တစ်ခါက ရိုးသားပြီး ဆင်းရဲတဲ့ အဖိုအိုတစ်ယောက်ဆီမှာ အရမ်းလှပတဲ့
မြင်းတစ်ကောင်ရှိတယ် ။
မြင်းလေးက အရမ်းလှတော့ သူဌေးတွေ အရာရှိတွေက အဖိုအိုထံကနေ ၀ယ်ဖိုကြိုးစားကြတယ် ။
ဒါပေမယ့် အဖိုးအိုက မြင်းလေးကို သံယောဇဉ်ရှိနေတော့ ဘယ်သူကိုမှ မရောင်းဘူး ။
တစ်ခြားမြို့ကနေ ကုန်ရောင်းလာတဲ့ သူဌေးကြီးတစ်ယောက်ကလည်း မြင်းလေးကိုတွေ့တော့ အဖိုးအိုထံ ရောင်းဖိုပြောပါတယ် ။
အဖိုးအိုကတော့ ဘယ်သူကိုမှ မရောင်းနိုင်ပါဘူးလို ပြန်ပြောလိုက်ပါတယ် ။
အဲဒီတော့ ကုန်သည် သူဌေးက မရ ရအောင် ယူမယ်ဖိုပြီး အဖိုးအို အလုပ်ကနေ ပြန်လာတဲ့လမ်းမှာ ဖျားချင်ယောင်ဆောင်ပြီး လမ်းဘေးနားမှာ အိပ်ချင်ယောင်ဆောင်နေပါတယ် ။
အဖိုအိုရောက်လာတော့ လမ်းဘေးမှာ လူတစ်ယောက်ဖျားနေတယ် ကူညီမယ်ဆိုပြီး သူစီးလာတဲ့ မြင်းပေါ်ကနေ ဆင်းလိုက်ပါတယ် ။
အဲဒီအချိန်မှာ ဖျားချင်ယောင်ဆောင်နေတဲ့ ကုန်သည် သူဌေးက အဖိုးအိုရဲ့ မြင်းပေါ်ကိုတတ်လိုက်ပြီး ”အရင် ရောင်းပါလို့ လာပြောတုန်းက ရောင်းရင် ပိုက်ဆံအများကြီးရမှာ အခုတော့ အလကားပေးလိုက်ရပြီး” လိုအော်ပြောလိုက်ပါတယ် ။
အဖိုအိုက ကုန်သည်သူဌေးကို ဒီမြင်းလေးကို အခုလို ဖျားချင်ယောင်ဆောင်ပြီး ရယူလာပါတယ်လို ဘယ်သူကိုမှ မပြောဖို ကုန်သည်သူဌေးကို လှမ်းပြောလိုက်ပါတယ် ။
အဲဒါနဲ့ ကုန်သည်သူဌေးက ဘာဖြစ်လို အဲလိုပြန်မပြောခိုင်းတာလဲလို အဖိုးအိုကိုပြန်မေးလိုက်ပါတယ် ။
အဖိုအိုက ”အဲလိုပြောလိုက်ရင် လူတွေက လမ်းမှာ ဒုက္ခရောက်နေသူကိုတွေရင် အလိမ်ခံရမှာစိုးပြီး မကူညီမှာ စိုးရိမ်လို့ပါ” လိုပြန်ပြောလိုက်ပါတယ် ။
အဲဒီအချိန်မှာ ကုန်သည်သူဌေးက သူမြင်းဆုံးရှုံးတာကို သောက မရောက်ပဲ သူတစ်ပါဒုက္ခရောက်ရင် လူတွေမကူညီမှာ စိုးရိမ်နေတဲ့ အဖိုအိုရဲ့ စိတ်ဓါတ်ကို လေးစားသွားပါတယ် ။
ထိုနောက် အဖိုးအိုအားတောင်းပန်ပြီး အဖိုအိုမြင်းကလေးကိုလည်း ပြန်ပေးလိုက်ပါတယ် ။
အဖိုးအိုသုံးစွဲဖို အသပြာတစ်ချို့လည်း အဖိုးအိုကို ကန်တော့လိုက်ပါတယ် ။
သင်ရော အဖိုးအိုလို သင့်ဆီက သင်မြတ်နိုးတဲ့ အရာတစ်ခု ဆုံးရှုံးသွားရင် အဲဒီအရာပေါ် စိတ်မရောက်ပဲ သူတစ်ပါး အတွက် တွေးဖူးပါသလား ?

No comments:
Post a Comment