ဘယ်တုန်းကမှလဲ မပြောခဲ့ဖူးပဲနဲ့
စိတ်ရောဂါဆေးရုံရှိ
စောင့်ဆိုင်းရန်နေရာတွင် လူနှစ်ယောက်ထိုင်ကာ စကားပြောနေကြသည် ...။
ပထမတစ်ယောက် : "ခင်ဗျား ဒီကို ဘာလာလုပ်တာလဲ"
ဒုတိယတစ်ယောက် : " ကျုပ်က နပိုလီယံဗျ။ ဒါကြောင့် ဆရာဝန်က ဒီကိုလာခိုင်းတာပဲ"
ပထမတစ်ယောက်က စပ်စုပြီး ထပ်မေးသည်။
ပထမတစ်ယောက် : "ခင်ဗျားကိုယ်ခင်ဗျား နပိုလီယံဆိုတာ ဘယ်လိုသိသလဲ?"
ဒုတိယတစ်ယောက် : "ဘုရားသခင်ပြောတာလေ"
အဲဒီ့အချိန်မှာ အခြားတစ်ဘက်မှာ ထိုင်နေသူတစ်ယောက် ရုတ်တရက် ထအော်လိုက်ပုံက ...
"ဘာာာာာာာကွ..... ငါဘယ်တုန်းကမှလဲ မပြောခဲ့ဖူးပဲနဲ့" ဟူသတတ် ...။
Credit to အလင်္ကာမေကျော်
ဆေးလောကဟာသများ

= = =
လျှို့ဝှက်ချက်
Wednesday, August 21, 2013
ဇနီးသည်မှာ မထင်မှတ်ဘဲ ကိုယ်ဝန်ရှိလာတာ သိရတဲ့ အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ ဒီမင်္ဂလာရှိတဲ့ သတင်းကို လူတိုင်းကို အသိပေးချင်လာတယ်..။
အဲဒါနဲ့ ဇနီးသည်ရဲ့ ဟန်းဖုန်းကို ယူပြီး သူမဖုန်းထဲမှာရှိတဲ့ အဆက်အဆံရှိတဲ့သူတွေကို “ငါ့မှာ ကိုယ်ဝန်ရှိနေပြီ”လို့ message တွေ ပို့လိုက်သတဲ့..။
သိပ်မကြာပါဘူး ဇနီးရဲ့ အမေက စာပြန်တယ်… “နင့်ယောက်ျားက မြုံနေ တာဆို..။ နင့် အရင်ဘဲနဲ့ ပြန်ဆက်သွယ်နေပြန်တာလား.။”
ခဏနေတော့ ခဲအိုက စာပြန်တယ်.. “မင်းဘယ်လို ဖြေရှင်းမယ် စိတ်ကူးလဲ”
ကျောင်းနေဘက် သူငယ်ချင်းတစ်ယောက်က “ငါတို့တွေ မတွေ့တော့တာ ၆လကျော်ပြီနော် ငါ့ခေါင်းပေါ် ပုံဖို့တော့ စိတ်မကူးနဲ့”
လုပ်ဖော်ကိုင်ဖက်က “ဟုတ်ပမလားကွာ..။ ၂ရက်ပဲ ရှိသေးတာကို”
သူဌေးက “ငါမင်းကို သိန်း၁၀၀ပေးမယ်… မင်း ခဏလောက် နားနေလိုက်ကွာ”
ဖောက်သည်က “အေးပါကွာ..။ မင်းငါ့ကို မခြောက်ပါနဲ့တော့..။ မနက်ဖြန် ငါ့အိမ် တစ်ခေါက်ထပ်လာခဲ့… ငါ စာချုပ်မှာ လက်မှတ်ထိုးပေးပါ့မယ်..။”
သူစိမ်းတစ်ယောက်က “မင်း ကွာရှင်းလိုက်ပါ..။ ငါတို့ ဒီကလေးကို မွေးကြမယ်..”
နောက်သူစိမ်းတစ်ယောက်က “အဲဒီနေ့က မစ္စတာ Z လည်း ပါတာပဲ..။ ငါလို့တော့ မင်းမပြောပါနဲ့…”
နောက်ထပ် သူစိမ်းတစ်ယောက်က “မနောက်ပါနဲ့ကွာ..။ ငါ သားကြောဖြတ်ထားတာ ကြာပြီကွ…။”
ကြည့်ရတာ ဇနီးသည်မှာ လျှို့ဝှက်ချက်တွေ တော်တော်များပုံရတယ်..။
credit - original uploader
စိတ္တဇ ဟာသများ

No comments:
Post a Comment