Thursday, 19 September 2013

ယဉ်ကျေးတဲ့ အသုံးအနှုန်း



Myanmar Online News Thursday, September 19, 2013

သတင်းထောက်အသစ်လေးတစ်ယောက်ဟာ ယာဉ်တိုက်မှုသတင်းတစ်ခု ရလာပါတယ်
ဒါနဲ့ အဲဒီသတင်းကိုရေးပြီး အယ်ဒီတာဆီ တင်လိုက်တယ်

အယ်ဒီတာက ဖတ်ကြည့်လိုက်တော့...
"... အဆိုပါ ယာဉ်တိုက်မှုတွင် အဆိုတော်မလေး၏ နို့တွင် ပေါက်ပြဲဒဏ်ရာ ရသွားသည်" ... ဆိုတဲ့ အပိုဒ်က ပြသနာဖြစ်နေရော

အယ်ဒီတာက သူ့ကိုခေါ်ပြောတယ်...
"နို့ ဆိုတဲ့အသုံးဟာ ရိုင်းစိုင်းတယ်ကွ ပြင်ရေးစမ်း"

ခဏနေတော့ ပြင်ရေးထားတာ လာပေးတယ်...
"... ... အဆိုတော်မလေး၏ ရင်သားတွင် ပေါက်ပြဲဒဏ်ရာ ရသွားသည်" တဲ့

အယ်ဒီတာက ခေါ်ပြောပြန်တယ်...
"ရင်သား လို့ ရေးတာလည်း ရိုင်းစိုင်းတာပဲကွ ပြန်ပြင်ရေး"

ဘယ်လိုပြင်ရေးရမှန်း မစဉ်းစားတတ်တော့ဘူး
ဒါနဲ့ သူငယ်ချင်းတစ်ယောက်ကို ဖုန်းဆက်ပြီး အကြံတောင်းကြည့်တော့ ဟိုဖက်က ပြန်ပြောတယ်...
"လွယ်လွယ်လေး ဟေ့ကောင်၊ ငါက ဖေ့စ်ဘုတ်နေ့တိုင်း သုံးတယ်၊ ဒို့ ဖေ့စ်ဘုတ်မှာ ဆဲတာတောင် ယဉ်ယဉ်ကျေးကျေး ဆဲလို့ရတယ်၊ မင်း ရင်သားလောက်တော့ အပျော့၊ ဒီလိုရေး # @ $ & "

ဒါနဲ့ သူငယ်ချင်းပြောတဲ့အတိုင်း ရေးလိုက်ပြီး အယ်ဒီတာကို ပေးလိုက်တာ
အယ်ဒီတာခမျာ ဖတ်ကြည့်ပြီး မျက်လုံးပြဲသွားရှာတယ်...
သူပြင်ရေးတဲ့စာက

"... အဆိုတော်မလေး၏ ( . )( . ) တွင် ပေါက်ပြဲဒဏ်ရာ ရသွားသည်" တဲ့


သန်၎ကို-ပေါက်ကရရေးသည်။
https://www.facebook.com/thanlayko
ဟာသဗိမာန်-ဆရာသန်

No comments:

Post a Comment