင်ဝ ဟိုဘက် ဒီဘက်မှာ ခြင်္သေ့ကြီးနှစ်ကောင် တည်ချင်ကြောင်း' လျှောက်ထားပါသည်။

ဆရာတော်ကြီးက -
“ဒကာကြီး။ လောကမှာ အကျိုးရှိတဲ့အလုပ်နဲ့ အကျိုးမရှိတဲ့အလုပ် ဘယ်ဟာက ကောင်းသလဲ”

“အကျိုးရှိတဲ့အလုပ်က ကောင်းပါတယ်ဘုရား”

“ဘုန်းကြီးတို့ကျောင်းနဲ့ ခပ်လှမ်းလှမ်းမှာ ကြမ်းခင်းသက်ငယ်မိုးနဲ့ ဇရပ်ကလေးရယ်၊ ထရံကာနဲ့ စာသင်ကျောင်းကလေးရယ် ရှိတယ်။ ဒီဇရပ်နဲ့ ကျောင်းကလေးကို သပ်သပ်ရပ်ရပ်ဖြစ်အောင်
သွပ်မိုးပျဉ်ကာ လုပ်လိုက်ရရင် သူလည်း အကျိုးရှိ၊ ကိုယ်လည်း အကျိုးရှိဖြစ်လိမ့်မယ်”

“တင်ပါ့ဘုရား။ အဲဒီဇရပ်နဲ့ စာသင်ကျောင်းကိုလည်း တပည့်တော်ဖြစ်အောင်လုပ်မယ် ဘုရား။ ဒီခြင်္သေ့ကိုလည်း လုပ်မယ် ဘုရား”

“အင်း . . . လူတွေက အကျိုးမရှိတဲ့ အလုပ်ကို တယ်လုပ်ချင်ကြတာကိုး”

(ကျေးဇူးတော်ရှင် တိပိဋကဓရ မင်းကွန်းဆရာတော်ကြီး)

မင်းနန် (မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ - ၁၁၀) မှ
ကောက်နုတ်ပူဇော်ပါသည်။

No comments:

Post a Comment