အိပ်စက်ခြင်းနှင့်အတူ အံ့ဩဖွယ်ရာအချက် (၁၁)ချက်

Monday, August 05, 2013
(၁) အသက်ရှင်ရန် အိပ်ပါ
အသက် ရှင်ဖို့ အစာစား ရသလို အိပ်တာ ဟာလည်း အရေးကြီး
ပါတယ်။ အစာ အစာ ချိုတဲ့ရင် ဖြစ်တတ် သလိုမျိုး အအိပ် ချို့တဲ့တဲ့ တိရစ္ဆာန် တွေဟာ
နှစ်ပတ်မှ သုံးပတ် အတွင်း သေဆုံး သွားတယ်လို့ သိပ္ပံပညာရှင် တွေက တွေ့ရှိခဲ့ ပါတယ်။
(၂) အိပ်ပျော်စေရန် ဖျော်ရည်သောက်ပါ
ပန်းသီး သုံးလုံး၊ လိမ္မော်သီး နှစ်လုံး၊ ရှောက်သီး
တစ်စိတ်၊ ဆလတ်ရွက် လက်နှစ်ဆုပ်စာ ကို ရောစပ်ထားတဲ့ ဖျော်ရည် တစ်ခွက်ကို အိပ်ရာ
မဝင်ခင် သောက်ပေးရင် ကလေး ငယ်လိုမျိုး နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်
နိုင်ပါတယ်။ အဲဒီ အစားအစာ တွေမှာ သဘာဝ အိပ်ဆေးဖြစ်တဲ့ လက်တုန်းတွေ ပါဝင်လို့ပါ။
(၃) နွားနို့သောက်ပါ
Tryptophay ဆိုတာဟာ ပရိုတင်း အစားအစာမှ ရရှိတဲ့၊
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အမိုင် နိုအက်စစ် ရှစ်မျိုးထဲက တစ်မျိုး ဖြစ်ပြီး
နွားနို့နဲ့ အသားမှာ များစွာ ပါဝင်ပါတယ်။ အိပ်စက်မှုကို ကောင်းမွန်စေပြီး
ဦးနှောက်တွင်း အိပ်စက်မှု ကောင်းစေ တဲ့ ဟော်မုန်းတွေ ထွက်လာအောင် လှုံ့ဆော်
နိုင်လို့ပါ။
(၄) ငှက်ပျောသီး စားပါ
ငှက်ပျောသီး၊ ခရမ်းချဉ်သီး၊ အုတ်စပါးနဲ့ ဆန်လိုမျိုး
တချို့ အစား အစာတွေမှာ မက်လတိုနင် ပါဝင်တဲ့ အတွက်
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ထိန်းညှိ ပေးပါတယ်။
(၅) သမ်းဝေတာ ပျောက်အောင် များများအိပ်ပါ
အိပ်ရေးမဝတဲ့ ရက်တွေ များလာရင် လည်ချောင်းတွင်းရှိ
ကြွက်သားတွေ တွဲကျလာ ကာ သမ်းဝေတာ များလာပြီး အအိပ်နည်း သွားပါတယ်။ သမ်းဝေတာ
ရပ်အောင် အနည်းဆုံး တစ်ညကို ခုနစ်နာရီ အိပ်ပေးပါ။
(၆) ကြံ့ခိုင်မှုပြည့်ဝအောင် အိပ်ရေးဝ၀အိပ်ပါ
အိပ်ရေး မဝတဲ့ ရက်တွေ များလာရင် နှလုံးသွေးကြောရဲ့
လုပ်ငန်း ဆောင်တာဟာ ၁၁ ရာခိုင်နှုန်းထိ ကျဆင်း သွားပါတယ်။ အဓိပ္ပာယ် ကတော့
ကြံ့ခိုင်ပြီး ကျန်းမာလိုရင် အိပ်ဖို့ အရေးကြီး ပါတယ်။
(၇) ခြေထောက်ကို နွေးနွေးထွေးထွေးထားပါ
ခြေထောက်နဲ့ လက်တွေမှာ သွေးရှောက်ရှိမှု နည်းသွားရင် အိပ်ရာက နိုးလာတတ်ပါ တယ်။ ဆောင်းရာသီမှာ ခြေထောက်နွေးအောင် ခြေစွပ်ဝတ်အိပ်ပါ။
(ဂ) အအိပ်ကို ဦးစားပေးပါ
အိပ်ရေး မဝတာကြောင့် ခုခံအား စနစ်နဲ့ ဆုံးဖြတ်နိုင်မှု
စွမ်းရည်တွေ ကျဆင်းတတ် တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ကျန်းမာတဲ့ ဘဝရဖို့
အအိပ်ကို ဦးစားပေး ရပါမယ်။ ညစဉ် ညတိုင်း အိပ်ချိန်တူ ညီအောင် လေ့ကျင့်ပါ။
(၉) လှပစေရန် အိပ်ပါ
သင်အိပ်ပျော် နေစဉ်အတွင်း သင့်အရေပြား၊ ဆံပင်နဲ့
လက်သည်းတွေရဲ့ ဆဲလ်တွေ အသစ် ပြန်လည် ဖြစ်ပေါ်လာတဲ့ အတွက်ဟာလည်း အိပ်စက် တာကြောင့်
ပြန်ကောင်းမွန်လာစေ နိုင်ပါတယ်။
(၁၀) အိပ်ရာမဝင်ခင် ရေချိုးပါ
အိပ်ရာမဝင်ခင်မှာ ရေနွေးနဲ့ ရေချိုးတာကြောင့်
ကြွက်သားတွေကို Relax ရရှိစေ ပြီး အိပ်ပျော်စေနိုင်ပါတယ်။ အမှောင်သန်းချိန်မှစပြီး
ကဖင်းကို ရှောင်ပါ အိပ်ရာ မဝင်ခင် ကဖင်း သောက်ရင် အိပ်စက်မှု အရည်အသွေးကို
ကျဆင်းစေနိုင် ပါတယ်။ ကော်ဖီသာမက ချောကလက် မှာလည်း ကဖင်း ပါဝင်တာကြောင့် ချောကလက်ကို ညအချိန်မှာ မစားပါနဲ့။
(၁၁) ခေါင်းချတာနဲ့ အိပ်ပျော် သလို မဖြစ် ပါစေနဲ့
သင်ဟာ ခေါင်းအုံးပေါ်မှာ ခေါင်းတင် လိုက်ရုံနဲ့
အိပ်ပျော် သူဖြစ်ရင် အအိပ်ချို့တဲ့ တတ်သူ ဖြစ်ပါတယ်။ ကျန်းမာသူ တစ်ယောက်အနေနဲ့
အိပ်ပျော်ဖို့ ၁၀ မိနစ်လောက် အချိန် ယူရတယ်။
ဒေါက်တာခင်မိုးမိုး
ဦးဇော် သိသမျှ မျှဝေရာအရပ်
No comments:
Post a Comment