၁ .။ လင်ယောင်္ကျား အပေါ် အတတ်နိုင်ဆုံး စကားကိုချိုသာစွာ ပြောဆိုပါ..။
၂..။နို့ စို့ ကလေး အရွယ်မှလွဲ၍
အိပ်ရာသီးခြားခွဲသိပ်ပါ. ။( ဖြစ်နိုင်ရင် လင်မယား ၂ ယောက်ထဲသာ သီးသန့်အိပ်စက်သင့်ပါတယ်
)
၃..။ အချိန်ရလျင်ရသလို စာဖတ်ပါ.။( စာဖတ်ခြင်းကြောင့်
ဗဟုသုတ တိုးပြီး စိတ်ခွန်အားရစေပါတယ်)
၎..။ လတ်တလော ခြေလှမ်းပျက်နေသော လင်ယောင်္ကျားအား
မေးမြန်းစုံစမ်းခြင်းမပြုပဲ အသာ စောင့်ကြည့်ပါ.။ ( လင်ယောင်္ကျားဘက်က
မည်သည့်အကြောင်းအရာမှ ဖွင့်ဟခြင်း မရှိသေးသရွေ့ မိမိသိနေ ရိပ်မိနေကြောင်း မပြပါနှင့်
)
၅..။ ယခင်ကထက်ပို၍ လေးလေးစားစား ဆက်ဆံပါ.။
ဂရုတစို်က် ကြင်နာယုယပါ.။
၆..။ မိမိကိုယ်ကို မိမိ ငယ်စဉ်က ကဲ့သို့
သပ်ရပ်စွာ ဝတ်စားပြင်ဆင်ပါ.။ ( အလွန်အကျွံ အလှအပ ခြယ်သခြင်းကို မဆိုလို ပါ .။
သပ်သပ်ရပ်ရပ်နှင့် သန့် ရှင်းသောအဝတ်အစားများကို ဝတ်ဆင်ပါ)
၇..။ အလွန်ပူလောင်သောပရိဒေဝ မီးတစ်မျီုးလောင်မြိုက်နေ
မည်ကို ငြိမ်းသတ်ရန် တစ်နေ့ အနည်းဆုံးတရားဓမ္မ တစ်ပုဒ် နာပေးပါ..။
၈..။ သားငယ် သမီးငယ်များကို ယခင်ကထက်ပို၍ နွေးထွေးကြင်နာစွာ
ပြောဆိုဆက်ဆံ ဂရုစိုက်ပေးပါ.။ ( မိမိဘဝတွင် လင်ယောင်္ကျားထက် အရေးကြီးသော
သားငယ်သမီးငယ်များအား လင်ပူကြောင့် လစ်လျုရှုမိသလို မဖြစ်ပါစေနှင့်)
၉..။ အချိန်အနည်းငယ်ရလျင် လှလှပပဝတ်စားပြင်ဆင်၍
သားသမီးများနှင့်ဖြစ်စေ.. သူငယ်ချင်းအဖော်နှင့်ဖြစ်စေ အပြင်ထွက်လည်ပတ်ခြင်း စကားပြောခြင်း
ပြုလုပ်ပေးပါ..။ အလုပ် လုပ် ကိုင်ရန် အခွင့်အလမ်းရှိပါက လုပ်ငန်းခွင်ဝင်ပါ .။
၁၀..။ လင်ယောင်္ကျားနှင့်လ တ်တလောပက်သက်နေသော မိန်းကလေး
၏သတင်းကို အစရှာဖွေ စုံစမ်းခြင်း ကိုအထူးရှောင်ကြဉ်ပါ.။ (
အကျိုးမရှိပါ..တကယ်ကျူးလွန်သူမှာ မိမိလင်ယောင်္ကျားသာ ဖြစ်ပါသည်။
သင့်ခင်ပွန်းစိတ်နှလုံးကို သင့်ဆီ ပြန်လည်လာအောင် လုပ်ဆောင်ရာတွင်
ကြီးစွာသော အနှောင့်အယှက်မှာ တစ်ဖက်မိန်းကလေးအား အမျိုးမျိုးစုံစမ်း ဆက်သွယ်ခြင်းပင်
ဖြစ်ပါသည်.။)
၁၁ ..။ သင်နှင့် သင့်ခင်ပွန်းနှစ်ယောက်ထဲ
ရှိနေချိန်မျိုး ရအောင်ဖန်တီးယူပါ.။ သာယာသောအခြေအနေ မျိုးဖြစ်ပါစေ.။
၁၂..။ သင် ဘယ်လောက် ခင်ပွန်းလင်အပေါ်ချစ်ကြောင်း .. သိအောင်
အပြုအမှု အပြောအဆိုအားဖြင့် အသိပေးပါ.။
၁၃..။ သင့်ခင်ပွန်းဂုဏ်သိက္ခာ ကို သင့်အသက်လို ကာကွယ်ပေးပါ.။
( ဖောက်ပြန်မှု သတင်းကို သင်ယုံကြည်စိတ်ချရသူ အနည်းငယ်မှတစ်ပါး မည်သူ့ ကိုမျှ
လိုက်လံမပြောကြားသင့်ပါ )
၁၄ ..။ မည်သည့်အကြောင်းကိစ္စ ကိုမဆို စိတ်ကို တည်ငြိမ်စွာ
ထားတတ်အောင် တရား ထိုင်ခြင်း.. အိမ်မှုကိစ္စ အဝအဝ ပြုလုပ်နေစဉ် သတိလေးကပ်၍
တရားမှတ်ခြင်း မကြာခဏ ပြုပေးပါ.။ (တည်ငြိမ်သော မိန်းမသားတိုင်းကို ယောင်္ကျားတိုင်း
လန့်လဲလန့်တယ် လေးလဲလေးစားမှု ရှိတယ်.. တစ်ခွန်းဆိုတစ်ခွန်း ဆိုသလောက် စကားအရာမှာ
အောင်နိုင်မှု ရနိုင်ပါတယ်)
မနတ်သမီး
No comments:
Post a Comment