Thursday, 22 August 2013

အတွင်းစိတ် ၌ရှိသော အလိုအတိုင်းသာ ပေးကမ်းကြလေသည်



Today Myanmar
တရက်မှာ သူချမ်းသာတစ်ဦးက အပုပ်အသိုး ထမင်းဟင်းတစ်ခြင်းကို သူဆင်းရဲအား ပေးကမ်းလိုက်တယ်

သူဆင်းရဲလည်း ပြုံးရွှင်စွာနဲ့ ခြင်းတောင်းကို ဆွဲပြီး အိမ်တော်ကြီးမှ ထွက်ခွါခဲ့တယ် ။

၎င်းနောက် ပုပ်သိုးသော ထမင်းဟင်းကို သွန်ပစ်ပြီး ခြင်းတောင်းကို သန့်ရှင်းစင်ကြယ်အောင် ဆေးကြောပြီးနောက် လှပ မွှေးကြိုင် သင်းပျံ့သည့် အဆင်းရနံ့ရှိသော ပန်းစည်းတို့ကို ခြင်းတောင်းအတွင်း ထည့်ယူဆောင်ကာ သူချမ်းသာ ရှိရာ ပြန်လာပြီး ခြင်းတောင်းအား ပြန်ပေးလေသည်။

ထိုအခါ သူချမ်းသာက ကျွန်ုပ် ပေးတုန်းက ထမင်းသိုး ဟင်းသိုးသာ ဖြစ်တယ် ။
ယခု ဘာကြောင့် ပန်းခြင်း ပြန်ပေးတာလဲ ?

အဲဒီအခါ သူဆင်းရဲက အဖြေပေးတယ်
”လူတို့သည် သူတို့ အတွင်းစိတ် ၌ရှိသော အလိုအတိုင်းသာ ပေးကမ်းကြလေသည်”

Ref:အတွေး

No comments:

Post a Comment