Wednesday, 21 August 2013

သီတဂူဆရာတော်ကြီး၏ မေတ္တာပို့

မေတ္တာနိသာကရောလောကေ၊ သမ္မာ ဘာတု သုခံကရော။
မေတ္တာသီတလရံသီဟိ၊ သုခန္တု ဖုသိတာ ပဇာ။

လောကေ၊ သတ္တ၀ါအလီလီ ခိုမှီပေါလတ် လောကဓါတ် ကမ္ဘာအတွင်း၌။
မေတ္တာနိသာကရော၊ မေတ္တာအေးလူ ဖွေးဖြူပ၀င်း ငွေလမင်ကြီးသည်။
သမ္မာ၊ သတ္တ၀ါတစ်တွေ အေးမြစေဟု အသရေရွှန်းစွာ ကောင်းမွန်စွာ။ သုခံကရော၊ သူလည်း ၀မ်းသာ ငါလည်းရွှင်ပြုံး နှလုံးစိတ်ဝမ်း လန်းလာယခု ချမ်းသာကို ပြုလျက်။ ဘာတု၊ ရန်လည်းကင်းဝေး ဘေးလည်းမခ အအေးရဖို့ ရွှန်းမြအသရေ ထွန်းပပါစေသတည်း။
မေတ္တာသီတလရံသီဟိ၊ မေတ္တာဖွေးလျက် အအေးဓါတ်ဆောင်သည့် အရောင်အ၀ါတို့ဖြင့်။ ဖုသိတာ၊ အဖုံဖုံလွှမ်း ထုံမွှမ်းမလပ် ထိတွေ့အပ်ကုန်သော။ ပဇာ၊ ကမ္ဘာ့ခေတ်ဗွေ အပြည်ပြည်၌ တည်နေများစွာ သတ္တ၀ါတို့သည်။ သုခန္တု၊ ကိုယ်စိတ်အေးကာ၊ ဘေးရန်ကွာ၍ ၀မ်းသာတကွ ချမ်းသာကြပါစေကုန်သတည်း။

*ကိုယ်စိတ်နှစ်ဖြာ၊ ဘေးရန်ကွာ၊ ချမ်းသာကြပါစေ။
*မေတ္တာနှလုံး၊ ကိုယ်စီသုံး၊ ရွှင်ပြုံးကြပါစေ။
*မေတ္တာရန်သူ၊ ဒေါသမူ၊ အပူကင်းပါစေ။
*မေတ္တာရေစမ်း၊ ကိုယ်စီဖြန်း၊ အေးချမ်းကြပါစေ။
*ခန္တီ၏ရန်၊ ဒေါသမာန်၊ တွန်းလှန် နိုင်ပါစေ။
*ခန္တီနှလုံး၊ အစဉ်သုံး၊ ရွှင်ပြုံးကြပါစေ။
*တို့မေတ္တာစွမ်း၊ ကမ္ဘာလွှမ်း၊ ငြိမ်းချမ်းကြပါစေ။

မေတ္တာမဉ္ဖူသကော လောကေ၊ သုဖုလ္လော ဟောတု သဗ္ဗဒါ။
မေတ္တာပုပ္ဇ သုဂန္ဓေန ၊ သုခန္တု ၀ါသိတာ ပဇာ။

လောကေ၊ သတ္တ၀ါအလီလီ ခိုမှီပေါလတ် လောကဓါတ် ကမ္ဘာအတွင်း၌။ မတ္တာမဉ္ဖူသကော၊ မတ္တာတည်းဟူသော မဉ္ဖူသက နတ်ပန်းပင်ကြီးသည်။ သဗ္ဗဒါ၊ နေ့နေ့ညည ခပ်သိမ်းသော ကာလတိုင်းမှာ၊ သုဖုလ္လော၊ အခိုင်အခိုင်၊ ကြိုင်လှိုင်စွာ ပွင့်သည်။ ဟောတု၊ မုချမသွေ ဖြစ်ပါစေသတည်း။
မေတ္တာပုပ္ဖာသုဂန္ဓေန၊ မေတ္တာတည်းဟူသော မဉ္ဖူသက နတ်ပန်း၏ရနံ့ဖြင့်၊ ၀ါသိတာ၊ ထုံအပ်မွှမ်းအပ်ကုန်သော၊ ပဇာ၊ လူရောနတ်ပါ သတ္တ၀ါတို့သည်။ သဗ္ဗဒါ၊ နေ့နေ့ညည ခပ်သိမ်းသော ကာလတိုင်းမှာ။ သုခန္တု၊ ကိုယ်စိတ်နှစ်ဖြာ လိုဣစ္ဆာဖြင့် ပြည့်ကာကြွယ်ဝ ချမ်းသာတော်မူကြပါစေကုန်သတည်း။

No comments:

Post a Comment