Wednesday, 7 August 2013

ဒါမျိုးလာမလုပ်နဲ

Myanmar Online News
Wednesday, August 07, 2013

ဆရာဝန်တစ်ဦး၏ အိမ်တွင် မနက်၂နာရီ အချိန်ကြီး ဖုန်းဝင်လာသည်။
“ဟယ်လို”

“ဆရာ၊ ကျွန်တော် ဝေဒနာပေါင်းစုံ ခံစားနေရ တယ်ဗျာ၊ သေတော့မယ် ထင်ပါတယ်၊ ကယ်ပါအုံးဆရာ”

“စိတ်အေးအေးထားပါအုံး၊ ဘာဖြစ်နေတယ်ဆိုတာ သေချာ ပြောပါအုံး”

“ဆရာလာကြည့်ပေးမှ ဖြစ်မယ်ဗျာ၊ ဆရာ မလာရင်ကျွန်တော် သေမှာပဲ”

“ဒါဆိုလဲ ခင်ဗျားလိပ်စာ ပြောပါအုံး”

လူနာ့အိမ်မှ တော်တော်ဝေးသော မြို့စွန်ပိုင်းတွင်ဖြစ်သည်။ အပြင်တွင် မိုးကလည်း သဲကြီးမဲကြီး ရွာနေသည်။ မတတ်နိုင်၊ ဟိုက အသည်းအသန် ဆိုတော့လည်း သွားရပေမည်။

လူနာအိမ်သို့ ခက်ခက်ခဲခဲ ရောက်ရှိသွားပြီးနောက် ဆရာဝန်က လူနာကို စမ်းသပ်သည်။ ပြီးနောက် “ကဲ ခင်ဗျားရဲ့ဆွေမျိုးတွေကို ဖုန်းဆက်ပြီးခေါ်ပေတော့”

“ဗျာ၊ ဆရာ ဒါဆိုကျွန်တော့် အခြေအနေက.. ”

“အရင်ဆက်လိုက်ပါလေ၊ ပြီးမှ ကျုပ်ရှင်းပြပါ့မယ်”

ဖုန်းဆက်ပြီးနောက် လူနာက “ဆရာ၊ ကျွန်တော့်အခြေအနေလေး..”

“ဒီမယ် မင်းမှာ ဘာရောဂါမှမရှိဘူး၊ နွားသိုးတကောင်လို ကျန်းမာနေတုန်းပဲ၊ အေး ဒါပေမယ့် ဒီလိုအချိန်၊ ဒီလိုရာသီဥတုမျိုးမှာ ငါတယောက်တည်း အရူးလုပ်မခံနိုင်ဘူးကွ”
- Wazowski
Chilly's Joke Corner

No comments:

Post a Comment