Thursday, 22 August 2013

မည်းနေတဲ့ တံတောင်ဆစ်ကြောင့် စိတ် မညစ်နဲ့



Myanmar Online News Thursday, August 22, 2013
ကိုရီးယား ကားတွေ ခေတ်စား လာတာနဲ့ အမျှ ကိုရီးယား ဖက်ရှင် တွေ ကိုရီးယား အလှကုန် တွေ ခေတ်စားလာပြီး ယောကျာ်းလေးတွေ ရော မိန်းကလေးပါ ကိုရီးယားစ တိုင်လ်လေးတွေ ပြင်ဆင်လာကြပါတယ်။ ဒီလိုပြင်ဆင်လာကြရာမှာ မျက်နှာလေးကို မိတ်ကပ်ဖွေးနေ အောင်လိမ်းပြီး ဖက်ရှင်ကျအောင် ဝတ်လိုက်ရင် Perfect ဖြစ်သွားပြီ လို့ တော်တော်များများက ထင်နေ ကြတယ်။ ခန္ဓာကိုယ်အသားအရေ ကို ဂရုစိုက်ဖို့မေ့နေကြတယ်။ လူ တော်တော်များများက တံတောင် ဆစ်နဲ့ ဒူးခေါင်းမှာ မည်းညစ်ပြီး အသားအရောင်မညီမညာဖြစ်နေ ကြပါတယ်။

အထူးသဖြင့် စကတ် တိုဝတ်တဲ့ မိန်းကလေးတွေနဲ့ ဘောင်းဘီတိုဝတ် တဲ့ယောကျာ်း လေးတွေ အတွက်တော့ ပြဿနာ တစ်ရပ်ပဲပေါ့။ မျက်နှာမှာ မိတ် ကပ်ဖွေးနေအောင်လိမ်း၊ ဖက်ရှင် ကျအောင် ဝတ်ထားပေမယ့် တံတောင်ဆစ်နဲ့ ဒူးခေါင်းက မည်းညစ်နေတော့ ကြည့်လို့ ကောင်းပါ့မလား။
တံတောင်ဆစ်၊ ဒူးခေါင်းမည်းရခြင်း အကြောင်းရင်းကတော့ တံတောင်ဆစ်နဲ့ ဒူးခေါင်းကို အလွန်အကျွံ အသုံးပြုလို့ဖြစ်ပါတယ်။ စားပွဲခုံမှာ တံတောင်ဆစ်နဲ့ အကြာကြီး ထောက်ထားတာတို့၊ ဒူးအကြာကြီး ထောက်တာတို့ အဲဒီလို ကိုယ် ရုတ်တရက် သတိမထားမိလိုက်တဲ့ အကြောင်းလေးတွေကြောင့်ပေါ့။

ဒီတံတောင်ဆစ်၊ ဒူးခေါင်းက အမည်းကွက်တွေပျောက်ကင်းပြီး လှပတဲ့အသားအရေကိုရရှိစေဖို့ အ ခုပြောပြမယ့် ငွေအကုန်အကျသက် သာပြီး တစ်နေ့တစ်ကြိမ်ပုံမှန်သာ လုပ်ပေးသွားဖို့လိုအပ်မယ့်နည်း လမ်းလေးတွေကို စမ်းသပ်ကြည့်ပါ လား။

ကုသမှု(၁)
သံပရာရည်၊ ဆားနဲ့ သကြား ညိုတို့ကိုရောစပ်ပြီး မည်းညစ်နေ တဲ့ တံတောင်နဲ့ဒူးခေါင်းမှာ ငြင်ငြင် သာသာလေးပွတ်ပေးပါ။ သံပရာ ရည်ဟာ သဘာဝချေးချွတ်နိုင်စွမ်း ရှိတဲ့အတွက် အသားအရေကို ကြည်လင်စေပြီး အသားညိုနဲ့ဆားက တော့ အစိုဓာတ်ကိုပြန်လည်ဖြည့် တင်းပေးပါတယ်။ ဆားကလည်း အံဩစရာကောင်းလောက်အောင် အသားအရေကိုသန့် ရှင်းစေတဲ့ သဘာဝ ချေးချွတ်ပစ္စည်းဖြစ်ပါတယ်။ သကြားညိုက အရေပြားဆဲလ်အ သေတွေကို ဖယ်ရှားပေးပြီး အသား အရေကိုတောက် ပစေတဲ့အပြင် ခန္ဓာကိုယ်သွေးလည်ပတ်ခြင်းကို လည်းလှုံ့ဆော်ပေးပါတယ်။
သကြားရည်က မျက်လုံးတစ်ဝိုက်မှာ ဖြစ်ပေါ်တတ်တဲ့အရေးအကြောင်းတွေကို လျော့နည်းစေပါတယ်။ ဒီ အဆင့်တွေပြီးသွားတဲ့နောက် အုန်း ဆီအနည်းငယ်ကို တံတောင်နဲ့ဒူး ခေါင်းမှာပွတ်လိမ်းပေးပါ။ အုန်းဆီ က အရေပြားမှာကုန်ခမ်းသွားတဲ့ ဗီ တာမင်တွေကို ပြန်လည်ဖြည့်တင်း ပေးပြီး အရေပြားဆဲလ်တွေကို လှုံ့ဆော်ပေးပါတယ်။ တစ်ပတ်ကိုနှစ် ကြိမ်လောက် ပုံမှန်လုပ်ပေးနိုင်ပါ တယ်။

ကုသမှု(၂)
အာလူးဖျော်ရည်က သဘာဝ အတိုင်း အမည်းစက်၊ အမည်းကွက် တွေကို သက်သာပျောက်ကင်းစေ နိုင်စွမ်းရှိပါတယ်။ ဈေးနှုန်းသက် သာပြီး နေရာ တိုင်းမှာ အလွယ်တ ကူရရှိနိုင်တဲ့ပစ္စည်းဖြစ်ပါတယ်။ အာလူးအရည်ကို မည်းညစ်ခြောက် သွေ့နေတဲ့တံတောင်ဆစ်နဲ့ ဒူး ခေါင်းမှာ ပွတ် လိမ်းပေးခြင်းဖြင့် အ မည်းကွက်တွေကို သက်သာစေပါ တယ်။ တစ်နေ့တစ်ကြိမ် ပုံမှန်လုပ် ပေးမယ်ဆိုရင် သုံးလအတွင်း အမည်းကွက်တွေကို သိသိသာသာ လျော့နည်းစေနိုင်ပါတယ်။

ကုသမှု(၃)
အလှဆီ (Glycerine) စားပွဲ တင်ဇွန်းတစ်ဝက်၊ နွားနို့နှစ်ဇွန်း၊ နနွင်းမှုန့် စားပွဲတင်ဇွန်းတစ်ဇွန်းရဲ့ လေးပုံတစ်ပုံကို နှံ့အောင်မွှေပြီး တံတောင်နဲ့ဒူးခေါင်းမှာ နေ့စဉ် မိနစ် (၂၀)ခန့် လိမ်းထားပေးပါ။ ထို့နောက် ရေဖြင့်ဆေးချပါ။ အမည်းကွက်တွေကို တဖြည်းဖြည်းပျောက် ကင်းစေပြီး အရေပြားကို နူးညံ့စေ ပါတယ်။

သတင်းလေးများဆုံဆည်းရာ

No comments:

Post a Comment