Monday 19 August 2013

ငပိရည်



Myanmar Online News
Monday, August 19, 2013
အခုညနေ ၆နာရီMRTV4သတင်းမှာ ပြောသွားတာပါ စားသုံးသူများကာကွယ်ရေး အသင်းဥက္ကဌနဲ့လည်း interviewအတိုလေးပါ လွှင့်ပေးသွားပါတယ်...

သတင်းက မြန်မာပြည်အတွင်း တိုင်းရင်းသားတွေ နှစ်ချိုက်စွာ စားသုံးနေသော ငပိရေ ငပိရေကြို အားလုံး သည် ယူရီးယား ဓါတ်မြေသြဇာတွေ ပါဝင်နေတာကို စစ်ဆေးတွေ့ရှိကြောင်း ပြောသွား ပါတယ် ...

ကျွန်တော်တို့ တိုင်းရင်းသားလူမျိုး တော်တော်များများ ငပိရည်ကို တစ်ပါတ်မှာ ၄ / ၅ ရက်လောက် စားနေကြတာနော် ...

နည်းလမ်းအမှန် အန္တရာယ်ကင်းတဲ့ ငပိရည်ကျို သိပ်ရင် အနည်းဆုံး ၆ လမှ ၁ နှစ်အချိန်ယူရပါတယ်တဲ့ ယူရီးယား နဲ့ သိပ်ရင် ၂ လ ဆိုစားလို့ရပြီမို့ ပိုက်စံမြန်မြန်ရဖို့ ဈေးကွက်ငပိရည် အားလုံးဟာ ယူရီယားကင်ဆာ welcomeငပိရည်တွေ ဖြစ်နေတာ ပြောသွားပါတယ်။ သူတို့မိသားစု စားဘို့အတွက်တော့ no ယူရီးယားပါ...

တရုပ်ပြည်မှာလို သေဒဏ် နှစ်ရှည်ထောင်ဒဏ်မျိုး အပြစ်ပေး အရေးယူသင့်ကြောင်းလည်း ထည့်ပြောသွားပါတယ် ဒါတွေကြောင့် မြန်မာနိုင်ငံဟာ ဒုတိယ ကင်ဆာရောဂါ အဖြစ်ဆုံးနိုင်ငံ နေရာရသွားတာပါ။ ဝိသမလောဘသားတွေကို ထိထိ ရောက်ရောက် အရေးယူပေးဖို့ တောင်းဆိုအပ်ပါသည်...

Credit: နှင်းဆီဖူးလေးများ-Love BUDS

1 comment:

  1. ဝိသမစီးပွား​ရေး

    ReplyDelete