Today Myanmar
အသည်းဟာ အစားအစာတွေကို ကြေညက်ဖို့
ကူညီပေးပြီး အဆိပ်အတောက်တွေကို ပြေစေနိုင် တာကြောင့် အသည်းကျန်းမာရေးကို
ကောင်းအောင် ထားနိုင်မယ်ဆိုရင် ကိုယ်အလေး ချိန် ပြဿ နာ၊ ဆီးချိုရောဂါ၊ နာတာရှည်
မောပန်းတာနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေကို ထက်ဝက်ခန့် လျှော့ချနိုင် ပါတယ်။
အသည်းကျန်းမာရေး ကောင်းစေတဲ့ နည်းလမ်းတွေကို သုတေသီတွေက အောက်ပါ အတိုင်း ဖော်ထုတ်
ထားပါတယ်။
၁။ အဆိပ်အတောက်တွေ ပြေဖို့ ကယ်လ်စီယမ်
မှီဝဲပါ
သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေမှာ
သဘာဝအားဖြင့် အနည်းငယ် ပါဝင်ပြီး ခန္ဓာကိုယ်က အလွယ် တကူ စုပ်ယူနိုင်တဲ့ Calcium
d-glucarate ဟာ အသည်းအတွင်း အဆိပ်အတောက်တွေနဲ့ ပူးပေါင်းပြီး အဆိပ် တွေကို ဖြိုခွဲနိုင်ကာ
ခန္ဓာကိုယ်မှ စွန့်ထုတ်ပစ်နိုင်တယ်လို့ အသည်းအထူးကု ဆရာဝန် က ပြောပါတယ်။ နေ့စဉ် ၄၀၀
မီလီဂရမ်မှ ၅၀၀ မီလီဂရမ် မှီဝဲတာကြောင့် အသည်းကို ကာကွယ်နိုင်ပြီး အသည်းဆဲလ်တွေ
ကင်ဆာအကြို မဖြစ်အောင် ပိတ်ပင်နိုင်တယ်လို့ အိုဟိုင်းယိုး တက္ကသိုလ်မှ လေ့လာမှုအရ
တွေ့ရှိ ထားပါတယ်။
၂။ စွမ်းအင် ၅၅ ရာခိုင်နှုန်း
မြင့်တက်လာအောင် ထောပတ်သီး စားပါ
တစ်ပတ်ကို ထောပတ်သီး နှစ်လုံးစားတာဟာ
အသည်း လုပ်ငန်းဆောင်တာ တိုးတက်နိုင်ပြီး နှစ်လ အတွင်း စွမ်းအင်အဆင့် ၅၅
ရာခိုင်နှုန်း မြင့်တက်နိုင်တယ်လို့ ဂျပန်မှ သုတေသီတွေက အကြံပေးထားပါတယ်။
၃။ ရောင်ရမ်းမှု ရပ်တန့်အောင်
နို့ဖျော်ရည်သောက်ပါ
ဘယ်ရီတစ်မျိုးမျိုး တစ်ခွက်စာကို
ပဲပိစပ် ပရိုတင်းအမှုန့် ထမင်းစားဇွန်း သုံးဇွန်းနဲ့ နွားနို့ ရောစပ် ပြီး နို့
သစ်သီးဖျော်ရည် သောက်ပေးရင် တစ်လအတွင်း အသည်းရောင်ရမ်းမှု ရပ်တန့်သွားပြီး
အသည်းအတွင်း အဆီစုဆောင်းမှု ၂၀ ရာခိုင်နှုန်း လျှော့ချနိုင်တယ်လို့ အလီနိုးစစ်
တက္ကသိုလ်မှ လေ့လာမှုအရ တွေ့ရှိထား ပါတယ်။ ဘယ်ရီမှာ အသည်းကို ပြန်လည်ပြုပြင်နိုင်တဲ့
ဓာတ်တိုး ဆန့်ကျင် ပစ္စည်းတွေ ပါဝင်ပြီး ပဲပိစပ် ပရိုတင်းမှာ အဆီဖြိုခွင်းနိုင်တဲ့
မျိုးရိုးဗီဇ ဂျင်းကို လှုံ့ဆော်နိုင် တဲ့အပြင် ပျက်စီးနေတဲ့ အသည်းကို ပြန်လည်
ပြုပြင်နိုင်တာကြောင့်လို့ ဆိုပါတယ်။
၎။ ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်ဖြတ်တာကြောင့် အသည်း
ဒုက္ခရောက်နိုင်ခြေ ထက်ဝက်ခန့် လျှော့ချနိုင်တယ် လို့ လေ့ လာ မှုပေါင်း
တစ်ဒါဇင်ကျော်အရ သက်သေပြထားနိုင်ပြီ ဖြစ် ပါတယ်။ ဆေးလိပ်ငွေ့ ကို ရှောင် ရှားနိုင်
ရင် အသည်းကို ပျက်စီးနိုင်တဲ့ အဆိပ်အတောက်ပေါင်း ၁၀၀၀၀ ကျော်ကို လည်း ရှောင်
ရှားနိုင် တာကြောင့်ပါ။
၅။ အသည်းပျက်စီးခြင်းမှ
ကာကွယ်နိုင်အောင် ဟင်းသီးဟင်းရွက် စားပါ
အစိမ်းရောင် ပန်းဂေါ်ဖီ၊ ကြက်သွန်နီနဲ့
ကြက်သွန်ဖြူမှာ ပါဝင်တဲ့ များစွာသော ဆာလဖာဒြပ်ပေါင်းတွေဟာ သွေးအတွင်းရှိနေတဲ့
အသည်းပျက်စီးစေနိုင်တဲ့ ဒြပ်ပေါင်း အနည်းဆုံး ၄၀ ရာခိုင်နှုန်းကို ဖျက်ဆီးနိုင်တဲ့
အပြင် အသည်းအတွင်း ရောက်ရှိနေတဲ့ အဆိပ်အတောက်တွေကိုလည်း ပျက်ပြယ်ေ စပြီး
ကျောက်ကပ်မှ အလွယ်တကူ စွန့်ထုတ်နိုင်အောင် ကူညီနိုင်တယ်လို့ ဂျွန်ဟော့ကင်း တက္က
သိုလ် မှ လေ့လာမှုအရ တွေ့ရှိထားပါတယ်။ တစ်ပတ်ကို အစိမ်းရောင် ပန်းဂေါ်ဖီ နှစ်ခွက်စာ
စားပြီး ကြက်သွန်ဖြူ တစ်ဥနဲ့ ကြက် သွန်နီ ထမင်းစားဇွန်း တစ်ဇွန်းစာကို နေ့စဉ်
စားပါ။
Tip - နေ့စဉ် ကြက်ဥနှစ်လုံး
စားနိုင်ပါတယ်။ ကြက်ဥမှာ ပါဝင်တဲ့ အမိုင်နိုအက်စစ်တွေဟာ အသည်း ပျက်စီးမှု
နှေးကွေးနိုင်တဲ့ ဓာတုပစ္စည်းပေါင်း ၁၀၀ ကျော်ကို လှုံ့ဆော်မှု ပေးနိုင်တာကြောင့်ပါ။
၆။ ကင်ဆာမှ ကာကွယ်နိုင်အောင်
မြေပဲထောပတ် စားပါ
မြေပဲထောပတ်မှာ အပင်အဆီတွေနဲ့
တစ်သျှူးကျက်စေနိုင်တဲ့ ဗီတာမင် E တွေ အများအပြား ပါဝင် ပါတယ်။ နေ့စဉ်
ထမင်းစားဇွန်း သုံးဇွန်းစာ စားသုံးရုံနဲ့ အသည်းကင်ဆာ ဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှု
န်းေ လျှာ့ချနိုင်တယ်လို့ ဗန်ဒါဘစ် ဆေးတက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။ သင့်မှာ အသည်းရောင် ရောဂါ ဒါမှမဟုတ် မိသားစုမှာ အသည်းကင်ဆာရှိလို့ ရောဂါဖြစ်နိုင်ခြေ
များနေသူ ဖြ စ်နေ ရင်တောင် မြေပဲထောပတ် စားရုံနဲ့ အသည်းကင်ဆာ ဖြစ်နိုင်ခြေကို
လျှော့ချနိုင်ပါတယ်။ သူ့မှာ ပါဝင်တဲ့ အဆီတွေက ပျက်စီးနေတဲ့ အသည်းဆဲလ်တွေ
ကင်ဆာအဖြစ် မပြောင်းလဲနိုင်ခင်မှာ ပဲ ပြန်လည်ပြုပြင်နိုင်ပြီး ဗီတာမင် E က
မူမမှန်တဲ့ ဆဲလ်တွေကို ဖျက်စီးနိုင်တဲ့ မျိုးရိုးဗီဇ ဂျင်းတွေကို
လှုံ့ဆော်နိုင်လို့ပါ။ မြေပဲထောပတ် မကြိုက်ရင် ခွက်လေးပုံ တစ်ပုံစာ ဗာဒန်စေ့
စားနိုင်ပါတယ်။
၇။ အသည်း အဆီဖုံးရောဂါ ရှိနေရင်
အမေရိကန်လူမျိုး လေးယောက်မှာ
တစ်ယောက်နှုန်းနဲ့ အဝလွန်သူ ၇၅ ရာခိုင်နှုန်းကျော်မှာ အ သည်း အဆီဖုံးရောဂါ ရနေပြီး
အဲဒီရောဂါကို မကုသဘဲ ထားရင် အသည်းမှာ အမာရွတ် ဖြစ်ေ ပ်ါနိုင် ပါတယ်။ DHA နဲ့
အိုမီဂါ-၃ ဖက်တီးအက်စစ်ကို မှီဝဲရင် အသည်း အဆီဖုံးရောဂါ ပျောက်ကင်းနို င်ပြီး
ရေရှည်မှာ အသည်းပျက်စီးနိုင်ခြေ ၆၅ ရာခိုင်နှုန်း လျော့ကျနိုင်တယ်လို့
အော်ရီဂွန်စတိတ် တက္ကသိုလ်မှ တွေ့ရှိ ထားပါတယ်။
၈။ အသည်းကို ကာကွယ်နိုင်ဖို့အတွက်
အောက်ပါတို့ကို ရှောင်ကြဉ်ပါ
- ပါရာစီတမော ဆေးဝါး (အထူးသဖြင့်
အရက်သောက်နေစဉ်မှာ)
- ဗီတာမင် B3 ခေါ် နိုင်ရာစင်
- Valerian ဒြပ်ပေါင်း
ဒေါက်တာခင်မိုးမိုး
Good Health
No comments:
Post a Comment