Friday 20 September 2013

မျိုးရိုး



ဆိုးပေက သူ့ ဖေဖေကို မေးသည်
ဆိုးပေ။ ။ ဖေဖေ လူတွေ ဘယ်လိုစဖြစ်လာတာလဲဟင်…
အဖေ။ ။ သြော်… လူဆိုတာက မျောက်ကနေ ဆင်းသက်လာတာကွဲ့။ ဒီလိုနဲ့ တဖြည်းဖြည်း ဆင့်ကဲ ပြောင်းလဲတိုးတက်လာပြီးတော့ ခုဖေဖေတို့၊ သားတို့လို လူတွေဖြစ်လာတော့ပေါ့
ဆိုးပေ သူ့ မေမေထံ သွားပြန်သည်
ဆိုးပေ။ ။ မေမေ လူတွေ ဘယ်လိုစဖြစ်လာတာလဲဟင်..
အမေ။ ။သြော်.. သားရယ်.. ဘုရားသခင်က အာဒမ်နဲ့ ဧ၀ကို ဖန်ဆင်းခဲ့တယ်လေ။ အဲ့ဒီကနေပြီးတော့ လူသားမျိုးနွယ်တွေ ဆင်းသက်လာကြတာပေါ့။
ဆိုးပေ။ ။ဟင် မေမေကလည်း ဟုတ်လို့လား ဖေဖေကပြောတော့ လူဆိုက မျောက်ကဆင်းသက်လာတာတဲ့
အမေ။ ။ ဒီမှာသား နင့်အဖေက သူ့ဘက်က အမျိုးတွေအကြောင်းပြောတာ။ မေမေက မေမေ့ဘက်က အမျိုးတွေ အကြောင်းပြောတာ။

copy from
http://blog-aunghtut.blogspot.com/

No comments:

Post a Comment