Friday, 16 August 2013

မဆုံးသေးတဲ့ ဇာတ်လမ်း



Myanmar Online News
Friday, August 16, 2013
ကိုကိုက သူ့ရည်းစားဖြစ်တဲ့ မမကိုပြောတယ်...

ကို။ အချစ်ရေ... မင်းကို အပိုင်းလေးပိုင်းပါတဲ့ ဇာတ်လမ်းတစ်ပုဒ်ပြောပြမယ်... မှတ်ထားနော်... အပိုင်းလေးပိုင်းပါတယ်...

မ။ ဟုတ်ပါပြီအချစ်ရဲ့... ပြော...

ကို။ ဟုတ်ပြီ... ပထမပိုင်းကနေစပြောမယ်... တစ်ခါက လင်မယားနှစ်ယောက်ရှိတယ်... တစ်နေ့တော့ သူတို့နှစ်ယောက်ဟာ ကားတစ်စီးနဲ့ အပျော်ခရီး ထွက်လာတာပေါ့...
အဲ့ဒီမှာ လမ်းဆုံလမ်းခွ တစ်ခုကို ရောက်ရော... ယောက်ျားက ပြောတယ်...
"ဘယ်ဘက်လမ်းကနေ သွားကြမယ်.." တဲ့...
မိန်းမက... "ကျွန်မကတော့ ညာဘက်လမ်းကနေ သွားသင့်တယ်လို့ ထင်တာပဲ...." လို့ ပြန်ပြောတယ်... အဲ့ဒီမှာ ယောက်ျားဖြစ်သူက မိန်းမရဲ့ပါးကို ဖြန်းခနဲရိုက်ပြီး ပြောလိုက်တယ်... "ကားကို ဘယ်သူ မောင်းနေတာလဲ... မင်းလား... ငါလား..." အဲ့လိုပြောပြီး ဘယ်ဘက်လမ်းကနေ ဆက်မောင်းသွားတယ်....

မ။ ခစ်ခစ်ခစ်ခစ်ခစ်...

ကို။ အခု ဒုတိယပိုင်းကို ဆက်ပြောပြမယ်နော်...
သူတို့ပျော်ပွဲစားထွက်မယ့် နေရာကို ရောက်တာနဲ့ ယောက်ျားဖြစ်သူက ငါးမျှားထွက်တာပေါ့... မိန်းမကတော့ ညစာအတွက် ချက်ပြုတ်ရတယ်လေ.. ယောက်ျားပြန်လာတဲ့အခါ မိန်းမကပြောတယ်...
"အင်း... ရှင်မျှားလာတဲ့ ငါးလေးနဲ့ ကျွန်မတို့ စွပ်ပြုတ်လေးလုပ်ပြီးသောက်လို့ရပြီပေါ့..." ယောက်ျားက "ငါက ငါးကြော်စားချင်တာ...." လို့ပြောတဲ့အခါ မိန်းမက သူ့ယောက်ျားပါးကို ဖြန်းခနဲရိုက်လိုက်ပြီး
"ဟင်းကို ဘယ်သူချက်နေတာလဲ... ရှင်လား... ကျွန်မလား..." လို့ပြန်ပြောလိုက်တယ်... ပြီးတော့ သူတို့ရဲ့ ညစာကို ငါးစွပ်ပြုတ်လေးနဲ့ စားကြတာပေါ့...

မ။ အလို... ရိုက်ပြန်ရောလား... ခစ်ခစ်ခစ်ခစ်...

ကို။ အခု စတုတ္ထပိုင်းကို ဆက်ပြောပြမယ်...

မ။ ဟင်... တတိယပိုင်းက ဘယ်ရောက်သွားတာလဲ...

ကို။ (မမရဲ့ပါးကို ဖြန်းခနဲ ရိုက်လိုက်ပြီး) ဇာတ်လမ်းကို ဘယ်သူကပြောပြနေတာလဲ... မင်းလား... ငါလား...

(ဟုတ်ကဲ့ခင်ဗျ... သူတို့နှစ်ယောက်ရဲ့ ရန်ပွဲပြီးတာနဲ့ ဇာတ်လမ်းကို ဆက်တင်ပေးပါ့မယ်ခင်ဗျ...)

Ref: Inspire Your Friends
နှိုင်းရင့်နွေမှတင်ဆက်သည်...
https://www.facebook.com/hnaingyintnway

No comments:

Post a Comment