Thursday 19 September 2013

ဦးဂျမ်း



Myanmar Online News
"ဦးဂျမ်း"
Wednesday, September 18, 2013

လမ်းဘေးက အုတ်ခုံမှာ ထိုင်နေတုန်း လူတစ်ယောက် သုတ်သုတ် သုတ်သုတ်နဲ့ ဖြတ်သွားတယ်
ဝတ်ထားတဲ့ ပုဆိုးလေးက အရမ်းလှတော့ လှမ်းပြောမိတယ်... ...
"ပုဆိုးလေးက လှလှချည်လားဗျ"... ဆိုတော့
"ဦးဂျမ်း ဦးဂျမ်း"... တဲ့ ပြန်အော်သွားတယ်
အော်... ဦးဂျမ်းတံဆိပ်ထင်ပါရဲ့ ဒ့ါကြောင့်လှတာ

တခါ...
နောက်တစ်ယောက်လည်း သုတ်သုတ် သုတ်သုတ်နဲ့ ဖြတ်သွားတယ်
ဝတ်ထားတဲ့ အင်္ကျီလေးက အရမ်းလှတော့ လှမ်းပြောမိတယ်... ...
"အင်္ကျီလေးက လှလှချည်လားဗျ"... ဆိုတော့
"ဦးဂျမ်း ဦးဂျမ်း"... တဲ့၊ ပြန်အော်သွားတယ်
အော်... ဦးဂျမ်းတံဆိပ်ထင်ပါရဲ့ ဒ့ါကြောင့်လှတာ

နောက်တခါ...
နောက်ထပ် တစ်ယောက် သုတ်သုတ် သုတ်သုတ်နဲ့ ဖြတ်သွားပြန်တယ်
စီးထားတဲ့ ဖိနပ်လေးက အရမ်းလှတော့ လှမ်းပြောမိပြန်တယ်... ...
"ဖိနပ်လေးက လှလှချည်လားဗျ"... ဆိုတော့
"ဦးဂျမ်း ဦးဂျမ်း"... တဲ့၊ ပြန်အော်သွားတယ်
အော်... ဦးဂျမ်းတံဆိပ်ကိုး ဒ့ါကြောင့်လှတာ

အဲ...
ဒီတခါတော့ ဦးလေးကြီးတစ်ယောက်
ကိုယ်လုံးတီးနဲ့ ပြေးလိုက်လာတယ်
ဒါနဲ့ မေးကြည့်မိတာပေါ့... ...

"ဟာ... ဦးလေးက ဘယ်သူတုန်း၊ ဘာဖြစ်လာတာတုန်း"

ဒီတော့ ဦးလေးကြီးက ပြန်ပြောတယ်... ...

"ဦးဂျမ်းကွ၊ ငါ့အဝတ်အစားတွေ လုသွားလို့"... တဲ့။


သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko

No comments:

Post a Comment