Thursday 26 September 2013

တော်လိုက်တဲ့ ရှေ့နေ



Myanmar Online News
တရားရုံးတွင် လင်မယားကွာရှင်းပြတ်စဲလိုမှုကို ကြားနာနေသည်။ ကွာရှင်းပြီးသည့်အခါ သားသမီးများကို မည်သူက ပိုင်ဆိုင်သင့်ကြောင်းနှင့် ပတ်သက်၍ နှစ်ဖက်ရှေ့နေများ လျှောက်လဲ ကြသည်။

ယောက်ျားဘက်က ရှေ့နေက ပြောသည်။

“ ရုံးတော်ကို မေးခွန်းတစ်ခု မေးပါရစေ။ ဆိုကြပါစို့ . . . .စက်ထဲကို လူတစ်ယောက်က ပိုက်ဆံ ထည့်လိုက်တယ်။ စက်က စီးကရက်ဘူးကို ပြန်ထုတ်ပေးလိုက်တယ်။ အဲ့ဒီ စီးကရက်ဘူးကို ဘယ်သူက ပိုင်သလဲ ပိုက်ဆံ ထည့်တဲ့သူလား၊ စက်လား ”

တရားသူကြီးကပြောသည်။

“ ပိုက်ဆံထည့်တဲ့သူပေါ့ ”

“ အဲ့ဒါဆို ကလေးတွေကို ကျနော့ အမှုသည်ရဲ့လက်ထဲကို အပ်လိုက်ပါ ”

No comments:

Post a Comment