Tuesday 17 September 2013

ဗုဒ္ဓဘာသာ အကြောင်း



မာ လု's photo.
သူငယ်ချင်းတို့ရေ.... ဒီနေ့ စာမျက်နှာတစ်ခုမှာ ...ဘာသာခြားတစ်ယောက် မေးထားတာ လေးတွေကို.... ဥါဏ်မှီသလောက် .. ဖြေထားတာလေး ... တင်ပေးလိုက်ပါတယ်။။

အစ္စလာမ်ဘာသာဝင်တစ်ယောက်ရဲ့ အမေး ၁၀ ချက်

Do Ar

https://www.facebook.com/groups/differentviewsofreligions/permalink/335603629909172/

ကျွန်တော် အစ္စလာမ်ဘာသာဝင်ပါ.... ကျွန်တော်တို့ ဘာသာ မှာကိုးကွယ် မှုပုံစံ၊ပညတ်ချက်စ တာတွေကို ကုရ်အာန်မှာ ကသတ် မှတ်ပေးထားပါတယ်... ကျွန်တော်တို့ ဘာသာရဲ့ အဆုံးအမ မှာလည်း သူများယုံကြည်ရာကို စော်ကားခွင့်မပေးထားပါဘူး.... စော်ကားမယ့်အစီ အစဉ်လည်း မရှိပါဘူး... အခုကျွန်တော်သိချင် တာလေးတွေ ကို ဗုဒ္ဒဘာသာဝင် အကိုအမ များက ငြိမ်းချမ်းစွာ ဖြေပေးပါ...


(1) ဗုဒ္ဒကသူ့ ကို ဆင်းတုများပြုလုပ်ပူဇော်ရမယ် လို့ ပြောခဲ့ဖူး ပါသလား.. အဲလိုလုပ်ရပ်ကို သူကိုယ်တိုင်ရော ကြိုက်ပါရဲ့ လား
(2)ဆင်းတုများစေတီများ ပြုလုပ်ပူဇော်ခြင်းက သူရှိစဉ်ကတည်းကပါလား၊ သူမရှိမှလား

(3)ဆင်းတုများစေတီများပြုလုပ်ခွင့်ကိုတောင်းဆိုခဲ့ရတယ်လို ပိုစ်တစ်ခုမှာပြောထားတာတွေ့ ရတဲ့အတွက်.... ကမ္ဘာပေါ်မှာမည့် သည့်စေတီက ပထမဆုံးပါလဲ...

(4)စေတီတိုင်းမှာအများအားဖြင့် ဆင်းတုတော်တွေ အများကြီးတွေ့ ရ ပါတယ်... .စေတီတည် တဲ့အခါ အဓိကလို အပ်ချက်ကဘာပါလဲ၊

(5)ဗုဒ္ဒဘာသာရဲ့ ကိုးကွယ်မှုဖြစ်တဲ့.. ရတနာသုံးပါးဆိုတာကို ဗုဒ္ဒကချ မှတ်ပေး ထားခဲ့ခြင်းလား

(6) ဗုဒ္ဒဘာသာရဲ့ ပညတ်ချက်တွေကဘာပါလဲ..

(7)ရတနာသုံးပါးအပြင်မိဘဆရာ အစရှိတာတွေက ဘုရားနဲ့ တစ်ဂိုဏ်းတည်းသတ်မှတ်ထားတာဆိုရင် သံဃာနဲ့ မိခင်ဘယ်သူကပိုမြတ်ပါသလဲ။

(8)ဗုဒ္ဒဘုရားရှင် ယခုရှိပါသေးလား။အစ္စလာမ်ရောခရစ်ယာန်တွေပါ ဆုတောင်းမှုပြုရင်.. ဖန်ဆင်းရှင်ဆီမှာသာတောင်း ခံကြပါတယ်.... ဗုဒ္ဒဘာသာမှာဘယ်သူ့ ဆီက ဆုတောင်းနေကြတာပါလဲ...

(9)ဗုဒ္ဒဘာသာကိုဝင်ချင်လို့ နိုင်ငံခြားသားတစ်ယောက်က ဗုဒ္ဒကို ဘယ်လိုသုံးနှုန်းမလဲ.. ကျွန်တော်မေးချင်တာက.. .မြန်မာမှာ ဆိုဘုရား လို့ သုံးတယ်.. ထိုင်းမှာဆိုလည်းဖကျောင်း ဆိုပြီးသုံးနှုန်း ပါတယ်... အဲဒီမှာအာရှ ကမဟုတ်တဲ့ အမေရိကန်တစ်ယောက်က ဘုရားရှစ်ခိုးမယ် ဆိုရင်... ဘုရားဆို တဲ့နေရာမှာ ဘယ်လိုအသုံး အနှုန်းကိုသုံးလို့ ရနိုင်မလဲ..

(10)ဘုရားဟောတာတွေက သိပ်ကောင်းနေပါ ရဲ့ နဲ့ ဗုဒ္ဒဘာ သာဝင်တော်တော်များများကဘာလို့ မကျင့်သုံးနိုင်ကြတာပါလဲ... ဥပပမာ.. ခက်လို့ လား ဒါမှမဟုတ် မလုပ်နိုင်လို့ လား ဆိုတာသိပါ ရစေ.....

ဖြေပေးတဲ့အကိုအမများ အားလုံးကို လေးစားပါတယ်.... ဒီထဲက အသုံးအနှုန်းတခုခုက ရိုင်းသွားရင်လည်း ခွင့်လွတ်ပေးပါ....
---


နံပါတ် ( ၁ ) ( ၂ ) ( ၃ ) ( ၄ ) အ ဖြေ ပါ

မြတ်စွာဘုရားသက်ရှိထင်ရှားရှိစဉ်အခါတုန်းက ဘုရားရှင်ကို ကြည်ညိုတဲ့သူတွေ မြတ်စွာဘုရားကို ပူဇော်ဘို့ လှူဒါန်းဘို့ အခါအားလျှော်စွာ မြတ်စွာဘုရားထံလာကြ ပါတယ်...။ မြတ်စွာ ဘုရား ကျောင်းတော် မှာ ရှိနေစဉ်အချိန်မှာတော့ မြတ်စွာ ဘုရားကို လှူကြတာပေါ့ မြတ်စွာဘုရား မရှိတဲ့အခါ ပါလာတဲ့ပစ္စည်း ဘယ်ကို လှူဒါန်းခဲ့ရမှန်းမသိတော့ဘူး။ မြတ်စွာ ဘုရားကို လှူဒါန်းဘို့ စိတ်ကူးနဲ့ လာကြတာကိုး။ဒီတော့ ကျောင်းဒကာ အနာထပိဏ်သူထေးက ဘုရားထံ လှူဒါန်းဘို့ လာတဲ့သူတွေ ဘုရားရှင် မရှိလည်း လှူဒါန်းလို့ အဆင်ပြေအောင် သင့်လျှော်တဲ့နေ ရာစီစဉ်ဘို့ ရှင် အာနန္ဒာကို လျှောက်ထားပါတယ်။ ရှင်အာနန္ဒာ ကလည်း ဒီ ကိစ္စ ကို မြတ်စွာဘုရား နဲ့တွေ့တော့လျှောက် ထားပါတယ်.... မြတ်စွာဘုရားက လှူဒါန်းပူဇော်သင့်တဲ့ အရာ သုံးမျိုးကို ပြောပြခဲ့ပါတယ်။
၁။ ဓာတ်တော်မွေတော်အပါအ၀င် မြတ်စွာဘုရားရဲ့ ခန္ဓာကိုယ်
၂။ မြတ်စွာဘုရားရဲ့ အသုံးအဆောင်များ
၃။ မြတ်စွာဘုရားကို အာရုံယူဘို့ မြတ်စွာဘုရားကို ရည်ညွှန်းထားသော ရုပ်တု၊ စေတီ ကိုလှူဒါန်း ပူဇော်သင့်ကြောင်း မိန့်ခဲ့ပါတယ် ။

တစ်ဖန် ရှင်အာနန္ဒာက မြတ်စွာဘုရားသက်ရှိထင်ရှားရှိတုန်း စေတီပုထိုးတည်ထားကိုးကွယ်ရရင် အဆင်ပြေနိုင်မလားလို့ ဆက်လျှောက်တဲ့အခါ ဘုရားရှင်က ..... စေတီကို ငါဘုရား ပရိနိဗ္ဗာန်စံပြီးမှ ငါဘုရားရဲ့ အရိုးတော် ဓာတ်တော်တွေနဲ့ တည်ဆောက် ပူဇော် သင့်ကြောင်း

သူ့ကိုယ်စား ကိုးကွယ်ဆည်းကပ်ဖို့အတွက်
စေတီ ၄ မျိုးကို သတ်မှတ်ပေးတော်မူခဲ့ပါတယ်။

( ၁ ) ဓာတုစေတီ… ဗုဒ္ဓရဲ့ ရုပ်ကလပ်တော်ကို မီးသဂြိင်္ုဟ်တဲ့အခါ ကျန်ရစ်တဲ့
ဓါတ်တော်များကို ဘုရားရှင် ကိုယ်စားကိုးကွယ်နိုင်တယ်။

( ၂ ) ဓမ္မစေတီ… ဗုဒ္ဓမြတ်စွာ ၄၅ နှစ်တိုင်တိုင် ဟောကြားတော်မူခဲ့တဲ့
ပိဋကတ်သုံးပုံ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်နဲ့ နိဗ္ဗာန်တရားတို့ကို
ဘုရားရှင်ကိုယ်စား ကိုးကွယ်ဆည်းကပ်နိုင်တယ်။

( ၃ ) ဥဒ္ဒိဿစေတီ… သက်တော်ထင်ရှား မြတ်ဘုရားကို ရည်မှန်းပြီး ရေးသားတဲ့ ပုံတော်၊
ပန်းချီကားချပ်တွေ၊ သစ်သားဆင်စွယ် စသည်တို့ကို ထုလုပ်ထားတဲ့ ဆင်းတုတွေ၊
အုတ်၊ သဲ၊ အင်္ဂတေ စသည်တို့ဖြင့် တည်ဆောက်ထားတဲ့ စေတီပုထိုးတွေ၊
ဒီအရာတွေအားလုံးကို ဘုရားရှင်ကိုယ်စား ရှိခိုးပူဇော်နိုင်တယ်။

( ၃ ) ပရိဘောဂစေတီ… မဟာဗောဓိပင် အပါအ၀င် ဘုရားရှင် အသုံးပြုတော်မူခဲ့တဲ့ သပိတ်၊
သင်္ကန်း၊ တောင်ဝှေးစသည်တို့ကိုလည်း ဘုရားရှင်ကိုယ်စား
ဆည်းကပ်ကိုးကွယ်နိုင်တယ်။

အဲဒီတော့ ဗုဒ္ဓဘာသာဝင်များက မြတ်ဗုဒ္ဓရဲ့ ပုံတော်ပန်းချီကားတွေ၊
ဆင်းတုတွေကို ရှိခိုးပူဇော်တာဟာ ဥဒ္ဒိဿစေတီအဖြစ် ရည်မှန်းပြီး
ရှိခိုးပူဇော်ခြင်းဖြစ်တယ်။ ပန်းချီကားအနေနဲ့ ရုပ်ထု၊
ဆင်းတုတော်များအနေနဲ့ ရှိခိုးပူဇော်နေတာ မဟုတ်ပါဘူး။။

ဘုရားရှင်က ဒီလို စေတီပုထိုးတော်တွေကို ပူဇော်တာဟာ ရုပ်ကို အခြေခံပြီး ပူဇော်တာမျိုး မဟုတ်ကြောင်း၊ စေတီပုထိုးတော်တွေ ကို ပူဇော်တာဟာ စိတ်ရဲ့အလုပ်ဖြစ်ကြောင်း ဆက်လက်မိန့်ကြားပါတယ်။
(((( စေတီပုထိုးကို ကြည့်၊ ဘုရားအစစ် (သက်ရှိထင်ရှားမြတ်ဘုရား) ရဲ့ဆုံးမသြ၀ါဒတွေကို စိတ်နဲ့အာရုံပြုပြီး ပူဇော်ရမှာ လို့ နားလည် မိပါတယ်။ တနည်းအားဖြင့် ပုံနောက်က ဂုဏ်ကို စိတ်အာ ရုံရောက်အောင်ပြု၊ ပူဇော်ရမှာဖြစ်ပါတယ်။)))))
စေတီပုထိုးမတည်သေး ဘဲနဲ့ သူတရားအားထုတ် ခဲ့တဲ့ ဗောဓိညောင်ပင် ကို စိုက်ပျိုးပြီး သူမရှိတဲ့အခါ သူခရီးထွက်နေ သခိုက် သူ့ကိုယ်စား ဗော ဓိညောင်ပင်ကို ပူဇော်ဘို့ မြတ်စွာဘုရားက ရှင်အာနန္ဒာကို အကြံပြုပါတယ်။ဒီနောက် ရှင်အာနန္ဒာ ဟာ ရှင်မဟာမော ဂ္ဂလာန် အကူအညီနဲ့ ဗုဒ္ဓဂယာ က ဗောဓိညောင် မျိုးစေ့ကိုယူပြီး ဇေတ ၀န်ကျောင်းနဲ့ မလှမ်းမကမ်းမှာ စိုက်ပါတယ်။ အဲ့ဒီဗောဓိညောင်ပင်ကို အာနန္ဒဗောဓိပင်လို့ အမည်တွင်စေခဲ့ပါတယ်။ ယနေ့ အိန္ဒိယကို ဘုရားဖူးသွားကြတဲ့သူတွေ အဲဒီအာနန္ဒဗောဓိပင်ကို တွေ့ကြမှာပါ။ ဒီဇာတ်လမ်းအဖြစ်အပျက်ကို အကြောင်းပြုပြီး သီဟို ဠ် (သီရိ လင်္ကာ) နိုင် ငံ ဘုန်းကြီးကျောင်းတိုင်းမှာ ဗောဓိပင်ကို ဘုန်းကြီးကျောင်း အင်္ဂါရပ် (၁) ချက်အဖြစ် ထည့်သွင်းထားပါတယ်။ သီဟိုဠ် ဘုန်းကြီးကျောင်း (၁) ကျောင်းတည်ထောင်ရင် ကျောင်းဝင်းထဲမှာ
၁၊ ဘုရားကျောင်းသီးသန့် (ဘုန်းကြီး၊ လူမနေရ၊ ဂန္ဓကုဋိကဲ့သို့)
၂၊ စေတီတစ်ဆူ
၃၊ ဗောဓိညောင်ပင် တစ်ပင်
၎၊ သံဃာနေဆောင် တို့ရှိရပါတယ်။
ပထမဆုံး စေတီတော်ကတော့ ဘုရားရှင်ကို ပထမဆုံး ဖူးမြော်ကြည်ညိုခွင့်ရသူ ဥက္ကလာပတိုင်းသား ကုန်သည်ညီနောင် တဖုဿ နှင့် ပလ္လိကာ ကဘုရားရှင်ထံမှပင့်ဆောင်လာသော ဆံတော်များကို ဥက္ကလာပမင်းကြီးထံ ဆက်သရာမှ ဖြစ်ပေါ်လာသော လက်ရှိအားလုံးဖူးမြော်နေရပါသော နှစ်ပေါင်း ၂၆၀၀ နီးပါးသက်တမ်းရှိ ရွှေတိဂုံ စေတီတော်မြတ်ကြီးပါပဲရှင်...။


( ၅ ) ( ၆ ) ( ၇ ) အဖြေပါ

ရတနာသုံးပါးကိုသိမြင်ဖို့ မြတ်ဗုဒ္ဓက လမ်းပြခဲ့တာပါ... ချမှတ်ခဲ့တာ မရှိပါ ရတနာသုံးပါးအပြင်.. မိဘ ဆရာသမားကိုလဲ တစ်ဂိုဏ်းထဲထား ရိုသေသင့်တယ်လို့သွန်သင်ဆုံးမခဲ့ပါတယ်... သံဃာ ရယ် ဘုရားရယ်မိခင်ရယ် မဟုတ်ပါဖူး. စော်ကားမိရင် တူညီတဲ့ ငရဲ ရမှာဖြစ်ပါတယ်။ တစ်ဂိုဏ်းထဲမှာဆိုမှ ဘယ်ဟာပိုကြီးလဲ လုပ်နေတယ်။ပြီးတော့ ဘုရား ရှင်က ၀ိနယလို့ခေါ်တဲ့ ၀ိနည်းတွေကိုသာ ပညတ်ခဲ့ပါတယ်။ ကျန်တာတွေ တော့ လောကရဲ့ သစ္စာတရားတွေကို ညွှန်ပြခဲ့တာပါ..။
ပညတ်ချက်တွေကိုအောက်လင့်မှာသွားဖတ်နိုင်ပါတယ်.....
http://moenatvilla.blogspot.com/2013/09/blog-post_8.html


( ၈ ) နဲ့ ( ၉ ) အဖြေပါ
ဘုရားရှင်ကိုယ်တော်မြတ်ကြီး က အတ္တာဟိ အတ္တနော နာတော... မိမိကိုယ် ကိုသာ ကိုးကွယ် ရာ၏ လို့ဆိုခဲ့ တဲ့အတွက် သာသနာတော်ဝင်တွေ က ဆုတောင်းတာမဟုတ်ပါ သူတို့ပြုခဲ့တဲ့ ကုသိုလ် အားလုံးကို တိုင်တည်ပြီး ဘယ်အကျိုး ကိုစွမ်းဆောင်နိုင်တဲ့ အားအင်ရချင်ပါတယ်လို့ တိုင်တည် ဆုပန်တာပါ။ ဗုဒ္ဓကို တစ်ကမ္ဘာလုံး BUDDHA လို့သုံးပါတယ်။ ထိုင်းမှာသုံးတာက ဖရာ့ကျောက် ပါ ကျောက် ဆိုတာက သခင် ၊ ဦးထိပ်ပန်ဆင်သူလို့ အမည်ရပြီး ဖရာ့ ကတော့ ဘုရား ပါ အတူတူပါပဲ။

နံပါတ် ( ၁၀ ) တော့ ဘာသာတိုင်းမှာ ရှိတတ်တဲ့သဘာဝပါ ... ကျမတို့ဘာသာဝင် အများစု မကျင့်သုံး နိုင်ရင်လေ... ကျမတို့သာသနာ ကမ္ဘာမှာအနူးညံ့ အသိမ်မွေ့ဆုံး သာသနာတော်အဖြစ် လက်မထောင် မနေဖူးရှင် ကျမတို့ သာသနာတော်ကြောင့် စစ်ခင်းရတာ သွေးချောင်းစီးရတာ... မရှိပါရှင်... ချမ်းမြေ့ ပါစေ။
 

No comments:

Post a Comment