Sunday, 18 August 2013

ဆရာမကို သနားလို့ပါ



Myanmar Online News
ဆရာမက ယနေ့ ကျောင်းအုပ်ကြီးရုံးခန်းတွင် ဘလိုင်းကြီး အဆူခံရသောကြောင့် ဒေါသဖြစ်လာသည်။

သို့နှင့် သူ့အတန်းသို့ရောက်သောအခါ ... တန်းအော်သည်

ဆရာမ - ကိုယ့်ကိုကို သောက်သုံးတစ်စက်မှမကျဘူးလို့ ၀န်ခံရဲတဲ့ကောင် မတ်တပ်ရပ်စမ်း ...

ကျောင်းသားများ နဲနဲလှုပ်ရှားသွားသည်။ သို့သော်ဘယ်သူမှ မရပ်

ဆရာမ - ကိုယ့်ကိုကိုယ် သောက်သုံးတစ်စက်မှမကျဘူး လို့ ထင်တဲ့ကောင် မတ်တပ်ရပ်လို့ ပြောနေတယ်

ကျောင်သားတစ်ယောက်ထရပ်သည်

ဆရာမ - အော်အေး .. မင်းက အဲ့လို ကိုယ့်ကိုကိုယ် ထင်တယ်ပေါ့ ...

ကျောင်းသား - ဟုတ်ပါဘူး ... ဆရာမ တစ်ယောက်ထဲ မတ်တပ်ရပ်နေရတာ သနားလို့ပါ ..

xD
Internet Jokes Translated By
Jay Ki
ဟာသဓါတ်ပုံများ

No comments:

Post a Comment