မူးရင် မရမ်းနဲ့
Myawady News
Thursday, August 22, 2013
ယုန်တစ်ကောင်တောထဲတွင် လမ်းလျှောက်လာသည် ။ မြက်ခင်းပေါ်တွင် အရက်ပုလင်းတစ်လုံးကို
တွေ့သည် နှင့် ယုန်သောက်လိုက်သည် ။ သို့သော် အရက်က
ပြင်းလွန်းသောကြောင့် ယုန် နေရာမှာပင် မူးလဲ ကာ အိပ်ပျော်သွားလေသည် ။
ထိုနေရာသို့ မြေခွေးမတစ်ကောင်ရောက်လာသည် ။
ယုန်နှင့် အရက်ပုလင်းကို တွေ့ သောအခါ
"အတော်ပဲ ဟင်းစားကလည်း အဆင်သင့် သောက်စရာ
ယမကာကလည်း အသင့် "
အရက်ကို သောက်လိုက်သည် မြေခွေးမ မူးလဲ သွားသည် ။
ထို့ နောက် မြေခွေးထီးတစ်ကောင် ရောက်လာသည် ။ ယုန်
မြေခွေးမနှင့် အရက်ပုလင်းတို့ကို တွေ့သောအခါ "နိပ်ဟ ဟင်းစားလည်း ရှိတယ်။
ယမကာလည်း ရှိတယ်။ ပြီးတော့ မြာလေးကလည်း ရှိသေးတယ်" အရက်သောက်လိုက်သည်။
မြေခွေးမူးလဲကာ အိပ်ပျော်သွားသည် ။
မကြာမီ ယုန် ပြန်နိုးလာသည် ။ ဘေးတွင်လဲနေသော
မြေခွေးထီးနှင့် မြေခွေးမကို တွေ့သောအခါ .....
" ဟာ -- ငါ မူးပြီး ရမ်းလိုက်တာ မဆိုင်တဲ့
သူတွေတောင် တော်တော်ထိကုန်ပါပကောလား"
(မောင်ကောင်းထိုက် - ဟာသပဒေသာ )
No comments:
Post a Comment