Monday, 19 August 2013

သင်သိဖို့တော့ လိုပါတယ်

Scientist Myanma


သင့်အမေက သူ့ရဲ့သားအိမ်ထဲမှာ သင့်ကို ၉ လနီးပါးထည့်ထားရပါတယ်တဲ့။ ပျို့အန်ချင်စိတ်တွေနဲ့ တစ်လလောက် နေမကောင်းဖြစ်ခဲ့ရပါတယ်။ အိပ်မပျော်တဲ့ ညပေါင်းများစွာကိုလဲ ဖြတ်သန်းခဲ့ရပါတယ်။ သင့်ကိုဒီကမ္ဘာထဲ မွေးထုတ်ပေးတဲ့အချိန်မှာ အလွန်အမင်းနာကျင်မှုကို အံကြိတ်သည်းခံပြီး သင့်ကိုမွေးပေးခဲ့တာပါ။
လှေကားတွေကို ဖြေးဖြေးတက်ရတယ်။ အစားသောက်တွေလဲ ရှောင်ခဲ့ရတယ်။ ခံတွင်းတွေပျက်လို့ မစားနိုင်မသောက်နိုင်တဲ့ နေ့တွေဒုနဲ့ဒေး။ သင်မွေးမလာခင်ကတည်းက သင့်ကို ချစ်နေခဲ့ရတာ။ သင့်အမေရဲ့ သွေးတွေနဲ့ သင် အသက်ဆက်ခဲ့ရတယ်။

သင့်ကိုမွေးပြီးတဲ့ အချိန်မှာလဲ သင့်အမေကသင့်ရဲ့ ကလေးထိန်းဖြစ်ပါတယ်၊ သင့်ရဲ့သူနာပြုဆိုလဲ ဟုတ်ပါတယ်၊ သင့်ကို အစေခံတစ်ယောက်လို ပြုစုရပါတယ်။ သင့်ရဲ့ ဆရာဆိုလဲ ဟုတ်ပါတယ်၊ သူငယ်ချင်းဆိုလဲဟုတ်၊ သင်ဖျော်ဖြေ သမျှကို လက်ခံအားပေးတဲ့ သင့်ရဲ့ အမာခံပရိတ်သတ်ဆိုလဲ မမှားပါဘူး။
သင့်အမေဟာ သင့်အတွက် ငိုကြွေးခဲ့ရတယ်၊ ခက်ခက်ခဲခဲ အသက်ရှင်ခဲ့ရတယ်၊ သင့်အတွက် ဆုတောင်းခဲ့ရတယ်၊ သင့်အတွက်. . . . . . .

လူတော်တော်များများဟာ ကျွန်တော်တို့ရဲ့ အမေတွေ ကျွန်တော်တို့အတွက်နဲ့ ဘယ်လောက် ပင်ပန်းခဲ့ရလဲ ဆိုတာကို မသိခဲ့ကြဘူး။ တကယ်လို့ သင့်မှာ အမေရှိနေသေးရင် သင့်အလုပ်တွေနဲ့ အချိန်မရရင်တောင် ဒီတစ်နေ့တော့ သင့်အမေဆီသွားပါ။ သင့်အမေအတွက် လက်ဆောင်တစ်ခု မပါရင်တောင် သင်ဟာ သင့်အမေအတွက် အကောင်းဆုံး လက်ဆောင်ပါပဲ။

ယနေ့မှာကျရောက်တဲ့ ကမ္ဘာ့အမေများနေ့မှာ သင်ချစ်တဲ့သင့်အမေနဲ့ အတူပျော်ရွင်နိုင်ကြပါစေ။

မောင်စိုင်း


No comments:

Post a Comment