Friday, 16 August 2013

အလိုက်မသိတဲ့ဂျပန်



အနုတ် ၁၀၀၀ ဒီဂရီ စင်တီဂရိတ် အထိ အအေးဓါတ်ပေးနိုင်သော ရေခဲသေတ္တာ တမျိုးကို ဂျပန်တို့က တီထွင်လိုက်ကြသည်။

ဤ ရေခဲသေတ္တာ အထဲတွင် အကြာဆုံးနေနိုင်သူအား တိုရှီဘာ ကုပ္မဏီ ကို အလကားပေးမယ်ဟု ကြောငြာလိုက်၏။

ပထမဆုံးပြင်သစ်က မိမိအရင်ဝင်ထိုင်မည်ဟုပြော၏။

အမျိုးသမီးတဦးနဲ့ အရက် တစ်သေတ္တာ ပေးရန်လည်းတောင်းဆို၏။ ဂျပန်တို့ ကလည်းခွင့်ပြု၍ ပြင်သစ်လဲဝင်ထိုင်လိုက်၏။

အနုတ် ၂၀၀ ဒီဂရီတွင် တစ်မိနစ်မျှအောင် ပင် မထိုင်နိုင်ပဲပြန်ထွက်လာ၏။

နောက် ရှရုားလူမျိုးမှ လည်း ဗော်လ်ကာ အရက် နှင့်သိုး.ကင်တခု ယူဆောင်ကာ ၀င်ထိုင်လိုက်၏။

အနုတ်ဒီဂရီ ၃၀၀ ခန့်တွင် ရှရုားလူမျိုးလည်း မခံနိုင်တော့ပဲ ချက်ချင်းဆိုသလို အော်ဟစ်ပီး ထွက်လာပြန်၏။

တိုအခါ မြန်မာ ကိုယ်စားလှယ်မှ မြန်မာ့ဆက်သွယ်ရေးမှေ ရာင်းချပေးသော အင်တာနက်ဖုန်းတလုံးနှင့် လက်တော့ တစ်လုံးကိုကိုင်ကာ မိမိ ၀င်ထိုင်မည်ဟုပြော၏။

ဂျပန်တို့က လည်း အရက်ကောယူဦးမလားဟုမေး၏။

မြန်မာက.....နိုး။......ဟုပြောကာရေခဲသေတ္တာ ထဲဝင်ထိုင်လိုက်လေ၏။

အအေးဓါတ်ကို အနုတ် ၁၀၀၀ ဒီဂရီ စင်တီဂရိတ် အထိနှိမ့်ချလိုက်သည်။

၁-နာရီကြာသွား၏။ မြန်မာကားထွက်မလာ။ သို့နှင့် ဂျပန်အချင်း၂ ပြောကြ၏။

" ဒီမြန်မာတော့ ရေခဲပီး သေနေလောက်ပီ ထင်တယ်။ တံခါးဖွင့်ပီး သူ့ကို ထုတ်ကြရအောင်ဟေ့..." ..လို့ ဆိုပီး ဂျပန်တယောက်မှ တံခါးကို ဖွင့်လိုက်လေ၏။

ထိုအခါ ချွှေးတလုံး၂ ဖြင့် ရေခဲသေတ္တာ အတွင်းမှ ထွက်လာသောမြန်မာက ဂျပန်၏ ခေါင်းကို တယ်လီဖုန်းဖြင့်ထုလိုက်၏။

နုတ်မှလည်း......

" အင်တာနက်လိုင်းမမိလို့ ချွှေးပြန်နေရတဲ့ကြားထဲ ဒီကောင်က တံခါးကို လာဖွင့်နေရသေးတယ်။ အလိုက်ကန်းဆိုးလုံးဝ မသိတဲ့ အကောင်တဲ့..."

Myawady News

No comments:

Post a Comment