Tuesday 17 September 2013

ခခွေးကျောင်းဆရာလေး



Myanmar Online News Tuesday, September 17, 2013

ဆယ်တန်းကျောင်းသူလေးကို ဆယ်တန်းအောင်ပြီးသွားတဲ့ ကောင်လေးက စာသင်ပေးနေတယ်
စာသင်နေရင်း လူလစ်တော့_
ကောင်လေးက ကောင်မလေးရဲ့ ညာဖက်ပါးကို နှစ်ချက်နမ်းလိုက်တယ်...
"ရွှတ်... ရွှတ်..."
ပြီးတော့ ဘယ်ဖက်ပါးကို တစ်ချက်နမ်းတယ်...
"ရွှတ်..."
ပြီးတာနဲ့ နဖူးလေးကို သုံးချက်နမ်းရင်း ပြောတယ်...
"ရွှတ်... ရွှတ်... ရွှတ်.. နှစ်အပေါင်းတစ် ညီမျှခြင်း သုံး၊ ပေါင်းခြင်း သင်ခန်းစာ"
ကောင်မလေးက ရီတယ်... ...
"ခစ်... ခစ်... ခစ်... ခိ"

နောက်တခါ
ကောင်လေးက ကောင်မလေးရဲ့ ညာဖက်ပါးကို သုံးချက်နမ်းလိုက်တယ်... ...
"ရွှတ်... ရွှတ်... ရွှတ်"
ပြီးတော့ ဘယ်ဖက်ပါးကို တစ်ချက်နမ်းတယ်
"ရွှတ်..."
ပြီးတာနဲ့ နဖူးလေးကို နှစ်ချက်နမ်းရင်း ပြောတယ်... ...
"ရွှတ်... ရွှတ်... သုံးအနုတ်တစ် ညီမျှခြင်း နှစ်၊ နုတ်ခြင်း သင်ခန်းစာ"
ကောင်မလေးက ရီတယ်... ...
"ခစ်... ခစ်... ခစ်... ခိ"

နောက်တခါ
ကောင်လေးက ကောင်မလေးရဲ့ ညာဖက်ပါးကို နှစ်ချက်နမ်းလိုက်တယ်...
"ရွှတ်... ရွှတ်... "
ကောင်မလေးက ကောင်လေးရဲ့ ညာဖက်ပါးကို နှစ်ချက်ပြန်နမ်းတယ်...
"ရွှတ်... ရွှတ်... "
ပြီးတာနဲ့ ကောင်လေးက ကောင်မလေး နဖူးလေးကို လေးချက်နမ်းရင်း ပြောတယ်...
"ရွှတ်... ရွှတ်... ရွှတ်... ရွှတ်... နှစ်အမြှောက်နှစ် ညီမျှခြင်း လေး၊ မြှောက်ခြင်း သင်ခန်းစာ"
ကောင်မလေးက ရီတယ်... ...
"ခစ်... ခစ်... ခစ်... ခိ"

အဲ... အခန်းပေါက်မှာ သူ့အဖေကြီး
ဘယ်တုန်းကတည်းက ရောက်နေတယ် မသိဘူး ခါးကြီးထောက်လို့ ကြည့်နေတာ
မျက်ထောင့်နီကြီးနဲ့ အခန်းထဲဝင်လာတယ်
ကောင်လေးကို နဘန် နှစ်ချက်ကျင်းလိုက်တယ်... ...
"ဖုန်း... ဖုန်း... "
ကောင်မလေးကို နဘန်နှစ်ချက် ကျင်းလိုက်တယ်... ...
"ဖုန်း... ဖုန်း..."
ပြီးတော့ ကောင်လေးကို ဂုတ်ကနေဆွဲခေါ်သွားပြီး ဖင်ကို ပိတ်ကန်ထည့်းလိုက်ရင်း ပြောတယ်... ...
"အုန်း... နှစ်အစားနှစ် ညီမျှခြင်း တစ်၊ စားခြင်း သင်ခန်းစာ"
ကောင်မလေးက ငိုတယ်... ...
"အစ်... အစ်...အစ်... အိ"

သန်၎ကို-ပေါက်ကရရေးသည်
https://www.facebook.com/thanlayko
ဟာသဗိမာန်-ဆရာသန်

No comments:

Post a Comment