လွန်လွန်းတာကိုး

ရဲအရာရှိတစ်ယောက်...
မိသားစုနဲ့အတူ ပင်လယ်ကမ်းခြေဘက်ကို အပန်းဖြေခရီးထွက်မယ်လို့ စီစဉ်ပြီးကာမှ
ရုံးကအရေးပေါ်ကိစ္စတခုပေါ်လာလို့ ခေါ်ခိုင်းပါလေရော
ဒါနဲ့ မိန်းမနဲ့ ကလေးတွေကို အရင်သွားခိုင်းလိုက်ရတယ်
သူက တစ်ပတ်လောက်နေမှ နောက်ကလိုက်သွားရတာ
ကမ်းခြေက ဟိုတယ်ရောက်ရောဆိုပါတော့...
မိန်းမနဲ့ မတွေ့ရတာလည်း တစ်ပတ်လောက်ကြာပြီဆိုတော့
တွေ့တွေ့ခြင်း ချစ်တင်းနှောဖို့ ကြိုးစားတယ်
မိန်းမက လက်မခံဘူး... ကလေးတွေ ရှိနေတာကိုး
ဒါနဲ့ ကမ်းခြေဖက်ထွက်လာပြီး လူရှင်းတဲ့နေရာမှာ
ချစ်တင်းနှောကြတယ်
အဲ... ကံဆိုးချင်တော့ ကမ်းခြေစောင့်ရဲက
ဖမ်းပါလေရောဗျာ
"ခင်ဗျားတို့ကို ဖမ်းတယ်၊ ဒဏ်ရိုက်မယ်"
"ဘာလို့လည်း"
"အများပြည်သူ နားနေရာနေရာမှာ
မဖွယ်မရာလုပ်လို့"
ဒီတော့ ရဲအရာရှိက သူ့ရဲ့ ရဲတံဆိပ်ကို ထုတ်ပြပြီး
တောင်းပန်တယ်... ..
"မလုပ်ပါနဲ့ဗျာ၊ ကျနော်လည်း
ရဲအရာရှိတစ်ယောက်ပါ"
ကမ်းခြေစောင့်ရဲက သူ့တံဆိပ်ကို ယူကြည့်ပြီး
ပြန်ပြောတယ်... ...
"အေးလေ၊ ရဲအခြင်းခြင်းဖြစ်တာရယ်၊ တစ်ကြိမ်တစ်ခါ
ကျူးလွန်တာရယ်ကြောင့် ခင်ဗျားကိုတော့ လွှတ်ပေးလိုက်မယ်၊ ဒါပေမယ့် ဒီမိန်းမကိုတော့
ဖမ်းကိုဖမ်းရမယ်"
"ဘာဖြစ်လို့လဲဗျ"
"ဘယ့်နှယ့်ဗျာ... ဒီတပတ်ထဲတင် သူ့ကိုဖမ်းမိတာ
သုံးခါရှိပြီလေ"
"ဂျာ..."
သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko
No comments:
Post a Comment