Monday, 19 August 2013

နောင်တ



Myanmar Online News
ချစ်သူများနေ့ ရဲ့ ညမှာ ကောင်လေး နဲ့ ကောင်မလေး ရေကန်ကြီး (အင်းလျား ကန်ဘောင် လိုနေရာမျိုး)ရဲ့ဘေးမှာ စကားပြောကြတယ်။

ကောင်လေး။ ။ `ငါ နင့်ကိုချစ်တယ်´
ကောင်မလေး။ ။ ` အကယ်၍ နင်ငါ့ကိုတကယ်ချစ်တယ်ဆိုရင် အဲ့ဒီ့ ရေကန်ထဲ ခုန်ချပြီး သက်သေပြ´

ကောင်လေး က ကန်ဘောင်ပေါ် လမ်းလျောက်သွားပြီး ဘာမှ တွေဝေမနေဘဲ တခါတည်း ခုန်ချပစ်လိုက်တယ်။
.....
နှစ်တွေကြာပြီးနောက် သူတို့ မင်္ဂလာဆောင်ပြီး သွားပြီ။
Wheel Chair ပေါ်မှာ ထိုင်နေတဲ့ ကောင်လေး ကိုကောင်မလေး က တွန်းလာတယ်။
သူတို့ အကြောင်းကို ကြားဖူးနားဝ ရှိတဲ့ လူတစ်ယောက် ရောက်လာပြီး
ကောင်မလေးကို မေးတယ်။

`နင့် ခင်ပွန်းက ဒုက္ခိဖြစ်နေတာတောင် နင် သူ့ကို ယူတယ်နော်... နင်နောင်တ မရဘူးလား´

ကောင်မလေး က မျက်နှာထားတင်းတင်းနဲ့
`ကျွန်မကြောင့်ာမဟုတ်ရင် သူ ဒီလိုမျိုးဖြစ်မှာ မဟုတ်ဘူး။ ကျွန်မ ကံကောင်းတယ်။
ဒီကမ္ဘာပေါ်မှာ ကျွန်မ ကိုချစ်တဲ့ ယောကျာ်းတယောက်ကို ကျွန်မ တွေ့လိုက်ရလို့။
ကျွန်မ သူ့ကို တစ်သက်လုံး စောင့်ရှောက်သွားမှာပါ´

မေးတဲ့သူက သူတို့နှစ်ဦးကို သနားသွားပြီး ကောင်လေးကို မေးတယ်
`အဲ့ဒီ့လို ခုန်ချ လိုက်တဲ့ အတွက် ကော... ခင်ဗျား နောင်တမရဘူးလား´

ကောင်လေးက ဘာမှ မဖြေဘူး။ မျက်ရည်တွေဝေ့လို့။

တကယ်တော့ ကောင်လေးစိတ်ထဲမှာတော့ ပြောလိုက်ပါတယ်။
`တောက်... ဘယ်သတ္တ၀ါက ငှက်ပျောသီးစားပြီး သောက်စည်းကမ်းမရှိ ကန်ဘောင်
ပေါ်မှာ လာပစ်ထားရတယ်လို့...´...တဲ့

ရီမောပျော်ရွှင်ပါစေ....Lon Ely...

တဒင်္ဂပြုံးပျော်ရင်း အမောပြေနိုင်ပါစေ...........................

Credit - Original Writer

ရယ်မောခြင်းသည် အသက်ရှည်၏တဲ့ ...
တစ်ချက်ပြုံးရင် တစ်ရက် အသက်ပိုရှည်မှာပါ ...
ရေးမိရေးရာလေးများ

No comments:

Post a Comment