Monday 16 September 2013

ဈေးကွက်လိုအပ်ချက်အရ



Myanmar Online News Monday, September 16, 2013

သပ်သပ်ရပ်ရပ်ဝတ်စားထားတဲ့ အရောင်းမြှင့်တင်ရေးသမား လူငယ်တစ်ယောက်ဟာ လမ်းလျှောက်လာတဲ့ လူကြီးတစ်ယောက်ရဲ့အနား ချဉ်းကပ်သွားပြီး မေးတယ်... ...

"ဆရာ... ခံတွင်းသန့်ဆေးရည် ဝယ်ပါအုံးခင်ဗျာ၊ တစ်ပုလင်း ၃၀၀၀ ပါ"
"ဘာ... တစ်ပုလင်း ၃၀၀၀ ဟုတ်လား၊ မင်းဟာက ဈေးရောင်းနေတာလား ဓါးပြတိုက်နေတာလား"

"ကဲ... ဈေးဦးပေါက်မိုလို့ တစ်ပုလင်း ၂၀၀၀ နဲ့ ထားပေးလိုက်မယ် ဆရာ၊ အားပေးပါအုံး"
"တော်ပါပြီကွာ မလိုအပ်သေးပါဘူး၊ လမ်းဖယ်ပါ ငါသွားပါရစေ"

ဒါနဲ့ အရောင်းသမားလေးက သူ့အိတ်ကို ဆွဲဖွင့်လိုက်ပြီး ကိတ်မုန့်လေး နှစ်ခုကို ထုတ်လိုက်တယ်
တစ်ခုကို စားမယ်လုပ်ပြီးမှ သတိရသွားဟန်နဲ့... ...

"ဆရာ့ကို အနှောက်အယှက်ပေးမိတာ တောင်းပန်ပါတယ်၊ ကိတ်မုန့်လေးတစ်ခုတော့ သုံးဆောင်ပါဆရာ"

... ဆိုပြီး လှမ်းပေးလိုက်တော့ အဲဒီဦးလေးကြီးက ယူစားတယ်
ကိတ်မုန့်ကို နည်းနည်းဝါးမိတော့... ..

"ဟာ... ဖွီ ထွီ .. ဘာကြီးလဲ ကိတ်မုန့်က ခွေးချေးစော်ကြီး နံနေတာ"
"အင်... ဟုတ်လား"

"ဝေါ့... မင့် ခံတွင်းသန့်ဆေးရေ မြန်မြန်ပေးစမ်း အီး..."

ဒီတော့ အရောင်းသမားက ပြုံးပြုံးလေး ပြန်ပြောတယ်... ...

"ဟုတ်ကဲ့... ဈေးကွက်လိုအပ်ချက်အရ တစ်ပုလင်း ၅၀၀၀ ပါ"... တဲ့

သန်၎ကို-ဘာသာပြန်သည်။
https://www.facebook.com/thanlayko

No comments:

Post a Comment