Today Myanmar
သင်ဟာ တစ်နေကုန် လူပင်ပန်း၊ စိတ်ပင်ပန်း ဖြစ်နေတာကြောင့် အနားယူလိုရင် အောက်ပါအတိုင်း အနှိပ်ခံကြည့်ပါ။ ပစ္စည်းကိရိယာ မလိုအပ်ဘဲ နေရာမရွေး ပြုလုပ်နိုင်ပါတယ်။ သီချင်းသံအေးအေးပဲ လိုအပ်ပါတယ်။
ဇက်ကြောနဲ့ နောက်ကျောတက်နေရင်
သင့်လက်ဖဝါးကို
သင့်ရင်ဘတ်ပေါ်မှကျော်ပြီး တခြားတစ်ဖက်မှ ပခုံးပေါ်မှာ တင်ကာ အပေါ်ပိုင်းနောက်ကျော
ကြွက်သားတွေရဲ့ ဧရိယာနေရာ ကျယ်ကျယ်ရနိုင်သမျှကို နှိပ်နယ်ပေးပါ။ နှစ်ဖက်စလုံး
ပြုလုပ်ပါ။
ခေါင်းကိုက်နေရင်
သင့်လက်ဖဝါးတွေ ပူနွေးလာအောင်
လက်ဖဝါးနှစ်ဖက်ကို အတူတူ ပွတ်တိုက်ပေးပါ။ အဲဒီပူနွေးနေတဲ့ လက်ဖဝါးနှစ်ဖက်ကို
မျက်လုံးပေါ်မှာ စက္ကန့် ၃၀ ခန့် အုပ်ထားပေးပါ။ လက်ဖဝါးနှစ်ဖက်ကို နားထင်ပေါ်ကို ရွှေ့ပြီး
နားထင်မှာ စက္ကန့် ၃၀ ခန့် စက်ဝိုင်း ပုံသဏ္ဌာန် နှိပ်ပေးပါ။ အသာအယာ ပြုလုပ်ပါ။
ပြီးရင် သင့်လက်ချောင်းတွေကို ဦးခေါင်းထိပ်ဘက်ကို ရွှေ့ပြီး ဦးခေါင်းခွံပေါ်မှာ
Direction မျိုးစုံ လှည့်လည်ပြီး နှိပ်ပေးပါ။ ဦးခေါင်းခွံပေါ်မှ
အရေပြားရွေ့လျားဖို့ လိုအပ်တာမို့ ဖိအား အနည်းငယ် ပေးဖို့ လိုအပ်ပါတယ်။
ဦးခေါင်းခွံ တစ်ခုလုံးကို ကာမိအောင် လက်ချောင်း ၁၀ ချောင်းစလုံးကို အသုံးပြုပါ။
ကြာရှည် မတ်တတ်ရပ်နေရပါသလား
သင့်လက်ဖဝါးတွေနဲ့
နောက်ကျောအောက်ပိုင်း ကြွက်သားတွေပေါ်မှာ ဖိနှိပ်ပေးပါ။ စက်ဝိုင်းပုံသဏ္ဌာန်
ခပ်ပြင်းပြင်း ဖိနှိပ်ရမှာဖြစ်ပြီး သင့်လက်တွေကို အပေါ်ပိုင်းနေရာဘက်သို့
ရွှေ့နိုင်သမျှ တဖြည်းဖြည်းချင်း ရွှေ့သွားပေးပါ။ ကျောရိုး တစ်ဖက်တစ်ချက်စီနဲ့
တစ်လက်မစီ ခွာပြီးပြုလုပ်ပေးပါ။
လက်မောင်း နာကျင်နေရင်
သင်ရဲ့လက်မောင်းကို
သင်ရဲ့အခြားလက်တစ်ဖက်နဲ့ တံတောင်ဆစ်နေရာမှ စတင်ပြီး ဖျစ်ညှစ်ကာ အပေါ်ဘက်သို့
တဖြည်းဖြည်း နှိပ်နယ်သွားပါ။ လက်ဖဝါးနဲ့ ဖိအားပေးကာ နှိပ်ရမှာဖြစ်ပြီး
လက်ချောင်းတွေနဲ့ ရွေ့လျားမှု တည်ငြိမ်အောင် ထိန်းထားပေးပါ။
Lwin Maung
No comments:
Post a Comment