Sunday 22 September 2013

အသုံးတည့်ပါတယ်



Myanmar Online News Saturday, September 21, 2013

သေငယ်ဇောနဲ့မြောနေတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်ဟာ သတိတချက်ပြန်လည်လာတော့ သူ့အချစ်ဆုံးမြေးလေးကို အနားခေါ်လိုက်ပြီး လက်ဆောင်တခု ပေးတယ်...

"ရော့ မြေလေး၊ ဖိုးဖိုးကိုင်ခဲ့တဲ့ ကာလီဗာပစ္စတို၊ ဒါကိုမြင်တိုင်း ဖိုးဖိုးကို သတိရနေနော်"

ဒီတော့ ကောင်လေးက ငြင်းတယ်...

"သေနတ်ကြီး မလိုချင်ပါဘူး၊ ဖိုးဖိုးရဲ့ ရွှေရောင်ရိုးလက်စ် နာရီကြီး ပေးပါလား"

"သေနတ်ပဲယူပါ မြေးလေးရယ်၊ နာရီက အသုံးမတည့်ပါဘူး"

"တည့်ပါတယ် ဖိုးဖိုးရယ် နာရီပဲပေး"

"ကဲ ဒါဆို ဖိုးဖိုးမေးမယ်၊ ဥပမာကွာ မင်းရဲ့မိန်းမက တခြားတယောက်နဲ့ အိပ်ရာထဲမှာ အိပ်နေတာ မင်းတွေ့ပြီဆိုပါတော့၊ မင်းဆီမှာ သေနတ်ရှိနေရင် ဆွဲထုတ်ပြီး ပစ်လို့ရတယ်၊ နာရီကြီးနဲ့က ဘာလုပ်လို့ရမှာလဲ"

ဒီတော့ ကောင်လေးက လက်ကိုဟန်ပါပါမြှောက်လို့ နာရီကြည့်ဟန်လုပ်ရင်းပြောတယ်...

"ဟေ့ကောင် အချိန်စေ့ပြီ"


သန်၎ကို-ဘာသာပြန်သည်
ဟာသဗိမာန်-ဆရာသန်

No comments:

Post a Comment