Thursday, 22 August 2013

အင်တာဗျုး



Myanmar Online News Thursday, August 22, 2013
မေး။ ။ အကောင်းမြင်တဲ့လူ ဟာ ဘယ်လိုလူမျိုးလဲ။

ဖြေ။ ။ သတင်း အပြည့်အစုံ မရ တဲ့ သူ ပါ။

မေး။ ။ လူတယောက်ကို တနေ့လုံး မနားရအောင် ခိုင်းနည်း သိပါသလား။

ဖြေ။ ။ စာရွက်အလွတ် တစ်ရွက်ယူပီး နောက်ကျောကို ကြည့်လို့ နှစ်ဖက်လုံးမှာ ရေးလိုက်ပါ။

မေး။ ။ နိဗ္ဗာန် နဲ့ ငရဲ ဘယ်ဟာက ပိုသာတယ် ထင်သလဲ။

ဖြေ။ ။ ရာသီဥတု ရှူ့ထောင့်ကကြည့်ရင်... နိဗ္ဗာန်..က ပိုသာပါတယ်။ ဒါပေမဲ့ ငရဲမှာက အပေါင်းအသင်း ပိုများပါတယ်။

မေး။  ။ ဆေးရုံနဲ့ ထောင် ဘာကွာလဲ။

ဖြေ။ ။ ဘာမှမကွာပါဖူး။ ဒါပေမဲ့ ထောင်မှာက ကိုယ်နေရမဲ့ သက်တမ်းကို သိပါတယ်။


မေး။ ။ ဆံပင်မဖြူအောင် ဘာလုပ်ရမလဲ။

ဖြေ။ ။ ကတုန်း တုန်း ရပါမယ်။

မေး။ ။ ရိုးသားတဲ့လူကို ၀ယ်လို့ရလား။

ဖြေ။ ။ ၀ယ်လို့မရပါဖူး။ ရောင်း.... လို့တော့ ရပါတယ်။

မေး။ ။ သားဖွားတာ ဘယ်နှစ်မျိုး ရှိပါသလဲ။

ဖြေ။ ။ သုံးမျိုးရှိပါတယ်။
မင်္ဂလာမဆောင်ခင် တနှစ်အလိုမှာ မွေးဖွားရင် အချိန်မရောက်ပဲ.. မွေးဖွားခြင်း။
ယောက်ကျားသေပီး တစ်နှစ်အကြာမှာ မွေးရင် နောက်ကျပီးမွေးဖွားခြင်း ။
ကိုယ့်မိန်းမမဟုတ်ပဲ အိမ်နားနီးချင်းမိန်းမက မွေးဖွားရင် မှားယွင်းသောမွေးဖွားခြင်း။

မေး။ ။ ပျော်ရွှင်ခြင်းနဲ့ ၀မ်းနဲခြင်းကို ဥပမာပေးပါ။

ဖြေ။ ။ ပိုက်ဆံအိပ် ကောက်ရရင် ပျော်ရွှင်ရပါတယ်။ အဲ။.... အဲဒီပိုက်ဆံအိတ် ပိုင်ရှင်ပေါ်လာရင် တော့ ၀မ်းနည်းရပါတယ်။

မေး။ ။ အကောင်းဆုံးပိန်နည်း ကဘာလဲ။

ဖြေ။ ။ ဗိုက်ထဲမှာ ဘာမှ မရှိရင် ဘာမှ မစားပါနဲ့။

မေး။ ။ ရေဒီယိုနဲ့ ရုပ်မြင်သံကြား ဘာကွာပါသလဲ။

ဖြေ။ ။ ရေဒီယိုမှာက စိတ် အနှောက်အယှက်ကို ကြားပဲကြားရပါတယ်.... ရုပ်မြင်သံကြားမှာကြတော့ သူတို့ကို မြင်ပါမြင်ရပါတယ်။

မေး။ ။ ချစ်သူနဲ့ဖက်ရမ်းနမ်းရှုပ်စဉ်မှာ အမျိုးသမီးများဟာ ဘာလို့ မျက်စိမှိတ်ထားကြပါသလဲ။

ဖြေ။ ။ အရင်က...နမ်းခဲ့တဲ့ သူတွေအကြောင်းကို စဉ်းစားနေလို့ပါ။

မေး။ ။ ဘယ်အချိန်မှာ မိန်းမတွေ အတင်း အဖျင်းအနဲဆုံး ပြောကြပါသလဲ။

ဖြေ။ ။ ဖေဖော်ဝါရီလပါ။ အတိုဆုံးလ ဖြစ်လို့ပါ။

မေး။ ။ မိန်းမ နဲ့ ယောက်ကျား ဘာခြားနားသလဲ။

ဖြေ။ ။ မိန်းမတယောက် လိုချင်တာက အများကြီးပါ။ ဒါပေမဲ့ ယောက်ကျား တယောက်ထဲဆီမှ ဖြစ်.....ပါတယ်။
ယောက်ကျားကတော့ တခုပဲလိုချင်ပါတယ်။ အဲ... မိန်းမအများကြီးဆီကပါ။

မေး။ ။ ဘ၀ နဲ့ရင်းပီး မှတ်ကျောက်အတင်ခံနိုင်တဲ့ အမှန်တရားဆိုတာ ဘာကိုပြောတာလဲ။

ဖြေ။ ။ အကြိမ်ကြိမ် ကျူးလွန်မိတဲ့ အမှားပါ။

မေး။ ။ အိမ်ထောင်ရေး သာယာမှု ရအောင်ဘာလုပ်ရမလဲ။

ဖြေ။ ။ အသက် ၇၀ ကျော်မှ အိမ်ထောင်ပြုပါ။

မေး။ ။ အစားအစာတခုဖြစ်တဲ့ မှိုမှာ ဘယ်လိုမှိုမျိုးကို စားလို့ရပါသလဲ။

ဖြေ။ ။ အားလုံးကို စားလို့ရပါတယ်။ ဒါပေမဲ့ တချီု့ မှိုတွေကိုတော့ တခါပဲ စားလို့၇ပါတယ်။

မေး။ ။ ခုခေတ်မှာ အံ့သြစရာအကောင်းဆုံးက ဘာလဲ။

ဖြေ။ ။ ပညာမဲ့သူတွေ စင်ပေါ်တက် ဟောပြောနေတာက အံ့သြစရာအကောင်းဆုံး မဟုတ်ပါဖူး။
ပညာရှိတွေက အဲဒီလူတွေကို သြဘာပေးနေတာက အံ့သြစရာ အကောင်းဆုံးပါ။

မေး။ ။ ယောက်ကျားတွေထက် မိန်းမတွေ အသက်ပိုရှည်တယ်ဆိုတာ မှန်ပါသလား။

ဖြေ။ ။ အတိအကျတော့မသိပါဖူး။ ဒါပေမဲ့ မုဆိုးမတွေက အသက်ပိုရှည်တာ အမှန်ပါ။

မေး။ ။ ခွဲစိတ်ဆရာဝန်တွေဟာ ဘာလို့ သူတို့မျက်နှာကို အ၀တ်နဲ့ ဖုံးထားပါသလဲ။

ဖြေ။ ။ ခွဲစိတ်တာမအောင်မြင်ရင် .... သူတို့ ကို မမှတ်မိအောင်လို့ပါ။

မေး။ ။ ထောက်လှမ်းရေးနဲ့ သူလျှို ဘာခြားနားပါသလဲ။

ဖြေ။ ။ ထောက်လှမ်းရေးက ကျုပ်တို့လူ။ သူလျှိုက သူတို့လူ။

မေး။ ။ ဒီအလုပ်( လုံခြုံရေးမှုး )အတွက်လိုအပ်တဲ့အရည်အချင်းတွေ မင်းမှာရှိလား။

ဖြေ။ ။ ရှိပါတယ်။ အသံနဲနဲကြားတာနဲ့ကို အိပ်နေရာကနေ ချက်ချင်းနိုးတတ်ပါတယ်။

တိန်

ရီမောပျော်ရွှင်ပါစေ

Credit-ကိုလုံ

စိတ္တဇ ဟာသများ

No comments:

Post a Comment