၁။ဘယ်မှာ စွဲလို့လဲ။ ၂။ကျနော် ခုတ်တာပါ
Tuesday, August 20, 2013
အမေဖြစ်သူ> >>သားရယ် အဲ့ဒီအရက်တွေ မသောက်ပါနဲ့တော့ အရမ်း စွဲသွားလို့
မသောက်ဘဲ မနေနိုင်တော့ရင် လူညွန့်တုန်းပြီး အရက်သမားကြီး လုံးလုံးဖြစ်သွားမယ်
သားရဲ့
သားဖြစ်သူ > >>အရက်သောက်/ရင် စွဲတယ်လို့ ဘယ်သူပြောလဲ
အမေရယ်
ကျွန်တော်နေ့တိုင်းသောက်နေတာပဲ ဘယ်မှာ စွဲလို့လဲ
................
by> Nay Myoo Aung Lan
ပလီပလာ ထွေကာလီကာ
===
ကျနော် ခုတ်တာပါ
Tuesday, August 20, 2013
လယ်သမား တစ်ဦးက ၁၀ နှစ်အရွယ် သူ့သားလေးကို ယခုလို ခေါ်ပြီး မေး ပါတယ်။
"သားလေး။ ဟိုချယ်ရီပင်ကို
မင်းခုတ်ခဲ့တာလား"
သားငယ်ကလည်း ဂုဏ်ယူစွာနဲ့ "ဟုတ်တယ် ဖေဖေ၊
သားခုတ်ခဲ့တာပါ။ မလိမ်ပါဘူး" လို့ ဖြေပါတယ်။
ဒီတော့ သားကို ဖအေဖြစ်သူက
နားရင်းရိုက်ဆုံးမပါတော့တယ်။ ဒါကြောင့် သားဖြစ်သူက အဖေ့ကို -
"ဂျော့ဝါရှင်တန် ကလေးဘဝက သစ်ပင်ခုတ်တော့ သူ့အဖေ
ခုလို မရိုက်ပါဘူး အဖေ" လို့ ငိုကြီးချက်မနဲ့ ပြောပါတယ်။
ဒီတော့ အဖေဖြစ်သူက အောက်ပါအတိုင်း ပြောပါတယ်။
"အေး ဂျော့ဝါရှင်တန် ချယ်ရီပင်ခုတ် ခုတ်တုန်းက
အပင်ပေါ်မှာ သူ့အဖေ ရှိမနေဘူးကွ"
စိတ္တဇ ဟာသများ
No comments:
Post a Comment